ဦးသန်းရွှေရဲ့
လက်ရင်းလူယုံတော် ခရိုနီ အကြီးစား ၊ထူး လုပ်ငန်း ပိုင်ရှင် ဦးတေဇဟာဆိုရင်
မြန်မာ ပြည်အနှံ့မှာ သူ စီးပွါးရေး လုပ်ငန်ူးတွေ လက်ညှိုးထိုး မလွဲအောင်
ရှိနေတာပါ။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး
ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး သူ တည်ထောင်
အုတ်မြစ်ချ ပေးခဲ့သော လက်ရှိ နိုင်ငံရေး အခြေအနေများကို မျက်ကွယ်ပြု
မထားကြောင်း၊
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံကို စနစ်တကျ စီမံခန့်ခွဲပေးခဲ့ပြီးပြီ ဖြစ်သည့်အတွက် စိတ်ချမ်းသာနေပြီ ဖြစ်ကြောင်း၊
ယခုစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးမှာ လက်ရှိ တာဝန်ယူနေသူများက ကြိုးပမ်း ရမည်ဖြစ်ကြောင်း၊
ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက်
လည်ပတ် လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ
ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆို လိုက်သည်ကို ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆
ရက်နေ့က သီးသန့်တွေ့ဆုံ အင်တာဗျူးစဉ် ထုတ်ဖော်ပြောကြားကြောင်း ဖတ်ရတယ်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကမူ
မိမိတို့ အစိုးရသစ်သည် လွှတ်တော် (၂)ရပ်နှင့်အတူ လွတ်လပ်စွာ
လှုပ်ရှားဆောင်ရွက်နေကြောင်း နိုင်ငံ တကာသို့ ထုတ်ဖော် နေစဉ် ဒီမိုကရေစီ
လှုပ်ရှားသူများက တော့ အရှိန်အဟုန်မပျက် ဒီမိုကရေစီ
လမ်းကြောင်းပေါ်ရောက်ရန် တော်လှန် ချီတက် လျှက်ရှိပါတယ်။
လူလိမ်၊ စစ်သူခိုး၊ ဓားပြ၊ လူသတ်ကောင် ဦးသန်းရွှေ၊ ဦးမောင်အေး တို့နှင့် တရားဝင် စကားပြောရန် အကြောင်း မရှိဟု ယူဆကြတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့က ရံပုံငွေတွေရှာပြီး ပညာရေး ၊ ကျန်းမာရေး ကူညီမှု ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ မြင်ရတယ်။
ရံပုံငွေ ရှာတဲ့ နေရာမှာ နိုင်ငံရေး
အကျဉ်းသားဟောင်း တဦးရဲ့ ၈စ်တာကို သိန်း ချီပြီး ရောင်းချခဲ့ရသလို၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူမကိုယ်တိုင် ထိုးထားတဲ့ ဆွယ်တာ(၂)ထည်ကို ကို
သိန်း ၄၅၀ ၀န်းကျင်နဲ့ တထည်၊ သိန်း ၆၀၀ကျော် နဲ့ တထည် ရောင်းချရတာ
မြင်သိကြားရတယ်။
နောက် ဇေကမ္ဘာ ခင်ရွှေတို့ ၊ မက်ဇော်ဇော်တို့၊ ထူးတေဇတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူမှုရေး လုပ်ငန်းတွေမှာ ငွေလှူတာ မြင်ရတယ်။
ခရိုနီတွေဆီက ကပ်ဖား ၊ရပ်ဖား လှူတာကို
လက်ခံရပါ့မလားဆိုပြီး ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ ဝေဖန်ချက်တွေလဲ
အတိုက်အခံခေါ် နိုင်ငံရေး နယ်မြေထဲက ပြည်တွင်း ပြည်ပ မကျန် ဘ၀ဂ် ညံအောင်
အပြစ်တင်မှုတွေ ပေါ်ထွက်နေတယ်။
ပြည်ပ လေလှိုင်း တွေမှာ ခရိုနီ စစ်သူခိုး၊
ဓားပြ၊ လူလိမ်၊ လူရမ်းကာ "စီးပွါးရေး စူဇကာ" တွေကို ဘယ်လို လုပ်သင့်သလဲ
ဆိုတာ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ သတင်းဌာနတွေက ပညာရှင်တွေ၊ ရင်ဖွင့်
ချင်သူ မြန်မာ နိုင်ငံသားတွေနဲ့  ထုတ်ဖော် ဆွေးနွေး ထုတ်လွှင့်နေကြတယ်။
နအဖ အမည်ပြောင်း အစိုးရသစ်ဘက်ကတော့
ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ ရရှိခဲ့တဲ့ (၁၉၉၁-ခုနှစ်က) နိုဘယ်ဆုကြေးငွေ
အပေါ်က အခွန် မဆောင်ဘူးလို့ ကြံ့ဖွံ့ ကိုယ်စားလှယ် တဦးက
ဝေဖန်ခဲ့ဖူးတာကလွဲရင် လက်ရှိ လူမှုရေး ရံပုံငွေ ရှာဖွေမှုအပေါ်
အသံတိတ်နေပါတယ်။
ဒါက စွန့် လွှတ်ပေးလှူတဲ့ အပိုင်းပါ။
ရယူခြင်းဘက် ပြန်ကြည့်ရင် အစိုးရ ၀န်ကြီးတွေ
လာဘ်စားတာ၊ နိုင်ငံ ဘဏ္ဍာ အလွဲသုံးစား လုပ်တာ၊ ခိုးဝှက်ကြတာကို
နှစ်ပေါင်း(၅၀) နီးပါး ပြောခွင့် ပိတ်ပင်တားဆီး နိုင်ခဲ့ပေမယ့် ဒီနေ
့ခေတ်မှာတော့ မတရားမြေသိမ်းတာ၊ စစ်ဗိုလ်ချုပ်တွေက သားသမီး ဆွေမျိုးတွေ
အမည်နဲ့ ပြောင်းလဲ ပိုင်ဆိုင်ကြတာ ဖွင့်ဟ ဖော်ထုတ် ပြောဆိုနေကြပါပြီ။
“လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ဥက္ကဌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
” ဒု သမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းနဲ့ ၉- ဦးပါ “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး
ကော်မတီ” ဖွဲ့စည်းပြီးလို့ ရက်ပိုင်း မကြာမှာ စတင် စစ်ဆေး ဖော်ထုတ်တဲ့
အမှုကတော့ -ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်း အမည်နဲ့ ၂၀၁၃ ဇန်န၀ါရီ (၁၆)
ရက်နေ့ တွင် ဘဏ်အကောင့် စာရင်းနံပါတ်။- ၀၃ ၄၁၁၁၀၀၀၄၅၄၅ ကို-
ဦးသိန်းဝင်းဆိုသူက ကုဋေ ၃၀၀၄ ကျပ်( ၃၀၀ ၄၅ ၄၀၀ ၀၀-ကျပ်)နဲ့ ကုဋေ ၂၀၀၃
ကျပ် (၂၀၀ ၃၀၀ ၄၀၀ ၀၀ -ကျပ်) စသည်ဖြင့် နှစ်ကြိမ် ငွေလွှဲပို တဲ့ အမှု
ဖြစ်ပါတယ်။
ကမ္ဘောဇ ဘဏ် ငွေလွှဲလက်မှတ် ဓါတ်ပုံ
အထောက်အထားနဲ့ အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စကို
ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းနဲ့ လူ(၅၀) ကိုသံသယမှုနဲ့ နေပြည်တော်မှာ
ခေါ်ယူ စစ်ဆေးနေတာတွေ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ -အစိုးရ ဒုဝန်ကြီး
ဦးရဲထွဋ်က သတင်းထုတ်ပြန် ၀န်ခံနေရရှာတယ်။
ဆက်သွယ်ရေး ငွေဝင်ပေါက်ကြီးကို ယခင်က
ဝန်ကြီးချုပ်ပြုတ် ခင်ညွန့်က သူ့ သား ရဲနိုင်ဝင်းကို ထိုင်းနိုင်ငံ
အစိုးရ ဆီက ဘတ်သန်း (၆၀၀) ချေးပြီး ထိုင်းဝန်ကြီးချုပ်ပြုတ် သက်ဆင်
ရှင်နာဝပ် ဆီက လုပ်ငန်းသုံး ပစ္စည်းတွေ ၀ယ်ကာ (ပုဂံ ဆိုက်ဘာတက်ခ် လုပ်ငန်း
တိုးချဲ့ ထူထောင်ပြီး ) ကွန်ပြူတာ အင်တာနက်လောကကို လက်ဝါးကြီး အုပ်ဖို့
ဖန်တီးခဲ့ဖူးတယ်။
လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသည့်နေ့ကး ဦးခင်ညွန့် နှင့် ဇနီးဒေါက်တာ ဒေါ်ခင်ဝင်းရွှေအား သတင်းထောက်များနှင့် အတူ
အဲဒီချေးငွေတွေ ခင်ညွန့် တို့
သားအဖ(ကိုယ်ပိုင်စီးပွါးရေးအတွက် လုပ်တာ ဖြစ်လို့ ) ပေးရန် တာဝန်
သူတို့မှာ တာဝန် ရှိတာမို့ လက်ရှိ ဦးသိန်းစိန် အစိုးရက ပြန်မဆပ်လို့
ထိုင်း ၀န်ကြီးပြုတ် တပ်ဆင် ရှင်နာဝပ် တယောက် နေပြည်တော်ကို အခေါက်ခေါက်
အခါခါ လာနေတာ လဲ မြင်နေရတယ်။
အဲဒီ စားကွက်ကို သန်းရွှေတို့ ၊မောင်အေးတို့က
ခွင်လုရာကနေ ဦးခင်ညွန့် တယောက် ၂၀၀၄ ခုနှစ်အောက်တိုဘာလမှာ
မြန်မာနိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစားမှု၊ အာဏာ အလွဲသုံးစား ပြုမှု တို
့ဖြင့် ဆိုင်းငံ့ထောင်ဒဏ် နှစ်၄၀ အချမှတ်ခံရကာ ၀န်ကြီးချုပ်ဘ၀ကနေ
ထောင်နန်းစံ ၀န်ကြီးပြုတ် ဘ၀ သို့ ပြောင်းခဲ့ရပြီး
သမိုင်းရေစီးကြောင်းမှာသူခိုးအကြီးစားအဖြစ် မှတ်တမ်း ၀င်ခဲ့ရတယ်။
နိုင်ငံဘဏ္ဍာကိုခိုးဝှက်တာ ၊ လာဘ်စားတာဟာ
သွားရှာလေသူ နိုင်ငံတော် လူသတ်ကောင်၊ သူခိုး အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီး
ဦးနေ၀င်းက စတင် အုဋ်မြစ်ချခဲ့ပြီး အကောင်အထည် ဖော်ခဲ့တာ လူတိုင်း အသိပါ။
အဲဒီ မွဲဆေးလုံး အမွေဆိုး အပင်ကြီးဟာ သန်းရွှေ၊ မောင်အေးနဲ့ ခင်ညွန့် တို့
လက်ထက်မှာ ပိုမိုကြီးထွားအောင် ရေလောင်းပေါင်းသင် မြေသြဇာကျွေးပြီး အဆ
မတန်ကြီးထွားအောင် လုပ်ခဲ့ကြတယ်။
တိုင်းပြည် စိးပွါးရေး လုပ်ငန်း (၆၀)
ရာခိုင်နှုန်းကျော်ကို တပ်မတော် ထောက်ပန့် ရေး အမည်တပ်ထားတဲ့
ဦးပိုင်ကုမ္မဏီ အမည်တပ်ပြီး မြက်မြက်လေး စားရမယ့် စီးပွါးရေး လုပ်ငန်းတွေ
မှန်သမျှ စစ်ဗိုလ်ချုပ်၊ စစ်ဗိုလ်အုပ်၊ စစ်ဗိုလ်ခုတ်တို့ မတရား
သိမ်းပိုက်ခဲ့ကြတယ်။ စစ်တပ်ဟာ နိုင်ငံ ၀န်ထမ်း ဖြစ်တာမို့ (စစ်တပ်
ထောက်ပန့် ရေး အကြောင်းပြ လုပ်ငန်း) ဦးပိုင် စီးပွါးရေး လုပ်ကွက်တွေ
နိုင်ငံပိုင် အောက် ပြန်သွင်းပြီး စစ်သားတွေကိုနိုငငံတော်က ၀န်ထမ်း
စည်းကမ်းအတိုင်း လစာငွေ ပေးဖို့ လွှတ်တော်မှာ တင်ပြ လာတတွေလဲ ရှိလာတယ်။
အာဏာနဲ့ မတရားမှု မျန်သမျှကို
ဖုံးအုပ် တဲ့တာတွေဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ၀င်ရောက်သွားတဲ့
အချိန်ကစပြီး အတော်အသင့် သတင်းလွတ်လပ်ခွင့်၊ ပြောဆိုခွင့်တွေ ရလာတဲ့
အချိန်မှာတော့ မတရားမှု တချို့  ဖုံးမရအောင် ပေါ်ထွက်လာခဲ့ပါပြီ။
ဦးသန်းရွှေရဲ့ လက်ရင်းလူယုံတော်
ခရိုနီ အကြိးစား ၊ထူး လုပ်ငန်း ပိုင်ရှင် ဦးတေဇဟာဆိုရင် မြန်မာ
ပြည်အနှံ့မှာ သူ စီးပွါးရေး လုပ်ငန်ူးတွေ လက်ညှိုးထိုး မလွဲအောင်
ရှိနေတာပါ။ အပန်းဖြေ ပင်ယ်ကမ်းခြေတွေမှာ ဟိုတယ် များစွာ ပိုင်သလို၊
လေကြောင်းလိုင်း ၊ ရေကြောင်းလိုင်း၊ သတ္တု တူေးဖ်ာရေး၊
ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ ဘယ်လောက် ပိုင်တယ်ဆိုတာ ကြံ့ဖွံ့ ပါတီက
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက " အမေရိကန် အစိုးရက မြန်မာ
့ကျောက်မျက်ရတနာတွေအပေါ် ပိတ်ဆို့ ထားမှု ဖြေလျှာ့ပေးဖို့ ဦးတေဇ
မြန်မာနိုင်ငံ ကျောက်ရတနာ အသင်းဥက္ကဌ နေရာကနေ နှုတ်ထွက်ပေးဖို့ အမျိုးသား
လွှတ်တော်မှာ ဇန်န၀ါရီ အတွင်း အဆိုတင်သွင်းခဲ့ပါတယ် " ။
ရက်ပိုင်း မကြာမီမှာပဲ ၂၄။ ၁။ ၂၀၁၃ မှာတော့
ဦးတေဇ တယောက် ကျောက်မျက် အသင်း ဥက္ကဌနေရာကနေ နှုတ်ထွက် စာ တင်သွားတာ
သတင်းတွေ ပလူပျံ ခဲ့ပါပြီ။
ထူး-တေဇ ဟာ
ဘယ်လောက်ချမ်းသာနေပြီဆိုတာပြောဖို့ ခက်ပေမယ့် ဘယ်လောက် ဦးသန်းရွှေက
လုပ်ကိုင်ခွင့်တွေ ပေးထားတယ် ဆိုတာတော့ မျက်မြင် သိရှိသူတွေက
သတင်းဌာတွေကို ထုတ်ဖော် ၀န်ခံနေပါပြီ။
ထူးတေဇဟာ မြေဧက ၄၀၀ ကျော် ကျောက်စိမ်းတွင်း
ကိုပိုင်ဆိုင်ထားသူဖြစ်ပြီး မြန်မာနိုင်ငံမှာ ဧက ထောင်ချီတဲ့
ကျောက်စိမ်းတွင်းတွေ ၊ မိုးကုတ်က ကတ္တမြား တူးဖော်ခွင့်တွေ အပါအ၀င်
တွင်းပေါင်း (၇၀၀) ကျော် လောက်ရှိကြောင်း ကြံဖွံ့ ကိုယ်စားလှယ် ဦးလှဆွေက
ထုတ်ဖော်ပြောဆိုပါတယ်။
ထူးတေဇ ကျောက်မျက်အသင်း ဥက္ကဌ
ဖြစ်လာပြီးတဲ့ နောက်မှာ ကျောက်မျက်လုပ်ငန်ူးရှင်တိုင်းကို အသင်းဝင်ကြေး
တသိန်းနဲ့ နှစ်စဉ်ကြေး သုံးသောင်း မဖြစ်မေနေ ပေးသွင်းဖို့လည်း
လုပ်ဆောင်ခဲ့တယ်လို့ ကျောက်မျက် အသင်းဝင်တဦးက ထုတ်ဖော် ပါတယ်။
လူသတ်ကောင်၊ သူခိုး အာဏာရှင်ကြီး
ဗိုလ်ချုပ်ကြီး ဦးနေ၀င်း လက်ထက်ကတော့ သတ္တုတွင်း ၀န်ကြီးဌာန
ကျောက်မျက်ရတနာ လုပ်ငန်း မှာ သူ့ တူ။ညီ ဆွေမျိုးသားချင်း
ပေါက်ခေါင်းသားတွေကို ခန့်ထားပြီး အပျောက်ရိုက်သင့်တာ အပျောက်ရိုက်၊
ပေါ်တင်ယူသင့်တာ ပေါ်တင်ယူပြီး နိုင်ငံခြားမှာဖွင့်ထားတဲ့ ဦးနေ၀င်းပိုင်
ရတနာ ဆိုင်တွေမှာ ရောင်းချ မောင်ပိုင်စီးခဲ့တာပါ။
ဒီကိစ္စကို အင်အယ်လ်ဒီ ဥက္ကဌဟောင်း ဦးတင်ဦးသိပါတယ်။
တချိန်မှာတော့ သူ အပါတ်စဉ် ထုတ်လွှင့်နေတဲ့
အာအက်ဖ်အေ သတင်းဌာနရဲ့ ပြည့်သူ့ ဘက်က ဗိုလ်ချုပ်ကြီး တဦး ဟောပြောချက်မှာ
ထုတ်ဖော် ပြောဆိုမယ်လို့ မျှော်လင့်မိပါတယ်။
ဝန်ကြီးချုပ်ပြုတ် ခင်ညွန့်နှင့် "အာဏာရှင် ပြည်ဖျက် လက်မရွံ့  စစ်သူုခိုး စနစ် အုတ်မြစ်ချပေးခဲ့သူ ဦးနေ၀င်း"
ဝန်ကြီးချုပ်ပြုတ် ခင်ညွန့် ကတော့ ဦးနေ၀င်း
တပည့် မွေးစားသား လက်ရင်း တပည့် လူယုံတော်အဖြစ် နှစ်ပေါင်းများစွာ
ပြည်တွင်းက ကျောက်မျက်တွေ ပြည်ပ ထုတ်တဲ့နေရာမှာ ကူညီ အကောင်အထည်ဖော်
လုပ်ဆောင်ပေးခဲ့တာမို့ ဘယ်အမျိုးအစား ကျောက်မျက်တွေ ဂျာမနီကဆိုင်
ဘယ်လောက်ပို့တယ်၊ ဆွစ်ဇာလန် ဘဏ်မှာ ဘယ်လောက် အပ်ထားတယ်ဆိုတာ အသေးစိတ်
ပိုသိနိုင်ပါမယ်။
အင်အယ်လ်ဒီက ဗိုလ်ချုပ်ကြီးဟောင်း
တင်ဦးတို့၊ ၀န်ကြီးချုပ်ပြုတ် ဗိုလ်ချုပ်ကြီး ခင်ညွန့် တို့ သက်ရှိ
ထင်ရှား ရှိနေစဉ်မှာ သက်ဆိုင်ရာ အာဏာ ပိုင်တွေ၊ လုပ်ခွင့် ရှိသူတွေက
စစ်ဆေး မှတ်တမ်းတင်ကာ နိုင်ငံ ငွေတွေ နိုင်ငံတော် ပိုင် ပြန် လုပ်သင့်တယ်။
ဒီလို မလုပ်ရင် တိုင်း ပြည်ဖျက် တရားခံ
စာရင်းမှာ ဘီအက်စ်အိုင်တို့ ၊ ထောက်လှမ်း ရေးတို့ ပါ အလိုတူ အလိုပါ
သူခိုးစာရင်းထဲ ထည့်ရမှာ ဖြစ်တယ်။
ပြည့်ဘဏ္ဍာကိုယ့်ဟာမှတ်ပါလို့
အရှက်မရှိမရှိခိုးကြ ၀ှက်ကြတာဟာ (ခြုံထဲမှာ နွားခိုး သတ်တာ ၊ လူမသိပေမယ့်
နတ်သိကြား သိတယ်) ဆိုတဲ့ စကားပုံလို တိုးတက်လာတဲ့ အင်တာနက်
စွမ်းအားကြောင့် အမှန်တာ လုပ်သမျှ၊ ခိုးဝှက် သမှ "ဘူးပေါ် သလို "ပေါ်ထွက်လာ
နေပါပြီ။
” ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ၉ ဦးပါ “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ခင်ဗျ။
မြန်မာပြည်ဂုဏ်သိက္ခာကို ကယ်တင်မည်ဆိုလျှင်
တိတိကျ မှန်မှန်ကန်ကန် မြန်မြန်မြန် ဆန်ဆန် ဆောင်ရွက်မည် ဆိုပါက
သူခိုးများ ရှိနိုင်သည့် နေရာကို ဖော်ထုတ် ရေးသားထားတဲ့ ကဗျာလေး တာဝန်သိ
မြန်မာပြည်သားတဦး အနေနဲ့ လက်ဆောင်ပေးပါရစေ။
" သူခိုးဖမ်းပါ
လမ်းကြားမှာလား၊
ပန်ကာ အောက်တွင်- ထိုင်နေသည် "
ဖိုးသောကြာ -ထောင်ထွက် နိုင်ငံရေးဒုက္ခသည်
----------------------------------------------------------
စာကြွင်း------
စာရေး ဆရာ၊ သတင်းစာဆရာကြီး ဦးဝင်းတင် စကားနဲ့ ဤဆောင်းပါးကို "ကလျာနဲ့ -သေနာ" ဟု သုံးလိုက်ပါသည် ။
"ကလျာနဲ့ -သေနာ" ဆိုတဲ့ စကားလုံး အဓိပ္ပါယ်
ကို ဦးဝင်းတင် ရှင်းပြတာက "ကျွန်တော် အင်းစိန်ထောင်မှာ အကျဉ်းကျနေစဉ်
အင်္ဂလိပ် စာစောင် တစ်ခု ဖတ်ရတယ်။
The lady and The General ဆိုတဲ့ အမည်နဲ့ ပါ။
အဲဒီအထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့  တချိန်က
ဝန်ကြီးချုပ်လည်းဖြစ်၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှုးချုပ်လည်း
ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန် တို့ အကြောင်း ရေးသား ထားတာဖြစ်တယ်။
ဖတ်ပြီးတော့ ဘာသာ ပြန်ကြည့်တယ်။
ခေါင်းစဉ်ကို လူတိုင်း နားလည်အောင် ကြိုးစားတော့ ဒေါ်အောင် ဆန်းစုကြည်က
လူတိုင်းချစ်တဲ့ အမျိုးသမီးဆိုတော့ The lady ကို (ကလျာ) လို့
အမည်ပေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် ကတော့ စစ်တပ်ဘက်က စစ်သေနာ
ပတိချုပ်လို့ ပြောရင် ရတာမို့ စစ်သေနာ ပတိချုပ်ရဲ့ အတိုကောက် The General
ကို (သေနာ) လို့ အမည်ပေးလိုက်တယ်။
အဲသလို အမည်ပေးတာ လူတိုင်းလည်း နားလည်ပြ၊ီး လူတိုင်းလည်း လက်ခံမှာပါ။
ဒီတော့ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်ဟာ
"ကလျာနဲ့ -သေနာ" တို့ နိုင်ငံရေး လုပ်ဆောင်နေမှုလို့ ပြောချင်ပါတယ် "
အာအက်ဖ်အေမှာ ၆။၁၂။၂၀၁၂ နေ့ ကထုတ်လွှင့်သွားခဲ့ပါတယ်။
by Myat Thi Ha on Monday, January 28, 2013 at 8:03am ·
ဖိုးသောကြာ --၂၉ -၁ -၂၀၁၃
No comments:
Post a Comment