မင်းကိုနိုင်နှင့်ပြုံးချိုတို့၏ အော်စလိုမြို့ဒုတိယနေ့အစီအစဉ်.
နော်ဝေနိုင်ငံ အော်စလိုမြို့သို့ရောက်ရှိနေကြသည့် ၈၈မျိုးဆက် ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်နှင့်ပြုံးချိုတို့သည် ဖေဖော်ဝါရီလ၊(၁၈)ရက်က နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် လည်းကောင်း၊ နော်ဝေဂျင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လည်းကောင်း၊ အောစလိုတက္ကသိုလ်ပါမောက္ခချုပ်နှင့်လည်းကောင်းတွေ့ဆုံခဲ့ကြပြီး
မွန်းလွဲပိုင်းတွင် ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်က
အော်စလိုတက္ကသိုလ်၌ Analysis of current political development and students
role in the past and in the future ခေါင်းစဉ်ဖြင့်
ဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် Norwegian Broadcasting(NRK)
နှင့်တွေ့ဆုံမေးမြန်းမှုကို NRK စတူဒီယို တွင်ပြုလုပ်ခဲ့ကြပြီး အခြားသော
သတင်းဌာနများနှင့်လည်းတွေ့ဆုံမေးမြန်းမှုများကို လက်ခံပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
88 Generation Students
No comments:
Post a Comment