Sunday 27 January 2013

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဲကန္တာရထဲကို အပါယူသွားချင်တဲ့ သီချင်းများ


( ထားထားမြင့် Burma-Newselite )
ဗြိတိသျှ ရေဒီယို အစီအစဉ်တွေထဲက သက်တမ်းအရှည်ကြာဆုံး အစီအစဉ်တခုဖြစ်တဲ့ BBC ရေဒီယို ၄ လိုင်းရဲ့ Desert Island Discs တေးဂီတအစီအစဉ် ကနေ မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
စိတ်ကြိက်ေ၇ွးချယ်မှု သီချင်းတွေ အခု တနင်္ဂနွေနေ့မှာ တင်ဆက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ အပတ်စဉ် နာမည်ကြီးထင်ရှားတဲ့  ဧည့်သည်တဦးက သူတို့ ဟာ သဲကန္တာရထဲလို အထီးကျန်တဲ့ နေရာမျိုးကို သွားခဲ့ရရင် သူတို့ နဲ့ အတူအပါယူသွားချင်တဲ့ သီချင်းရှစ်ပုဒ် ။
စာအုပ်တအုပ်နဲ့ ဇိမ်ခံပစ္စည်းးတခုတို့ ကို
ရွေးချယ်ပေးရတဲ့ အစီအစဉ်ဖြစ် ပြီး သူတို့ ဘာကြောင့် 
အဲဒါတွေကိုေ၇ွးချယ်ရသလဲဆိုတာ ဘ၀အတွေ့ အကြုံနဲ့ ပြောပြတဲ့ ဘီဘီစီရေဒီယိုရဲ့ လူကြိုက်များတဲ့ အစီအစဉ်တခုဖြစ်ပါတယ်။

ဒီအစီအစဉ်ကို တင်ဆက်တဲ့ Kirsty Young ကတော့ ဒီအစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ တဲ့  အခါတုန်းက စိတ်လှပ်ရှားမှုကြောင့် အစီအစဉ် ဒေါ်အောင်ဆန်းစုကြည်ရွေးပေးရမယ့် သီချင်း ရှစ်ပုဒ်ကိုတောင်မေ့နေလို့  သူရဲ့ အစိအစဉ်ထုတ်လုပ်သူက သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သူရဲ့ ရေဒီယို အစီအစဉ်တင်ဆက်သူ သက်တမ်းတယောက်မှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး
သူ့ စိတ်ကို အလှုပ်ရှားနှိုင်ဆုံး ဧည့်သည်ဟာ ဗြိတိသျှဘုရင်မကြီးဘဲ ရှိတယ်လို့ Young ကပြောပါတယ်။

"ဒီအတွေ့ အကြုံကတော့
ပျော်လွန်းစိတ်လှုပ်ရှားစရာကောင်းလွန်းလို့  အိမ်မက်မက်နေသလိုပါဘဲ ။ဒေါ်စုကို ဘယ်သီချင်းတွေကို ကျမ သိမ်းထားရမယ်ဆိုတာတောင် မေးဖို့ မေ့နေခဲ့ပါတယ်"လို့  Young က ပြောပါတယ်။

၂၀၁၀ခုနှစ်မှာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်လာတဲ့
ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီရဲ့ အဲဒိရေဒီယို အစီအစဉ်ကို အောက်စဖို့ မှာရှိနေတုန်းက သူမ သားဖြစ်သူ
အလက်ဇန်ဒရားနဲ့ အတူနားထောင်ခဲ့ တာကို အမှတ်ရနေကြာင်း မနှစ်က နိုဘယ်ဆုကော်မတီကို သွားရောက်စဉ်မိန့်ခွန်းပြောရာမှာ ထည့် သွင်းပြောဆိုခဲ့ပါတယ်။

အဲဒိလို သူတိုရဲ့ Desert Island Discs ရေဒီယိုအစီအစဉ်ကို ဒေါ်စုက ရည်ညွန်းပြောတာကို ကြားလိုက်ရချိန်မှာ လေထဲကို
မြှောက်တက်မတတ် ခံစားမိခဲ့ တယ်လို့  Young က ဆိုပါတယ်။

အဲဒိနောက်မှာတော့ ရေဒီယို ၄ အစီအစဉ် အကြီးအကဲ Gwyneth Williams က ဒေါ်အောင်ဆန်းစုကြည်ကို အဲဒိရေဒိယိုအစီအစဉ်မှာ ပါဝင်မလားလို့ စာနဲ့ ဆက်သွယ်တောင်းဆိုကမ်းလှမ်းခဲ့ ပါတယ်။

ဒေါ်စုကိုနှစ်ကြိမ်သုံးကြိမ်ဖုန်းနဲ့ ဆက်မေးမြန်းခဲ့ ပြီးပေမယ့်  သူရဲ့ ရှေ့ တည့်တည့်မှာထိုင်ပြီး အသံဖမ်းစက်ကို ဆင်တဲ့အထိ ကျမကိုကျမ မယုံနိုင်ခဲ့ ပါဘူး။
ကျမမှာ သူကို့ မေးဖို့ အတွက် စိတ်လှုပ်ရှားရတာ စာမေးပွဲဖြေနေရသလိုပါဘဲ။ အခန်းထဲကို ဒေါ်အောင်ဆန်းစုကြည်ဝင်လာပြီးထိုင်တဲ့ အချိန်အထိ အဲဒါတကယ်ပါလားဆိုတာ မယုံနိုင်သေးဘူး လို့ Young က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ ဆုံရတဲ့ အတွေ့ အကြုံကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
Desert Island Discsအစီအစဉ် အတွက် သူ့ ဖြတ်သန်းရတဲ့  စိတ်ရောကိုယ်ပါ ခံစားခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့ အကြုံတွေကို
ပြောပြခဲ့ တယ်လို့  Young ကရှင်းပြပါတယ်။

ဒါတွေကို ပြန်ပြောရတာ သူ့အတွက်တော့ စိတ်ထိခိုက်စရာပါပေါ့လေ။ ဒါပေမဲ့ သူ စိတ်ထိခိုက်တာ ကိုယ်ရေးကိုယ်တာခံစားမှုတွေကို ဘေးဖယ်ထားပြီး ကျမကိုပြောပြခဲ့ ပါတယ်။ တကယ်တော့ လောကကြီးမှာ သာမန်လူတွေထက် မြင့် မြတ်သူတွေ အများကြီးရှိပါတယ်။
သူဟာ ငရဲလို အပူတွေကို ဖြတ်သန်းလာခဲ့ ရတာတောင်မှ ဟာသဥာဏ်ရွှင်ပြီး သိပ်ကို ထက်မြက်တဲ့ အမျိုးသမီးပါဘဲ။ တကယ့်ကို ရှာမှရှားပါဘဲရှင်။

Young ရဲ့ ပြောကြားမှုအရ ဒီအစီအစဉ်အတွက်
ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်ခဲ့ တဲ့သီချင်းတွေဟာ သူငယ်စဉ်ကလေးဘ၀နဲ့ သူ့ရဲ သားသမီးတွေနဲ့ ပတ်သက်ပြီး
မိသားစုဘ၀နဲ့ ဆိုင်တဲ့ သီချင်းတွေလို့ သိရပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပိန်ပိန်သွယ်သွယ် နုနုနယ်နယ်ပုံပေါက်ပေမယ့်
တကယ်ကို ကျက်သရေနဲ့ ပြည့်စုံတဲ
အမျိုးသမီးတဦးပဲလို့ နေပြည်တော်မှာ ဒေါ်စုနဲ့ တွေ့ ဆုံခဲ့တဲ့ 
Young က ပြောပါတယ်။

နေပြည်တော်ကို သူတို့ အဖွဲ့ ရောက်သွားတော့ ဒေါ်စုရဲ့
့လက်ထောက်တွေက ကြိုဆိုနေရာချပေးပြီးနောက်
Young တို့ တတွေက သူတို့ ရဲ့ အသံသွင်းစက်တွေကို
နေရာချတပ်ဆင်ခဲ့ ပါတယ်။

နာရီဝက်လောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတာပါဘဲ။ သူဟာတကယ့်ကိုနွေးနွေးထွေးထွေးနဲ့ ဘာဟိတ်ဟန်မှ မရှိပါဘူးလို့ လည်း သူတွေ့ ဆုံခဲ့ရတဲ့  ဒေါ်စုရဲ့ ရုပ်ပုံလွှာကို Young
ကပုံဖော်ပြပါတယ်။

"ဒီအမျိုးသမီးဟာ တကယ့် ကို ဘ၀မှာအခက်အခဲတွေကို
ရင်ဆိုင်ဖြတ်သန်းခံရတဲ့ သူပါ ။ ဒါပေမဲ့ ပန်းဘဲဖိုက ဒါးတလက်လို အဲဒိလို မီးထိုးခံရလေ ပိုမာကျောထက်မြက်လာလေပါဘဲ။
သူ့ မှာကိုယ်ပိုင် ချင့်ချိန်တတ်တဲ့  သံမဏိလို စိတ်ဓာတ်မျိုးရှိတယ် ။
တခြားနိုင်ငံရေးသမားတွေလိုပါဘဲ ။ ကိုယ်ရေးကိုယ်တာ ခံစားမှူတွေထက် လုပ်သင့်တာကိုဘဲ
ဆုံးဖြတ်လုပ်ကိုင်ခဲ့ တဲ့သူပါလို့  BBC Desert Land Disc
တေးဂီတ အစီအစဉ်တင်ဆက်သူ Kristy Young က ပြောကြားခဲ့ပါတယ်။

( share နိုင်ပါတယ် copy ကူးခြင်းသည်းခံပါ။ http://www.guardian.co.uk/world/2013/jan/22/aung-san-suu-kyi-desert-island-discs-burma ကို ဘာသာပြန်ဆိုပါသည်)

ဓာတ်ပုံ Bun Ny

No comments:

Post a Comment