Sunday, 6 January 2013

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြား ဧည့်သည် တစ်သန်းကျော်ဝင်ရောက်



မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုသည် ပြီးခဲ့သည့်  ၂၀၁၂ ခုနှစ်အတွင်းက ပထမဆုံးအကြိမ်အဖြစ် တစ်သန်းကျေ
ာ်လွန် ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ရန်ကုန်အပါအ၀င် လေဆိပ်ဝင်ပေါက်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေ ပေါင်းလိုက်ရင် တစ်သန်း ခြောက်သောင်းဝန်းကျင် ရှိတယ်လို့ လတ်တလောပြောနိုင်ပါတယ်။ စာရင်းအတိအကျကတော့ စိစစ်တုန်းပါ'' ဟု ၎င်းက ပြောသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များသည် ရန်ကုန်၊ မန္တလေးနှင့် ပုဂံ၊ နေပြည်တော်၊ နယ်စပ်ဝင်ပေါက်တို့မှ အဓိက ၀င်ရောက်ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် သင်္ဘောခရီးစဉ်ဖြင့် ၀င်ရောက်မှု တို့ကို တွက်ချက်ပါက ဦးရေ ၅၆၀၀၀၀ ၀န်းကျင်ရှိပြီး ရန်ကုန်လေဆိပ် အပါအ၀င် အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များမှ ၀င်ရောက်မှု ဦးရေ ၅၆၀၀၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ဆက်စပ်နေသော နယ်စပ်ဝင်ပေါက်များမှ ခရီးသွားဝင်ရောက်မှုမှာ ဦးရေ လေးသိန်းဝန်းကျင် ရှိသည်။မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် အကောင်းဆုံး အခြေအနေရှိခဲ့ပြီး ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လုပ်ငန်းပိုင်း ကျဆင်းလာခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်တို့တွင်လည်း ခရီးသွား အ၀င်-အထွက် ကျဆင်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်းတွင်မူ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်သော အနေအထားသို့ ပြန်လည် ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၀င်ပေါက်အသီးသီးမှ ခရီးသွားဝင်ရောက်မှု စတင်မြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများပေါ် မူတည်၍ နိုင်ငံတကာမှ အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ စီးပွားရေး ခရီးသွားနှင့် ကမ္ဘာလှည့်ခရီး သွား အ၀င်တို့ ဆတူနီးပါး တိုးတက်လာခဲ့သည်ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဒင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေဆိပ်ဝင်ပေါက် အပါအ၀င် နယ်စပ်ဝင်ပေါက်တို့မှ ခရီးသွား ၆၀၀၃၆၁ ဦး၊ ၂၀၀၇ ခုနှစ်တွင် ၇၁၆၄၃၄ ဦး၊ ၂၀၀၈ ခုနှစ်တွင် ၇၃၁၂၃၀ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၇၆၂၅၄၇ ဦး၊ ၂၀၁၀ ပြည့်နှစ် တွင် ၇၉၁၅၀၅ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၈၁၆၃၆၉ ဦး အသီးသီး ၀င်ရောက်ခဲ့သည်။

Eleven Media Group

Photo: မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြား
ဧည့်သည် တစ်သန်းကျော်ဝင်ရောက်
Saturday, January 05, 2013

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုသည် ပြီးခဲ့သည့် 
၂၀၁၂ ခုနှစ်အတွင်းက ပထမဆုံးအကြိမ်အဖြစ် တစ်သန်းကျော်လွန်
ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ရန်ကုန်အပါအ၀င် လေဆိပ်ဝင်ပေါက်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေ
ပေါင်းလိုက်ရင် တစ်သန်း ခြောက်သောင်းဝန်းကျင် ရှိတယ်လို့ လတ်တလောပြောနိုင်ပါတယ်။ စာရင်းအတိအကျကတော့ စိစစ်တုန်းပါ'' ဟု ၎င်းက ပြောသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များသည် ရန်ကုန်၊ မန္တလေးနှင့် ပုဂံ၊ နေပြည်တော်၊ နယ်စပ်ဝင်ပေါက်တို့မှ အဓိက ၀င်ရောက်ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် သင်္ဘောခရီးစဉ်ဖြင့် ၀င်ရောက်မှု
တို့ကို တွက်ချက်ပါက ဦးရေ ၅၆၀၀၀၀ ၀န်းကျင်ရှိပြီး ရန်ကုန်လေဆိပ်
အပါအ၀င် အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များမှ ၀င်ရောက်မှု ဦးရေ ၅၆၀၀၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ဆက်စပ်နေသော နယ်စပ်ဝင်ပေါက်များမှ ခရီးသွားဝင်ရောက်မှုမှာ ဦးရေ လေးသိန်းဝန်းကျင် ရှိသည်။မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် အကောင်းဆုံး အခြေအနေရှိခဲ့ပြီး ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လုပ်ငန်းပိုင်း ကျဆင်းလာခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်တို့တွင်လည်း ခရီးသွား အ၀င်-အထွက် ကျဆင်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်းတွင်မူ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်
ကောင်းမွန်သော အနေအထားသို့ ပြန်လည် ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၀င်ပေါက်အသီးသီးမှ ခရီးသွားဝင်ရောက်မှု စတင်မြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း
ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများပေါ် မူတည်၍ နိုင်ငံတကာမှ အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ စီးပွားရေး ခရီးသွားနှင့် ကမ္ဘာလှည့်ခရီး သွား အ၀င်တို့ ဆတူနီးပါး တိုးတက်လာခဲ့သည်ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဒင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေဆိပ်ဝင်ပေါက် အပါအ၀င် နယ်စပ်ဝင်ပေါက်တို့မှ ခရီးသွား ၆၀၀၃၆၁ ဦး၊ ၂၀၀၇ ခုနှစ်တွင် ၇၁၆၄၃၄ ဦး၊ ၂၀၀၈ ခုနှစ်တွင် ၇၃၁၂၃၀ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၇၆၂၅၄၇ ဦး၊ ၂၀၁၀ ပြည့်နှစ်
တွင် ၇၉၁၅၀၅ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၈၁၆၃၆၉ ဦး အသီးသီး ၀င်ရောက်ခဲ့သည်။ 

Eleven Media Group
***********************************************************************************
မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံ တည်ထောင် ခွင့်အား ဒီဇင်ဘာလ ၂၈ ရက်နေ့က MIC မှခွင့်ပြုထား
Saturday, January 05, 2013

မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံတည်ထောင်ခွင့်အား MIC မှ ချထားပေးလိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ (၃၉/၂၀၁၂) ကြိမ်မာက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ Coca-Cola Pinya Beverages Myanmar Ltd အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း၊ ရေသန့်ကိုပါ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အရက်ပါဝင်ခြင်း မရှိသည့် အသင့်သောက် အဖျော်ယမကာများနှင့် အသင့်ထုပ်ပိုးထားသော ရေသန့်ဗူးများ ထုတ်လုပ်ရောင်းခြင်းနှင့်  ရောင်းချခြင်းလုပ်ငန်းအတွက် ခွင့်ပြုမိန့် ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံကို ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် (၃) တွင် တည်ထောင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Coca-Cola အနေဖြင့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော ပင်းယကုန်ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းထားခြင်းဖြစ်ပြီး လှိုင်သာယာစက်မှုဇုန် (၃) ရှိ စက်ရုံအပြင် ထောက်ကြန့် (မြို့ရှောင်လမ်း) တွင်လည်း စက်ရုံသစ် တည်ထောင်ကာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမည်ဟု သတင်းရရှိပါသည်။

အရက်ပါဝင်ခြင်းမရှိသည့် အသင့်သောက်သုံးသည့် အဖျော်ယမကာများ ဆိုသည်မှာ အရက်မဟုတ်သည့်၊ အရက်မပါသည့် အချိုရည်နှင့် ရေများကို ဆိုလိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ (၃၉/၂၀၁၂) ကြိမ်မြောက် အစည်းအဝေးမှ Coca-Cola Pinya Beverages Myanmar Ltd အမည်ဖြင့်  လျှောက်ထားသည့် စက်ရုံအား ခွင့်ပြုခြင်းအပါအ၀င် ခွင့်ပြုမိန့် ၅ ခုအား ထုတ်ပေးခြင်းဖြစ်ပြီး အခြားလုပ်ငန်းများမှာ လက်ခစားစနစ် (CMP စနစ်)ဖြင့် စက်ရုံလုပ်ငန်း ၄ ခု ဖြစ်ကြောင်းသိရသည်။

Coca-Cola Pinya Beverages Myanmar Ltd မှ စက်ရုံတည်ထောင်မည့် ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံခြင်းဖြစ်ပြီး ရင်းနှီးငွေ ပမာဏကို ဖော်ပြထားခြင်း မရှိကြောင်းလည်း သိရသည်။

Eleven Media Group
မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံ တည်ထောင် ခွင့်အား ဒီဇင်ဘာလ ၂၈ ရက်နေ့က MIC မှခွင့်ပြုထား
Saturday, January 05, 2013

မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံတည်ထောင်ခွင့်အား MIC မှ ချထားပေးလိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ (၃၉/၂၀၁၂) ကြိမ်မာက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ Coca-Cola Pinya Beverages Myanmar Ltd အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း၊ ရေသန့်ကိုပါ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အရက်ပါဝင်ခြင်း မရှိသည့် အသင့်သောက် အဖျော်ယမကာများနှင့် အသင့်ထုပ်ပိုးထားသော ရေသန့်ဗူးများ ထုတ်လုပ်ရောင်းခြင်းနှင့်
ရောင်းချခြင်းလုပ်ငန်းအတွက် ခွင့်ပြုမိန့် ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံကို ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် (၃) တွင် တည်ထောင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Coca-Cola အနေဖြင့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော ပင်းယကုန်ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းထားခြင်းဖြစ်ပြီး လှိုင်သာယာစက်မှုဇုန် (၃) ရှိ စက်ရုံအပြင် ထောက်ကြန့် (မြို့ရှောင်လမ်း) တွင်လည်း စက်ရုံသစ် တည်ထောင်ကာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမည်ဟု သတင်းရရှိပါသည်။

အရက်ပါဝင်ခြင်းမရှိသည့် အသင့်သောက်သုံးသည့် အဖျော်ယမကာများ ဆိုသည်မှာ အရက်မဟုတ်သည့်၊ အရက်မပါသည့် အချိုရည်နှင့် ရေများကို ဆိုလိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ (၃၉/၂၀၁၂) ကြိမ်မြောက် အစည်းအဝေးမှ Coca-Cola Pinya Beverages Myanmar Ltd အမည်ဖြင့်
လျှောက်ထားသည့် စက်ရုံအား ခွင့်ပြုခြင်းအပါအ၀င် ခွင့်ပြုမိန့် ၅ ခုအား ထုတ်ပေးခြင်းဖြစ်ပြီး အခြားလုပ်ငန်းများမှာ လက်ခစားစနစ် (CMP စနစ်)
ဖြင့် စက်ရုံလုပ်ငန်း ၄ ခု ဖြစ်ကြောင်းသိရသည်။

Coca-Cola Pinya Beverages Myanmar Ltd မှ စက်ရုံတည်ထောင်မည့် ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံခြင်းဖြစ်ပြီး ရင်းနှီးငွေ ပမာဏကို ဖော်ပြထားခြင်း မရှိကြောင်းလည်း သိရသည်။

Eleven Media Group
 
 

No comments:

Post a Comment