Monday, 7 January 2013

မြန်မာနဲ့ တခြားနိုင်ငံတွေဆက်ဆံမှုကို တရုတ်သတင်းစာက သတိပေး


Burma-Newselite, Dec 6, 2012
ဂျပန်၊ အနောက်နိုင်ငံတွေ၊ India နဲ့ မြန်မာတို့ နီးနီးကပ်ကပ် ဆက်ဆံလာနေတဲ့အချက်ဟာ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သြဇာလွှမ်းမိုးနိုင်ပြီး တရုတ်ရဲ့ အရှေ့တောင်အာရှဒေသ ဗျူဟာဝန်းကျင်ကို ထိခိုက်စေတယ်လို့ တရုတ်အစိုးရသတင်းစာမှာ ဒီကနေ့ ရေးသားလိုက် ပါတယ်။

မြန်မာနဲ့ အနောက်နိုင်ငံတွေ လုံးထွေးဆက်ဆံနေတဲ့ အဖြစ်ကို
ထောက်ပြထားသလို ဂျပန် ဒုဝန်ကြီးချုပ်က အကြွေး ဒေါ်လာ ဘီလီယံပေါင်း ၅.၇၄ ကို ချေလိုက်မှာဖြစ်ပြီး နောက်ထပ် ဘီလီယံ ၅၀ ထပ်ချေးအုန်းမယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံခ၇ီးအတွင်း ပြောဆိုလိုက်တာဟာ တရုတ်နိုင်ငံကို ပစ်မှတ်ထားလုပ်ဆောင်တယ်လို့ ယူဆနိုင်တဲ့ အကြောင်း တရုတ် နေ့စဉ်ထုတ် Global Times အစိုးရသတင်းစာမှာ ရေးပါတယ်။

ဒါ့အပြင် အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေ အန်တိုနီက ဒီလကုန်ပိုင်း နေပြည်တော်ကိုလာဖို့ ရှိပြီး စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ တရုတ်ရဲ့ မဟာဗျူဟာတွေကို တန်ပြန်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ လုပ်နေကြောင်း၊ တရုတ်နိုင်ငံရဲ့ အိမ်နောက်ဖေးမှာ မီးဝိုင်းနေပြီး တရုတ်ကို ဆန့်ကျင်တဲ့ စုစည်းမှုတွေ
့မြန်မာနိုင်ငံမှာ စတင်နေပြီဆိုတဲ့ လေ့လာစမ်းစစ်သူတွေ အပြောတွေ ရှိနေကြောင်း ရေးသားထားပါတယ်။

အခုအချိန်မှာ တရုတ်ဟာ မြန်မာမှာ အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ကုန်သွယ်တဲ့ နေရာမှာလည်း ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂ဦး၂ဘက် အကျိုးစီးပွား အကျိုးအမြတ်နဲ့ ဗျူဟာတူညီမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ တရုတ်နယ်စပ်အနီးဖြစ်ပေါ်နေတဲ့ ကချင်နဲ့စစ်ပွဲအပေါ်မှာ စိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း ထဲ့သွင်းဖော်ပြထားပါတယ်။ နယ်စပ်တိုက်ပွဲတွေဟာ တရုတ်မြန်မာနယ်စပ်တည်ငြိမ်ရေးကို အန္တရာယ်ပြုနေတဲ့အတွက် တရုတ်အနေနဲ့ မြန်မာပြည်တွင်းရေး
့ပြဿနာတွေကို ဒီထက်ပိုပြီး ၀င်ရောက်ကူညီဖြေရှင်းပေးသင့်တယ်လို့
ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ m

ှSource; Global Daily, Rediff, 12/6/2012
(ဒီသတင်းကို ကြိုက်သလောက် ရှယ်ကြပါ။ ကော်ပီလုပ်ပြီး ပြန်တင်တာမျိုး မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။)

No comments:

Post a Comment