Wednesday 23 January 2013

အမေ့ကိုထိရင်နာတတ်တဲ့ကျနော့် ရင်တွင်းစကား



အမေရွှင်လန်းဖို့  အတွက်ရင်ထဲကစကားလေးပြောရရင်အမေ့ကိုဝိုင်းရံ ရအောင် ဖေ့ဘုတ်ပေါ်ကလူတွေရယ် အမေစုအကြောင်းကို ထပ်တလဲလဲရေးနေကြပြောနေကျ ခွန်ဒီးယမ်းနဲ့ အခြားမိတ်ဆွေတွေရယ်ကို ကျေးဇူးတင်မိပါတယ်။

အမေစုက မြန်မာပြည်မှာ ကြယ်တပွင့်မို့ 
တောက်ပတဲ့ ရွှေအဆင်းကို ပိုင်ပိုင်နိုငိနိုင် ရယူထားသူတစ်ယောက်ဆိုလည်းမမှားပါဘူး။
မြန်မာပြည်တိုးတက်ဝင့်ထယ်ရေးပွင့်လင်းမြင်သာရေးဖော်ဆောင်နေတဲ့နရာမှာအမေစုလိုကြိုးစားတဲ့ ရွှေရောင်လမင်းပြည်ချစ်သားမျက်လုံးအစုံနဲ့မေမေစုလိုအရည်အသွေးတောက်ပနေတာဟာ ငွေလမင်း ရွှေရည်မှုန်းလို့
အပြုံးနဲ့ ပြည်သူကကြိုဆိုနေတာတွေကမ်းဆင့်လို့ ခေါ်နေတာတွေတွေ့ ရတော့အတိုင်းမသိဝမ်းသာခဲ့ရပါတယ်။

အမေရဲ့ တောက်ပပုံကရွှေကြာယံ မြလွှာထက်က၀င်းလက်ပုံဆောင်လေးကိုဖော်ကျူးရရင်တော့ကဗျာဖွဲကာမပြီးတော့တာမို့ ရင်ထဲက တေးသွားလေးကိုတော့ ဒီလောက်နဲ့ ဘဲအားပေးနေမယ်ဆိုတာမိတ်ဆွေတွေကို ဒီစာလေးနဲ့ လေးစားစွာတင်ပြလိုက်ရပါတယ်။

ဖွချင်သူများ သတိထား အမေစုသမိုင်း သိအောင်လေ့လာကြပါ သိမှလူလိုရေးကြစေချင်ပါတယ်။ဖွချင်သူများ ဒါဖတ်ပြီးမှဖွပါလို့  ဗမာလိုဘဲပြောလိုက်ပါရစေ ။ https://www.facebook.com/photo.php?fbid=324935444284193&set=a.116579221786484.20330.100003032208873&type=1&theater


လေးစားစွာဖြင့်

ကိုထွန်းဝေ
23.1.2013
ဓါတ်ပုံဒီဇိုင်း ကိုထွန်းနိုင်

No comments:

Post a Comment