Friday 1 February 2013

စုဧကရီရဲ့ ပြည်တော်ပြန်





 အေးအေးမြမြ ဆောင်းရဲ့ နှင်းမိုးတွေ

ရွာခဲ့တဲ့ ကိုရီးယားနှင့်ဟာဝိုင်ယီခရီးသို့ အသွား

အမိမြေရဲ့ သူရဲကောင်း ကြီးအလား

ဆုမိုးတွေရွာခဲ့တဲ့ ဖြူဖြူစင်စင်ရိုးသားလှတဲ့

နှလုံးသားမိခင်ကြီးစုဧက၇ီရဲ့ 

အမြင့်မားဆုံးဆု တွေယူခဲ့တဲ့

ရွှေရောင် အသဲနှလုံးပိုင်ရှင်

ပြည်သူ့ အသဲပန်း

အမေ့ မျက်နှာကလည်း

ပြည်အ၀င်မှာသူရဲကောင်းကြီးပမာ ..

ချစ်ပြည်သူများကြိုဆိုကြမှာမနည်းပေါ့

တည်ကြည်အေးမြလှတဲ့

အမျိုးသားခေါင်းဆာင်

အဆင့်မြင့်ဒေါက်တာဘွဲ့ ဆုတွေယူခဲ့တဲ့

ချစ်မေမေပေါ့။

စုမေမေကဟာဝိုင်ယီနဲ့ 


ကိုရီးယားအာရှမြေပေါ်မှာ

မြန်မာဟေ့ လို့ ဇာတိမာန်ကို

သမိုင်းစာမျက်နှာထိုးပြီး

ငြိမ်းချမ်းရေးဆုတွေယူခဲ့တဲ့

အာရုံဦးရဲ့  မာတာမိခင်ကြီးပေါ့။

လောကကိုဖန်တီးဖို့ 

အတိတ်သမိုင်း နဲ့ 

အပြောင်းအလဲကို နှိုးထဖို့

အမြင်သစ်တွေဦးဆောင်ပေးမယ့်

အာရုံ ဦး ငှက်ကလေးတွေ တေးဆို ဖို့

မြန်မာပြည်သူလူထုရဲ့

မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့

ဆုတွေနဲ့ အတူ

စုမေမေ ပြန်လာခဲ့ပြီပေါ့..။


မော်ကွန်းဝင် စစ်သူကြီးတဦးအလား

အောင်သပြေခက်နဲ့ 

အဖြေထွက်နေတဲ့

အောင်ပန်းကိုပန်

အောင်ဆုတွေနဲ့ အတူ


အောင်မြေကိုနင်းကာ

အလှတရားသစ္စာတွေ နဲ့ 

ဒီမိုကရေစီကို

ဆင်မြန်းပေးတော့မယ့်

သင့်ရဲ့ ခေါင်းဆောင်

သင့်ရှေ့ ကို

ရောက်လို့ လာခဲ့ပြီပေါ့။

အနာဂတ်ကို အမှန်တကယ်

ဖန်ဆင်းတော့မယ်

သင်မြန်မာပြည်သားမှန်ရင်

လက်မောင်းကိုပင့်

အားမာန်ဝင့် အမေ "စု" ကို ကြိုရန်

အသင့်ပြင်ထားပေးပါ။

ယုံကြည်မျှော်လင့်တယ်ဆိုရင်

အမိမြေကို ငြိမ်းချမ်းစေလိုတယ်ဆိုရင်.....

လက်ခုပ်မြိုင်မြိုင်တီးလိုက်ကြစို့

လက်ချင်းခိုင်ခိုင် တွဲလိုက်ကြစို့

သစ္စာသွေးသောက် ရဲရဲတောက်ကြပါစို့......။

ဘေးပြောတာကို မယုံနဲ့ ...

သွေးပြောတာကို ပဲယုံ......

ဒို့သွေးသားမို့ ဒို့ယုံကြည်...အောင်ဆန်းသွေးမို့ ဒို့ယုံသည် .....။ အမေဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော အမေရိကမှ အဆင့်မြင့် ဆုံး ဆုများ အား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ဂုဏ်ကိုယ်စား ဆုလက်ခံရယူအပြီး တိုင်းသိပြည်သိ ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းရး ဆုတံဆိပ်များ၊ရယူကာတန်းဘိုးကြီး
တဲ့ ရှေ့ ဆောင်လမ်းပြကြယ်ဖြစ်ကြောင့် မိမိတို့ ၏အနာဂါတ်ကို ယုံကြည်မူများဖြင့် လှပစွာ
တည်ဆောက်ကြရင်း တစ်အိမ်တစ်ယောက်ထွက်ခါ ရန်ကုန်လေဆိပ်မှ စပြီးလမ်းတစ်လျှောက် လုံးစည်စည်ကားကားမိမိတတ်နိုင်ရာအဖွဲ့ အစည်းများမှဦးဆောင်ပြီး ပြည်အ၀င်လှပစေဖို့ ကျွန်တော်တို့ မြန်မာပြည်က ပြည်သူပြည်သားများသောင်းသောင်း
ဖျဖျကြို ဆိုစေ့ချင်လို့  အမျိုးသားရေးစိတ်ဓါတ်ဖြင့် ထမ်မံတင်ပြလိုက်ပါတယ်။ ။

ကိုထွန်းဝေ
လေးစားစွာဖြင့်မျှဝေပါတယ်.
ဓါတ်ပုံများ အောင်ဆန်းစုကြည်ကိုရီးယား ကော်မတီမှရယူခဲ့ပါတယ်။






No comments:

Post a Comment