Monday 21 January 2013

ဦးအုန်းကြိုင်ပြောတာကို ခံစားပြီးအကြိမ်ကြိမ် နားထောင်ပါ

ဦးအုန်းကြိုင်ပြောတာကို ကျနော် အကြိမ်ကြိမ် နားထောင်ပြီး သေချာမှ တင်ပေးလိုက်ပါတယ် ။ ဦးအုန်းကြိုင်ပြောတာ အလွန်ကို မပါပါဘူး ။ သူရှင်းပြတာ ခရိုနီပိုင် လုပ်ငန်းအချို့ ရဲ့ ပညာရေး ရန်ပုံငွေပွဲ ရယူခြင်းဟာ " သွေးလိုတဲ့သူ နဲ့ သွေးလှူတဲ့သူ" လိုပါပဲတဲ့

ခင်ဗျားတို့ ပေးမှာလားဆိုတာ ... ပြည်သူတွေ ၊ သတင်းထောက်တွေကို ရည်ညွှန်းခြင်း မဟုတ်ဘူး ၊ ဝေဖန်ရေး ဂွင်ဖန်ရေးလုပ်နေသူများကို ပြန်မေးချင်ပါတယ်လို့ အသံဖိုင်မှာ ပြတ်သားကြည်လင်စွာ ကြားနိုင်ပါတယ် ။

အချိန် ၂ မိနစ်လောက်ရှိရင် သေချာနားထောင်ပေးပါ ။ ဦးအုန်းကြိုင် ပြောတာ ဒေါ်စု ပြောတာလောက် နားဝင်ချိုချင်မှ ချိုမယ် ။ Diplomacy ရှိချင်မှ ရှိမယ် ။ ဒါပေမယ့် အပိုအလိုမရှိ ဒဲ့ဖြေသွားတာပါ ။ ဖားရိုက်တာ ကို ကျားကိုက်တယ်လို့တော့ စကားတွေ မကားကြပါနဲ့ ....

RFA သတင်းပြောသူကတော့ အရက်မူးနေလား မသိဘူး ၊ သန်း ၅၀၀ တဲ့ ။ သိန်း ၅၀၀၀ ပေါ့ ။ ဟုတ်ရဲ့လားဗျာ ၊ သေချာပြန်စစ်ဆေးလိုက်ပါအုံး ။

( ကျေးဇူးပြုပြီး အဖြစ်မှန်ကို ဖဘပရိသတ် သိရှိနိုင်အောင် ရှယ်ပေးကြပါ။
မူရင်း အဂ္ဂမဟာမင်းကြီးဖက်တီး

No comments:

Post a Comment