Tuesday, 8 January 2013

Kirin ဘီယာ မြန်မာပြည် ၀င်ဖို့ စဉ်းစားနေ


အာရှတိုက်မှာ အကြီးဆုံး ဘီယာ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Kirin Holdings ကုမ္ပဏီဟာ မြန်မာနိုင်ငံက ဘီယာဈေးကွက်တွင်း ၀င်ရောက်ဖို့ စဉ်းစားနေပါပြီ။ 


 ဓာတ်ပုံ- brisbanetimes.com
ကနဦးအနေနဲ့ သူ့ရဲ့ အဓိက အိချိဘန် ရှိဘိုရိ(Ichiban Shibori) ဆိုတဲ့ ဘီယာတံဆိပ်ကို ဖြန့်ချီမယ်လို့ ဆိုပါတယ်။ 


ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်လာတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကြီးထွားလာတာနဲ့အမျှ ဘီယာသောက် သုံး သူတွေလည်း ကျယ်ပြန့်လာမယ်လို့ မျှော်လင့်တာကြောင့် Kirin ဘီယာ ဟာ မြန်မာနိုင်ငံမှာ ဦးစားပေး ဈေးကွက် တခုအနေနဲ့ ရှု့မြင်တာ ဖြစ်တယ်လို့ သတင်းရင်းမြစ် တခုကို ကိုးကားပြီး The Daily Yomiuri ဂျပန်သတင်းစာ တစောင်က ဖော်ပြထားပါတယ်။ 

Kirin ဘီယာ ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်က ဖိလစ်ပိုင် ဘီယာဈေးကွက်ကို ၀င်ရောက်ခဲ့သလို ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေကို လည်း အောင်မြင်စွာ ဈေးကွက်ထိုးဖောက်နိုင်ခဲ့တာပါ။ 

Kirin ကုမ္ပဏီက မြန်မာနိုင်ငံက ဘီယာဈေးကွက်မှာ အောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ်။ Kirin ဘီယာဟာ နိုင်ငံတကာ မှာလည်း နာမည်ကြီးတဲ့ တံဆိပ်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

No comments:

Post a Comment