Monday, 18 February 2013

မျိုးဆက်သစ် မြန်မာဓာတ်ပုံဆရာတွေရဲ့ ရန်ကုန် ဓါတ်ပုံပွဲတော် ကျင်းပ


 Yangon Photo Festival ကိုရန်ကုန်မြို့ရှိပြင်သစ်ယဉ်ကျေးမှုဌာနတွင်ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အမှတ်ပေးပြီး ဆုပေးခဲ့ပါတယ်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ထက်နိုင်ဇော် ~

မျိုးဆက်သစ် မြန်မာဓါတ်ပုံဆရာများကို နိုင်ငံတကာတွင် ရင်ဘောင် တန်း ယှဉ်ပြိုင်နိုင်စေရန် လေ့ကျင့်ပေး လို သောရည်ရွယ်ချက်ဖြင့် ရန်ကုန်ဓါတ်ပုံပွဲတော်ကို ရန်ကုန်မြို့ ရှိ ပြင်သစ် ယဉ်ကျေးမှုသံရုံး ၌ ဖေဖော်ဝါရီလ ၁၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ 


ရန်ကုန်ဓါတ်ပုံပွဲတော်သည် ယခုနှစ်တွင် လွတ်လပ်ခြင်း၊ သာတူညီမျှခြင်း၊ညီရင်းအစ်ကိုကဲ့သို့ ခင်တွယ် 
ခြင်း ခေါင်းစဉ်ဖြင့် ငါးနှစ်မြောက်ကျင်းပသောပွဲတော်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဂျူရီဒိုင် အဖြစ် ဦးဆောင်အားပေးကူညီသည့် ပွဲတော်ဖြစ်ကြောင်း ပြင်သစ်ယဉ်ကျေးမှုသံအရာရှိက ပြောသည်။ 

''ပြင်သစ်ယဉ်ကျေးမှုသံရုံးနဲ့ ပြင်သစ်ဓါတ်ပုံဆရာ ခရက်စတိုဖီလိုဗီတို့က မြန်မာနိုင်ငံမှာဓါတ်ပုံပညာနဲ့ ပတ်သက်ပြီး အင်မတန်စိတ်ဝင်စားကြသလို ဓါတ်ပုံဦးစားပေးပြိုင်ပွဲတွေ နည်းပါးနေသေးတာကို သတိပြု မိတဲ့ အတွက် ပွဲတစ်ပွဲ စီစဉ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အဲဒါကတော့ ရန်ကုန်ဓါတ်ပုံပွဲတော်ပါပဲ"ဟု ပြင်သစ်ယဉ်ကျေးမှုသံအရာရှိက ပြောသည်။ ရန်ကုန် ဓါတ်ပုံ ပွဲတော်တွင် မှတ်တမ်းဓါတ်ပုံစာတန်းတို(Photo Eassy)ကား ၈၅ ကားဝင်ရောက်ပြသခဲ့ပြီး ၄င်းတို့ထဲမှ စကာတင် (၁၆) ကားရွှေးချယ်ကာ ၄င်းဓါတ်ပုံစာတန်းတိုများကို ပြင်သစ်သံရုံးယဉ်ကျေးမှုဋ္ဌာန မျက်ခင်းပြင် တွင်ပြသခဲ့သည်။ 

စကာတင်ရွှေးချယ်ခံရသော ၁၆ကားထဲတွင် ပါဝင်သော အဓိကမှတ်တမ်းဓါတ်ပုံများ မှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ်၊ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက် လာပုံမှ လွှတ်တော်ထဲအထိရောက်ရှိသွားပုံ အဆင့်ဆင့်၊ကချင်ပြသနာ၊ရခိုင်ကိစ္စနှင့် မြန့်မာ့ လူနေမှု ဘ၀ ပုံစံများကို အကြောင်းအရာခိုင်ခိုင်မာမာဖြင့် တင်ပြထားသောပုံများဖြစ်သည်။ 

ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူသုံးဦးကို Canonကင်မရာ တစ်လုံးစီနှင့် ဂျူရီဒိုင်လူကြီးအကြိုက် ဆုရရှိသူ ၂ ဦးမှာ ပြင်သစ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ပြီး ဓါတ်ပုံပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ရောက် ခွင့်ရရှိမည် ဖြစ်သည်။ 

''ဒီလိုပွဲမျိုးတွေရှိလာတဲ့အတွက် ကိုယ်မသိတဲ့နည်းလမ်းတစ်ခုကို သိခွင့်ရတယ်။အခုလို Photo Eassy မျိုး ကတော့ မြန်မာနိုင်ငံမှာရှိသင့်တယ်"ဟု မှတ်တမ်းဓါတ်ပုံစာတန်းတို ၀င်ပြိုင်ခဲ့သူ ကိုအောင်ပြည့် က ပြောသည်။ 


 ပွဲတော်ကျင်းပပေးခဲ့သည့် ၂၀၀၉ခုနှစ်မှ ၂၀၁၂ခုနှစ်များအတွင်း ပါဝင်ဆင်နွဲခဲ့သော ဓါတ်ပုံ ဆရာများ ရိုက်ကူး ထုတ်လုပ်ထားသည့် ဓါတ်ပုံစာတန်းတိုများကိုလည်း ကမ္ဘောဒီးယားမှ Photo Phnom Penh၊ ပြင်သစ်နိုင်ငံမှ VISA POUR L' IMAGEနှင့် LES RENCONTRES D' ARLES တို့ကဲ့သို့ နာမည်ကြီး ဓါတ်ပုံပြပွဲများတွင် ပြသလျက်ရှိကြောင်း သိရသည်။ 

ယခုနှစ် ရန်ကုန် ဓါတ်ပုံပွဲတော် ကို ပြင်သစ်ယဉ်ကျေးမှုဋ္ဌာနနှင့် နိုင်ငံတကာ မီဒီယာအကူအညီပေးရေး အဖွဲ့(IMS)တို့က ပူးပေါင်း စီစဉ်ဆောင်ရွက်ပြီး Canon၊Forever Group၊ FMI၊ ADVENTURE LINE တို့က ကူညီပံပိုးပေးခဲ့သည်။ 






No comments:

Post a Comment