Friday 4 January 2013

MPT မှ ဂုတ်သွေးစုပ်ခရိုနီကြီးများခင်ဗျား....။



ဖုန်းကဒ်တွေကိုပဲ မတန်တဆဈေးတွေနဲ့ နင်းကန်ရောင်းမနေပါနဲ့အုံး။ services အတွက် အမှန်တကယ်လိုအပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ၀န်ဆောင်မှုအပြည့်ပေးနိုင်အောင် ကြိုးစားပေးပါအုံး။

၁) ဖုန်းပိတ်ထားတဲ့အချိန် (သို့) ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့အချိန်တွေမှာ ၀င်ထားတဲ့အ၀င်ကော (Incoming call) တွေကို ဖုန်းပြန်ဖွင့်တဲ့အချိန်နဲ့ ဖုန်းလိုင်းမိတဲ့အချိန်တွေမှာ notification အနေနဲ့ ပြန်ကြည့်လို့ရနိုင်တဲ့ ၀န်ဆောင်မှု။ (များသောအားဖြင့် ရန်ကုန်ကျော်ရင် လိုင်းမမိတာက များနေတဲ့အတွက် အမှန်တကယ်လိုအပ်ပါတယ်)

၂) ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို Second call အနေနဲ့ လက်ခံပြောဆိုလို့ရနိုင်တဲ့ (Call waiting) ၀န်ဆောင်မှု။ ဒါမှမဟုတ် ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို ဖုန်းပြောပြီးတဲ့အချိန်မှာ miss call အနေနဲ့ notification ပြန်လုပ်ပေးတဲ့ ၀န်ဆောင်မှု။

၃) message ပို့ရင် delivery report ကို on ထားတဲ့အခါမှာ တဖက်လူက လက်ခံရရ/မရရ၊ ဖုန်းပိတ်ထားရင်တောင်မှ ပေးပို့ပြီးပါပြီ (delivered) လို့ လိမ်ညာဖြေကြားမှု။ (နိုင်ငံတကာမှာ အရေးကြီးအကြောင်းအရာတွေကို short message အသုံးပြုပြီးပို့ကြသလို တဖက်လူကကျိန်းသေလက်ခံရရှိတယ်ဆိုတာကို ဖုန်းထဲက delivery report ကိုကြည့်ပြီး အမှတ်အသားပြုကြပါတယ်။ ဖုန်းပိတ်ထားရင်တောင်မှ ဖုန်းဖွင့်ပြီး message ကိုဖတ်တဲ့အချိန်မှ delivered ဆိုတဲ့ delivery report ကို ပြပါတယ်။ )

၎) message ပို့လိုက်တဲ့အခါမှာ ပို့တဲ့ဖုန်းထဲကထွက်သွားပြီး ပိုက်ဆံဖြတ်သွားပေမယ့် တဖက်လက်ခံတဲ့ဖုန်းထဲကို မရောက်ရှိဘဲ လမ်းမှာတင်ပျောက်ပြီး ပိုက်ဆံလိမ်လည်ဖြတ်တောက်မှု။

၅) တခါတရံ မနက်ကပို့တဲ့ message ဟာ ညနေမှ လက်ခံတဲ့ဖုန်းထဲကို ၀င်ရောက်လာမှု။ (အရေးကြီးတဲ့အကြောင်းအရာကို message အနေနဲ့ပို့ရင် ဘယ်အချိန်ကပို့ပါတယ်ဆိုပြီး ပို့တဲ့အချိန်ပါထည့်ထည့်ရေးပေးနေရပါတယ်။)


အထက်ပါဝန်ဆောင်မှုတွေကို နိုင်ငံတကာမှာ ကလေးမုန့်ဖိုးလောက်နဲ့ ၀ယ်လို့ရနိုင်တဲ့ ဖုန်းဆင်းကဒ်တခုဝယ်သုံးရင် ပိုက်ဆံထပ်မပေးရဘဲ ၀န်ဆောင်ပေးနေပါတယ်။ နိုင်ငံတကာစံနှုန်းနှင့်အညီ လို့ တွင်တွင်ဆိုနေကြသူများ ဒါလေးတွေကိုလည်း နိုင်ငံတကာစံနှုန်းညီအောင် ကြိုးစားပေးကြပါအုံး။

မူရင်း   Mg Pala

No comments:

Post a Comment