Thursday 24 January 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစတင်







အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားခရီးစဉ်အား ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက စတင်ထွက်ခွာသွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဟိုနိုလူလူ မြို့၌ ဟာဝိုင်ယီပြည်နယ် အုပ်ချုပ် ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများ နှင့် သီးခြားစီတွေ့ဆုံခြင်း၊ ရိုထရီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Rotary Pe- ace Fourm) သို့တက်ရောက်မိန့်ခွန်း ပြောကြားခြင်းနှင့် ဟာဝိုင်ယီငြိမ်း ချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူခြင်းတို့ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ဇန်န၀ါရီလ ၂၉ ရက် တွင်တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ ၌တောင်ကိုရီးယားသမ္မတလီမြောင် ဘတ်နှင့်သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသော မစ္စ ပက် ဂွန်းဟေးတို့အား တွေ့ဆုံသွားမည်ဖြစ် ကြောင်းလည်း သိရသည်။

Eleven Media Group










No comments:

Post a Comment