Sunday 20 January 2013

ဒေါ်အောင်ဆန်းစုကြည် ဖြူးမြို့သို့ရောက်ရှိ








ဖြူး၊ ဇန်နဝါရီ ၂၀။
ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိခဲ့ကြောင်း
သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော်မှ
ထွက်ခွါလာခြင်းဖြစ်ကြောင်း သိရပြီး ပဲခူးတိုင်း၊ ရွှေကျင်ဒေသဘက်
သို့သွားရောက်မည် ဖြစ်ကြောင်းသိရသည်။


ဖြူးမြို့ ဘိုးဘွားရိပ်သာရှေ့သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က
ဘိုးဘွားရိပ်သာ၏ လိုအပ်ချက်များကို မေးမြန်းရာတွင် ဘိုးဘွားရိပ်သာရှိ
တာဝန်ရှိသူများက "တစ်နှစ်လုံးမှာ အလှူငွေ ၃ သိန်းလောက်ပဲရတယ်။
တကယ်လိုအပ်တာက ၁၁ သိန်းလောက် လိုအပ်တယ်" ဟုပြောကြားခဲ့
ကြောင်း သိရသည်။

ယခုအချန်တွင် ရွှေကျင် ကျောက်ကြီး လမ်းကြောင်းအတွင်းရှိ မုန်းမြို့နယ်
သို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

စူးရှ

ဓါတ်ပုံ - သက်ထူး၊ မိုးလှိုင်ည၊ စူးရှ
မြန်မာ့ခေတ်

No comments:

Post a Comment