Tuesday 22 January 2013

အင်းလေးက အသိမ်းခံ လယ်ယာမြေ ပြန်တောင်းပြီ


ceff4 38 300x200 အင်းလေးက အသိမ်းခံ လယ်ယာမြေ ပြန်တောင်းပြီ
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေး အရှေ့ဘက်ကမ်းမှာ လယ်ယာမြေတွေ မတရား သိမ်းယူပြီးဆောက်လုပ် နေတဲ့ ဟိုတယ်ဇုံ စီမံကိန်းကို ပြောင်းရွှေ့ဆောက်လုပ်ဖို့နဲ့ မြေ နေရာတွေကို ပြန်လည် ပေးအပ်ဖို့ အင်းလေးဒေသခံတွေက တောင်းဆို လိုက်ပါတယ်။ ဒီမြေ နေရာတွေ ကို အုပ်ချုပ်ရေး အာဏာပိုင်တွေ ၊ စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ကုမ္မဏီတွေက အတင်းအဓမ္မ သိမ်းယူခဲ့တာ ဖြစ်သလို သိမ်းယူထားတဲ့ မြေဧက ၆၀၀ ကျော်ထဲမှာ ၃၀၀ ကျော်ကသာသနာပိုင် မြေဖြစ်တယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း အဲဒီမြေ နေရာတွေမှာ ဟိုတယ်ဇုံ စီမံကိန်းတွေ ချမှတ်ပြီးစတင်လုပ်ကိုင် လာပြီ ဖြစ်တဲ့အပြင် စီမံကိန်းနဲ့ အင်းလေးကန်ဟာ အလွန် နီးကပ်နေတဲ့ အပေါ်မှာလည်း သမ္မတကြီး
အင်းလေးကန် လာစဉ်က ပြောဆိုခဲ့တာနဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေနဲ့ အင်းလေးဒေသ ကျေးရွာလူထုတွေ စုပေါင်းပြီး နိုင်ငံတော်သမ္မတ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစီစစ်ရေးကောင်မရှင်နဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို စတင်ထားတယ်လို့သိရပါတယ်။
 

No comments:

Post a Comment