by myitkyina.blog.com on January 13, 2013
မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာတွင် ထိခိုက်ကျရှုံးမှုများပြားလျက်ရှိသဖြင့် ဗိုလ်ချုပ် များ
ခေါင်းခဲလျက်ရှိသည်။ ဇန်နဝါရီလ(၉)ရက်နေ့တွင်လည်း တပ်မ(၁ဝ၁)လက်အောက်ခံ ခလရ (၂၅၅) တပ်ရင်းမှူးအပါအဝင် အရာရှိ (၅) ဦးနှင့် အခြားအဆင့် ရဲဘော်များ KIA မိုင်းဖြင့် ကျဆုံး ခဲ့ကြရသည်။
ထို့ကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ အရပ်သား(၁ဝဝဝ) တောင်းဆိုခဲ့ကြောင်း သိရှိရ သည်။ ဝန်ကြီးချုပ်မှ အရပ်သား ရှာဖွေပေးရန် ငြင်းဆိုလိုက်သဖြင့် ဇန်နဝါရီလ(၁ဝ)ရက်နေ့တွင် နေပြည်တော်၏ အမိန့်ဖြင့် ဝန်ကြီး ချုပ်အား အထူးလေယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကာ နေပြည်တော်တွင် အကျယ်ချုပ် ထားရှိ ခဲ့ကြောင်း သိရှိရသည်။
ဝန်ကြီးချုပ် မရှိခိုက်တွင် တိုင်းမှူး၏ညွှန်ကြားချက်ဖြင့် မြစ်ကြီးနားမြို့ပေါ်တွင် နေ့ခင်းပိုင်း၌ လူဖမ်းပွဲကိုဆင်နွဲလျက်ရှိ ကြောင်း သိရှိရသည်။ ဧရာဝတီမြစ်ကူး ဗလမင်း ထင် တံတား မှဖြတ် သန်းသွားသော အရွယ်ရောက်လူငယ်၊ လူကြီး၊ အမျိုးသမီး များကို ဖမ်းဆီးသွားသည်မှာ ၁ဝဝ ကျော်သွားပြီဖြစ်သည်။
၎င်းတို့ကို KIA တပ်စခန်းထိုးစစ်ဆင်ရာတွင် လူသားမိုင်းရှင်း ကရိယာအဖြင့်အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများကို KIA ဗဟိုဌာနချုပ် ရှေ့တန်းစခန်းဖြစ်သော အင်တပ်ဘွမ် ၊ ခယာဘွမ်(Hkaya Bum)ထိုးစစ်တွင်အသုံးပြုရန် ဖြစ်သည်။ ယခုအခါ အချို့အရပ် သားများသည် ခယာဘွမ်ထိုးစစ်တွင် အသုံးချခံရရန် ရှေ့တန်းနယ်မြေတွင် ရောက်ရှိနေပြီဖြစ်သည်။
ဤမျှနှိပ်စက်ကြမ်းကြုပ်သော အပြုအမူများသည် မြန်မာအစိုးရအဆက်ဆက်က တိုင်းရင်းသား များအပေါ် အလွယ်တကူ ကျူးလွန်နိုင်သော အပြုအမူများသာဖြစ်သည်။ အရပ်သားများကို အစိမ်းရောင်ဝတ်စုံ ဝတ်ဆင် စေကာ မိုင်းရှင်းစေခြင်း၊ ထိခိုက်သွားသူများကို အဆုံးသတ်ဖြတ် ပစ်ခြင်း၊ တိုင်းရင်းသူ အမျိုးသမီးများကို အများသုံးဇိမ်ခံပစ္စည်းအဖြင့် အသုံးချခြင်းများ ပြုလုပ် လျက်ရှိသည်။
(myitkyina.blog မှထပ်ဆင့်ကူးယူဖော်ပြသည်။)
http://myitkyina.blog.com/2013/01/13/lutamai/#more-829
No comments:
Post a Comment