Friday, 18 January 2013

တိုက်ဂါးဝု နဲ့  ချစ်သူလေး တောင်းဆိုချက်က ..ခေသူမဟုတ်

ကမ္ဘာကျော် ဂေါက်သီးသမား တိုက်ဂါးဝု (Tiger Woods) က ၂၀၁၀ ခုနှစ်မှာ အိမ်ထောင်ရေးပြဿနာကြောင့် သူနဲ့ကွာရှင်းခဲ့တဲ့ ယခင်ဇနီးဟောင်း ဆွီဒင်မော်ဒယ် Elin Nordegren ကို ပြန်လည်လက်ထပ်ဖို့ ဒေါ်လာ သန်း ၂၀၀ နှင့် ကမ်းလှမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ ဇနီးဟောင်း Elin က ယခုတဖန် ပြန်လည်လက်ထပ်မယ်ဆိုရင် လက်ထပ်စာချုပ်ထဲမှာ "အခြားသူနဲ့ ဖောက်ပြန်ခြင်း မပြုရန်" အဓိပ္ပါယ်သက်ရောက်တဲ့ စာကြောင်းတခုကို ရေးထည့်ပေးဖို့နှင့် အကယ်၍ စာချုပ်ပါစည်းမျဉ်းကို ချိုးဖောက်ခဲ့ပါက လျော်ကြေးငွေ ဒေါ်လာသန်း ၃၅၀ ပါပေးဆောင်မှသာ တိုက်ဂါးဝုနဲ့ ပြန်လည်လက်ထပ်ဖို့ စဉ်းစားပေးမယ်လို့ ပြန်ကြားလိုက်ပါတယ်။

တိုက်ဂါးဝုမှ Elin ရဲ့တောင်းဆိုချက်ကို ငြင်းဆိုမှု လုံးဝမရှိဘဲ စာချုပ်ချုပ်ရန်နဲ့ လက်ထပ်ဖို့ရက်တခုရွေးဖို့ အဆင်သင့်ရှိကြောင်း၊ ဒါ့အပြင် နောက်တကြိမ် မဖောက်ပြန်တော့ဘူးလို့ ကျိန်ဆိုခဲ့ကြောင်း The National Enquirer သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ကလေးငယ် ၂ ဦး Samantha (၅နှစ်) နဲ့ Charlie (၃နှစ်) တို့က အမေဖြစ်သူ Elin နဲ့အတူ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။
MYANMAR 1

No comments:

Post a Comment