Tuesday, 19 February 2013

တောင်ကိုရီယား သမ္မတ ပတ်ဂွန်ဟေးဝန်ကြီး ၁ဝ ဦးအားခန့်အပ်




တောင်ကိုရီယား သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံထားရသော ပတ်ဂွန်ဟေးသည် သူမ၏ အစိုးရ အဖွဲ့သစ်အား ဖွဲ့စည်းရန် အတွက် ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် စီးပွားရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရသော ဒုတိယ ဝန်ကြီးချုပ်နှင့် အခြား ဝန်ကြီး ၁ဝ ဦးအား ရွေးချယ် ခဲ့ပါသည်။

ကိုရီးယား ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (KDI) အကြီးအကဲ Hyun Oh-seok အား စီးပွားရေး ဆိုင်ရာ ဒုတိယ ဝန်ကြီးချုပ် အဖြစ် လည်းကောင်း၊ မြောက်ကိုရီး ယား အရေး ကျွမ်းကျင်သူ Ryoo Kihl-jae အား တောင်/မြောက် ပေါင်းစည်းရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင် Kin Jeong-hoon အား အသစ် ဖွဲ့စည်းသော သိပ္ပံပညာနှင့် အနာဂတ် ဖန်တီးရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ Yoon Sang-jick အား ကုန်သွယ်ရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ Lee Dong-phil အား စိုက်ပျိုးရေး ဝန်ကြီးအဖြစ် လည်း ကောင်း၊ Chin Young အား သက်သာ ချောင်ချိရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ Yoon Seong-kyu အား သဘာဝ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးအဖြစ် လည်းကောင်း၊ Phang Ha-nam အား အလုပ်သမား ရေးရာ ဝန်ကြီးအဖြစ် လည်းကောင်း၊ Cho Yoon-sun အား ယောက်ျား/ မိန်းမ သာတူညီမျှ ရှိရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ Suh Seoung-hwan အား မြေယာ စီမံခန့်ခွဲရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ Yoon Jin-sook အား ပင်လယ်ရေကြောင်း စီမံ ခန့်ခွဲရေး ဝန်ကြီးအဖြစ် လည်းကောင်း အဆိုပြု ခဲ့ပါသည်။ ပတ်ဂွန်ဟေး အနေဖြင့် သမ္မတ တာဝန်အား ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အဆိုပြု ထားသော အမည်စာရင်း များအား ပါလီမန်၌ အတည်ပြု နိုင်ရေးအတွက် ကြားနာမှု ပြုလုပ်မည် ဖြစ်ပါသည်။

http://bit.ly/UBfQ3z

  မြ၀တီ

No comments:

Post a Comment