Tuesday 26 February 2013

တောင်ကိုရီးယား သမ္မတ သစ် အဖြစ် ပတ်ဂွန်ဟေး ကျမ်းသစ္စာ ကျိန်ဆို



20130224000355_0ပြီးခဲ့ တဲ့ နှစ် ဒီဇင်ဘာလ အတွင်း က တောင်ကိုရီးယား သမ္မတ သစ် အဖြစ် အဖြစ်  ရွေးချယ်ခံရတဲ့
အသက် ၆၁ နှစ် အရွယ်   ပတ်(ခ)ဂွန် ဟေး ဟာ ဒီနေ့  မှာ တောင်ကိုရီးယား ရဲ့  သမ္မတ သစ် အဖြစ်
ကျမ်းသစ္စာ ကျိန် ဆို ပါတယ်။
သူ ဟာ တောင်ကိုရီးယား နိုင်ငံ ရဲ့  အမျိုး သမီး သမ္မ တ သစ် အဖြစ် လည်း ပထမ ဦးဆုံး
ကျမ်း သစ္စာ ကျိန်ဆို ခဲ့ တာ ဖြစ်ပါ တယ်။

ပတ်ဂွမ်ဟေးဟာ ၁၉၆၃ ခုနှစ် က နေ ၁၉၇၉ ခုနှစ် ထိ ၁၆ နှစ် တိုင် တောင် ကိုရီးယား နိုင်ငံ
ကို အုပ်ချုပ် သွား ခဲ့ တဲ့ အာဏာရှင် ပတ်(ခ) ချုံဟီး ရဲ့  သမီး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ် ရွေးကောက်
ပွဲ မှာ တောင်ကိုရီးယား ပြည်သူ တွေ ရဲ့  ဆန္ဒမဲ အများ စု နဲ့  ရွေးချယ် ခဲ့ တာ ဖြစ်ပါတယ်။
လွှတ်တော် အမတ် အဖြစ် လည်း လေးကြိမ် တာဝန် ထမ်းဆောင် ဖူး ခဲ့ တာ မို့  နိုင်ငံ
ရေး အတွေ အကြုံ ရှိ သူ တစ်ယောက် လို့  ဆို နိုင် ပေမယ့် အိမ်ထောင် မရှိ သူ ဖြစ်
တာ ကြောင့် မိသားစု စီမံ ခန့် ခွဲ မှု အတွေ့  အကြုံ မရှိ ရင် ၊ နိုင်ငံ ကို အုပ် ချုပ် နိုင်မှာ
မဟုတ် လို့  ဝေဖန် မှု ပြု ကြ တဲ့ အခါ ၊ ကျွန် မ မှ လင် သား သံ ယောဇဉ် ၊ သားသမီး
သံယောဇဉ် မရှိ တာ ကြောင့် ပြည်သူကို ပို ချစ် နိုင်ဖို့ အခွင့်အရေး အများ ကြီး ရခဲ့
တယ် လို့  သူ က တုံ့  ပြန် ပါတယ်။
သူ မ ရဲ့  သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန် ဆို မှု မိန့် ခွန်း မှာ နိုင်ငံလုံခြုံရေး ၊ အလုပ်အကိုင်
များ ပေါများ လာရေး ၊၀င် ငွေ နဲ့  ချမ်းသာ ကြွယ်ဝ မှု ကွားခြား ချက် ပြသနာ တွေ ကို အဓိ
ကထား ပြီး ဖြေရှင်း နိုင် ဖို့  သူက ပြောကြား ခဲ့ ပါတယ်။
ပြည်သူ တွေ ဟာ သူတို့  ရဲ့  အသက်မွေး ၀မ်းကျောင်း နဲ့  ပတ်သက် ပြီး စိုးရိမ်သောက အနည်း
ဆုံး ဖြစ်ဖို့  ၊ လူငယ် တွေ ဟာ ပျော်ပျော် ရွှင် နဲ့  အလုပ် သွား နိုင် ဖို့  ကို ကျွန်မ ဦးစားပေး
ဆောင်ရွက် ပါမယ် လို့  ပတ်ဂွမ်ဟေးက သမ္မတ အဖြစ်သူ့  ရဲ့  ကျမ်းသစ္စာ ကျိန် ဆို ပွဲ မိန့် ခွန်း မှာ
ပြောကြားခဲ့ ပါတယ်။
သူမ ဟာ ၁၈ ဦးမြောက် တောင်ကိုရီးယား သမ္မတ အဖြစ် ကျမ်း သစ္စာ ကျိန် ဆို ခဲ့ တာ ဖြစ်ပါတယ်။
ကိုရီးယား နှစ် နိုင်ငံ ပေါင်းစည်း နိုင်ဖို့  ကို မမှတ်မသုန် နဲ့  ဆက်လက် ချီတက် နေမှာ ဖြစ်ပြီး
မြောက်ကိုးရီးယား ရဲ့  ရန်လိုတဲ့ လုပ်ရပ် တွေ အတွက်တော့ သီးခံ မှာ မဟုတ်ဘူး လို့  မိန့် ခွန်း
မှာ ထည့် သွင်း ပြောကြား ပါတယ်။
ပတ်ဂွမ်ဟေး နှင့် လုပ်ကြံခံရသည့် သူ့  ဖခင် ပတ်ချုံ ဟီး
ပတ်ဂွမ်ဟေး နှင့် လုပ်ကြံခံရသည့် သူ့  ဖခင် ပတ်ချုံ ဟီး

FNG  News

No comments:

Post a Comment