Tuesday 22 January 2013

အမေရိကန်တွေရဲ့ tweets အားလုံးကို စုဆောင်းနေတဲ့ Library of Congress



အမေရိကန်မှ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ဖြစ်တဲ့ Library of Congress ဟာ စာအုပ်အများဆုံး စုဆောင်းထားရုံမျှမက အမေရိကန်လူမျိုးတွေရဲ့ ဘီလီယံချီရှိတဲ့ twitter စာများကို စုဆောင်းလျက်ရှိပြီး အမေရိကန်သမိုင်းရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ Twitter နဲ့ Library of Congress တို့ ၂၀၁၀ ခုနှစ် ဧပြီလထဲမှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး twitter စတင်ခဲ့တဲ့ ၂၀၀၆ ကစပြီး ပြည်သူများရေးပို့ခဲ့တဲ့ Tweets များကို စုဆောင်းခွင့်ပေးခဲ့ပါတယ်။ စုဆောင်းထားတဲ့ tweet ထဲမှာ twitter တည်ထောင်သူတဦးဖြစ်တဲ့ Jack Dorsey ရဲ့ ပထမဆုံးရေးပို့တဲ့စာ နဲ့ သမ္မတအိုဘားမား ၂၀၀၈ ရွေးကောက်ပွဲအနိုင်ရခဲ့စဉ် twitter နဲ့ ရေးပို့ခဲ့တဲ့ သမိုင်းဝင်စာ "We just made history. All of this happened because you gave your time, talent and passion. All of this happened because of you. Thanks," တို့လည်း ပါဝင်ပါတယ်။

အမေရိကန်လူမျိုးများဟာ ၂၀၁၁ ခုနှစ်မှာ နေ့စဉ် tweets ပေါင်း ၁၄၀ သန်း ရေးပို့ရာမှ ၂၀၁၂ ခုနှစ်မှာ သန်း ၄၀၀ နေ့စဉ်ရေးပို့ နေကြပါတယ်။ Library of Congress ရဲ့ tweets စုဆောင်းမှုများကို ကိုရိုရာဒိုပြည်နယ်မှ Grip, Inc. က တာဝန်ယူ သိမ်းဆည်းထားပေးပြီး လက်ရှိမှာ ဒေတာစုဆောင်းဖို့ 133000 GB နေရာပေးထားပါတယ်။ ဒါပေမဲ့ သိမ်းဆည်းထားတဲ့ ယခုလိုအလွန်ကြီးမားတဲ့ ဒေတာများကို ရယူကြည့်ရှုနိုင်ဖို့က နည်းပညာပိုင်းအရ လွန်စွာခက်ခဲသေးကြောင်း သိရပါတယ်။ ဥပမာ- ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ tweets များကို ရှာဖွေဖို့ အချိန် ၂၄ နာရီခန့် ကြာမြင့်ကြောင်း သိရပါတယ်။
(Ref; Channel News Asia, Jan 21, 2013, http://tinyurl.com/byqvgge)

  Myanmar1

No comments:

Post a Comment