လောကဓမ္မတာ ဖြစ်ပျက်နေလို့ 
စနစ်ဆိုးကိုတဲ့ အံတုနေ
တီတီတာတာ ဒေါ်စုစကားက
မှတ်သားဖွယ်များ စုံလှတယ်။
နိုင်ငံကောင်းအောင်ကြံဆသူမို့ 
ချစ်သူများက ၀ိုင်းဝိုင်းလည်။
အုံ့ဆိုင်းနေတဲ့လွမ်းမျက်ရည်က
ဒီပုံလေးနဲ့ ကြည်နူးမယ်
အရပ်လေးမျက်နှာ
မျှော်ကာကြည့်ရင်
လက်တကမ်းသာလိုတော့တယ်
လွမ်းညို့တွေကဆို့နေပေါ့လို့ 
ရောင်နီဦးကြီးကြိုလိမ့် မယ်
အောင်ပွဲတွေရယ် ကြွေးကြော်ရင်းနဲ့
ခေါင်းလောင်းသံများကြားရမည်။
သွေးရင်းမို့ လေ
ကန်တော့ရင်းနဲ့ 
အချိန်တိုင်းတမ်းတနေရတယ်။
အောင်ပွဲဆီ...သွားမည်။
မင်္ဂလာပါ
မေမေစုပုံ က ဟောင်းနေပေမယ့် အနှစ်တရာ ကောင်းနေဆဲပါ ။
ကိုထွန်းဝေ
7.1.2012

No comments:
Post a Comment