စုခရီးစဉ်အဖော်ပြုလို့ 
မေမေစုတစ်ယာက် ခရီးထွက်ပြီ ။
ဟာဝိုင်ရီကိုအဖော်ပြုလို့ 
ဒိုခေါင်းဆောင်ကြီးရင်မော့ပြီ။
တီတီတာတာသူ့ စကားက
ပြည်သူများက လေးစားတယ်။
တုနှိုင်းမမှီတဲ့ ဒီခေါင်းဆောင်မို့ 
ပြည်သူ့ ရတနာလို့ တင်စားချင်။
ဇာနီသွေးတည် မော်ကွန်းတည်ဘို့ 
ငွေသော်တာရောင်ခြည်ထွန်းလင်းမည်။
အမေ့ အပြုံးတွေရယ်အေးမြလွန်းလို့ 
အဖြူရောင်နှလုံးသာဒီမိခင်။
ဟာဝိုင်အီခရီးစဉ်အောင်မြင်လွန်းလို့ 
ကမ္ဘာအပြင်ကိုတဲ့ ရောက်အုံးမယ်။
ပန်းမြိုင်လယ်က ဥယျာဉ်မှူး လို့ 
ကျနော်မျိုးက ဦးညွှတ်နေ။
မော်ကွန်းဝင်မယ့်စစ်သူကြီးမို့ 
ဟာဝိုင်ရီပန်း လှမ်းဆွတ်မယ်။
သူရဲကောင်းအမေနှလုံးသားလှလို့ 
ပြည်သူများက ဆီးလို့ ကြို ...
ငြိမ်းချမ်းရေးဆုတွေယူနေအုံးမယ့်
အာရုံဦးရဲ့  မာတာမိခင်..။။
အောင်ပွဲဆီသွားမည်..
ဆုတွေနဲ့ ပြုံးမည်..။
လေးစားချစ်ခင်လျက်
ကိုထွန်းဝေ
24.1.2013
ဓါတ်ပုံလေးတက်လာလို့ ရင်ထဲကခံစားချက်အတိုင်းရေးလိုက်ရပါတယ်
မျှဝေပေးပါတယ်။
ဓါတ်ပုံ NLD


No comments:
Post a Comment