Monday 25 February 2013

မိတ္ထီလာ ၊ ရွှေယမင်းစားသောက်ဆိုင်ရန်ပွဲကြောင့် အထိတ်တလန့်ဖြစ်ပွား


February 25, 2013



မိတီ်္ထလာမြို့၊ ကျီတော်ကုန်း ရပ်ကွက်၊ ရန်ကုန်-မန္တလေးကား လမ်း၊ ၀မ်းတော်ပြည့်ကျောင်း တိုက်အနီးရှိ ““ရွှေယမင်းစင်တင် တေးဂီတ””စားသောက်ဆိုင်တွင် ဖေဖော်ဝါရီ (၁၇)ရက်နေ့ည (၉) နာရီကျော်အချိန်က စားသောက် သူများနှင့် ဆိုင်ဝန်ထမ်းများ စကားများရန်ဖြစ်ကြရာမှ ခဲများ၊ တုတ်များ၊ ပုလင်းများဖြင့် အပြန် အလှန်တစ်နာကျော်ပစ်ပေါက် ကြသဖြင့် ရပ်ကွက်အတွင်း အထိတ်တလန့်ဖြစ်သွားပြီး ကား လမ်းမှာလည်း ခေတ္တပိတ်သွား၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်လူ ကြီးများရောက်ရှိလာကာ ထိန်း သိမ်းလူစုခွဲလိုက်ရသည့် ရန်ပွဲ တစ်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရန်ပွဲအပြီးတွင် နှစ်ဦးနှစ်ဖက် ရဲ စခန်းတွင် အပြန်အလှန်အမှုဖွင့် တိုင်ကြားသဖြင့် ရဲကအမှုဖွင့် အရေးယူစစ်ဆေးနေကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ရွှေယမင်းစား သောက်ဆိုင်တွင် ဆိုင်ပိုင်ရှင် ကိုထက်နိုင်စိုး(၂၇)နှစ် အခန်း တွင်းအိပ်နေစဉ် အပြင်မှတံခါးထု သံကြား၍ တံခါးဖွင့်ကြည့်ရာ ဆိုင်အနီးဝပ်ရှေ့မှ ကိုကျော်မျိုး သူ၊ ကိုခင်မောင်းဌေး၊ ကိုကျော် ဇင်ဦးက အိမ်တံခါးမှန်ကို လက် သီးဖြင့်ထိုးခွဲခဲ့သည်ဆို၏။ ထိုစဉ် မိခင်ဖြစ်သူ ဒေါ်ခင်မြနှင့် ၀န် ထမ်းများရောက်လာပြီး ရန်မဖြစ် ရန်တားရာ ကိုခင်မောင်ဌေးနှင့် ကိုဝင်းမောင်တို့က ဒေါ်ခင်မြ အား လက်ဖြင့်တွန်းလိုက်သည်ဆို ၏။ ထို့နောက် ကိုကျော်ဇင်ဦး၊ ကိုမျိုးကျော်သူတို့ကတုတ်များ ကိုင်ဆောင်၍ အခန်းထဲဝင်လာ ကြပြီး ကိုခင်မောင်ဌေး၊ ကိုဝင်း မောင်၊ ကိုသော်မျိုးထက်တို့က ခဲများဖြင့်ပစ်ပေါက်၍ တီဗီတစ် လုံး၊ အောက်စက်တစ်လုံးဖျက်စီး ၍ ဆိုင်းဘုတ်အလှဆင်မီးများကို လည်း ဖျက်ဆီးသွားကြသဖြင့် သုံးသိန်းကျော်ဖိုးဆုံးရှုံးပျက်စီး သွား၍ ဆိုင်အတွင်းဝင်ရောက် ဖျက်ဆီးသူ ကိုမျိုးကျော်သူ(ခ) တောက်တဲ့ (၃၀)နှစ် ကိုခင်မောင် ဌေး(ခ)ကတုံး(၃၀)နှစ်၊ ကိုကျော် ဇင်ဦး(ခ)ဂျပန်ကြီး(၁၈)နှစ်၊ ကိုသော်မျိုးထက်(ခ)အိုမက်(၂၁) နှစ်တို့အား အရေးယူပေးရန် ဆိုင်ရှင်ကိုထက်နိုင်စိုး(၂၇)နှစ်က တိုင်ကြားသဖြင့် အမှတ်(၂) ရဲစခန်းက (ပ)၄၅/၂၀၁၃ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၉၄/၃၂၃/ ၃၅၄ ဖြင့် အမှုဖွင့်အရေးယူထား သည်။

ရွှေယမင်းစားသောက်ဆိုင် ရန်ဖြစ်ရာတွင် ပါဝင်သည့် ကိုသော်မျိုးထက်(ခ)အိုမက်က လည်း ၎င်းနှင့်သူငယ်ချင်းများဖြစ် ကြသော ကိုကျော်ဇင်ဦး၊ ကိုမျိုး ကျော်သူ၊ ကိုဝင်းမောင်၊ ကိုခင် မောင်ဌေးတို့နှင့်အတူ ည(၉)နာရီ ကျော်တွင် ရွှေယမင်းစားသောက် ဆိုင်သို့ သွားရောက်စားသောက် ကြရာမှ ဆိုင်ဝန်ထမ်းများနှင့် စကားများရန်ဖြစ်ရာ ဆိုင်ဝန် ထမ်းများက မီးပိတ်ပြီး ၎င်းင်းတို့ လူစုအား ဓားဖြင့်ခုတ်၊ ခုံများဖြင့် ရိုက်၊ ပုလင်းများဖြင့် ပစ်ပေါက်ခံ ရသဖြင့် ကိုကျော်ဇင်ဦး၊ ကိုမျိုး ကျော်သူ၊ ကိုဝင်းမောင်၊ ကိုခင် မောင်ဌေး၊ ကိုသော်မျိုးထက်တို့ တွင် ဒဏ်ရာများရရှိကြသဖြင့် ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ထားရကြောင်း ကိုသော်မျိုး ထက်(ခ)အိုမက်က တရားလိုပြု လုပ်၍ ၎င်းတို့အား ရိုက်နှက်သူ ရွှေယမင်းစားသောက်ဆိုင်မှ ၀န် ထမ်းများဖြစ်ကြသော ကိုမင်းသူ (၂၂)နှစ်၊ ကိုကိုဇော်(၂၂)နှစ်၊ ကိုနေလင်းအောင် (၂၀)နှစ်၊ ကို အောင်တင်ဝင်း(၂၃)နှစ်၊ ကိုနိုင် မိုးဦး(၂၀)နှစ်၊ ကိုအောင်ဇင်ဖြိုး (၁၇)နှစ်၊ ကိုရဲလင်းအောင်(၁၇) နှစ်နှင့် ကိုမိုးနိုင်စိုး(၂၂)နှစ်တို့အား အရေးယူပေးရန် အမှတ်(၂)ရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားရာ ရဲစခန်း(ပ)၄၄/၂၀၁၃ ပုဒ်မ ၂၉၄/၃၂၅/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားသည်။
ဖေဖော်ဝါရီလ (၁၈)ရက် နေ့ကစပြီးဒေသဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းက ““ရွှေယမင်း စားသောက်ဆိုင်အား ပိတ်ထား လိုက်ကြောင်းသိရသည်။

The Hot News တင်လှိုင်(မိတ္ထီလာ)

No comments:

Post a Comment