Thursday, January 17, 2013
အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန...်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။
အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။
ယင်းအဆိုအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။
ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။
ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ဘလော့ဂ်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ဒေါက်တာ ဆိတ်ဖွား ဘလော့ဂ်နှင့် Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်နှင့်လည်း ဆက်နွှယ်မှုရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေးသ မားများနှင့်
သတင်းမီဒီယာများကို အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏
ရေးသားချက်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော
ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ်မှုများ ရှိနေခဲ့ပါသည်။
ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ ရှိသူ ဖြစ်ပါသည်။
Eleven Media Group
အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန...်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။
အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။
ယင်းအဆိုအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။
ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။
ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ဘလော့ဂ်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ဒေါက်တာ ဆိတ်ဖွား ဘလော့ဂ်နှင့် Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်နှင့်လည်း ဆက်နွှယ်မှုရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေးသ
ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ ရှိသူ ဖြစ်ပါသည်။
Eleven Media Group
No comments:
Post a Comment