Thursday 24 January 2013

ဘရက်အိုဘားမားရဲ့ဒုတိယအိပ်မက်


23 January 2013
အောင်မိုးဝင်း  ဆောင်းပါး

အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်လေးတအုပ်ထွက်လာခဲ့တယ်။ ရော်နယ်ရေဂင် လက်ထက်တုံးက ဘတ်ဂျက်ဒါရိုက်တာ David Stockman ရဲ့ Triumph of Crony Capitalism ခရိုနီအရင်းရှင်စံနစ်ရဲ့အကြီးကျယ်ဆုံးအောင်မြင်မှုများ ဆိုတဲ့ စာအုပ်ပဲဖြစ်တယ်။

တကယ်တော့ ရော်နယ်ရေဂင် ခေတ်ကို အမေရိကန်တွေရဲ့ နံနက်ခင်းအဖြစ်လူသိများခဲ့တယ်။ သူ့လက်ထက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ဒေးဗစ် စတော့မန် ကတော့ --- ကျနော်တို့ဆီမှာ အရင်းရှင်စံနစ်လည်းမထွန်းကားခဲ့သလို၊ ဒီမိုကရေစီလည်း မရှိပါဘူး။ ခရိုနီအရင်းရှင်စံနစ်သာ ကြီးထွားလာခဲ့ပါတယ် ဆိုပြီး ဒီကနေ့ရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်းတွေကို သုံးသပ်ပြပါတယ်။


ဘရက်အိုဘားမား ရဲ့ ဒီမိုကရက်တစ်ပါတီဟာ လူတိုင်းအတွက် ဆေးဝါးကုသခွင့်ရရှိရေး ဆိုတဲ့အိပ်မက် ကို အကောင်အထည်ဖေါ်ချင်ပေမဲ့-- ဆေးဝါးထုတ်လုပ်တဲ့္ကုမ္မဏီတွေက သူ့ရဲ့ အစီအစဉ်တွေကို လက်မခံခဲ့ကြဘူး။ အန်ဂျီအို တခုကို ဒေါ်လာ သန်း (၇၀) လောက်အကုန်ကျခံပြီး၊ ကျန်းမာတဲ့စီးပွားရေး နဲ့ တည်ငြိမ်အရည်အသွေးပြည့်ဝတဲ့ ဆေးဝါးကုသခွင့်ဘဝ သို့ ဆိုတဲ့ ကြွေးကြော်သံကို လွှင...
့်တင်ပြီး ဘရက်အိုဘားမားရဲ့ အိပ်မက်ကို ဆန့်ကျင်ဖို့ ကြိုးစားလိုက်ကြတယ်။

အမေရိကန်သမ္မတ ကလည်း အာမခံ ကုမ္မဏီတွေကို နောက်တဆင့်လိုက်လျောလိုက်ရတယ်။ လူတိုင်းသက်သက်သာသာ ဆေးဝါးကုသခွင့်ရဖို့အတွက်--- အမေရိကန်ပြည်ထောင်စုမှာ နာမည်ကြီး ကုမ္မဏီတခုဖြစ်တဲ့ Walmart ကုမ္မဏီ ကို ဆေးဝါးရောင်းချခွင့်၊ ကုသခွင့် ဈေးနှုန်းတွေကို ညှိနှိုင်းဆွေးနွေးဖို့အတွက် ဖိတ်ခေါ်လိုက်တယ်။ အစပထမပိုင်းမှာတော့ Walmart ကုမ္မဏီက ဘရက်အိုဘားမားရဲ့ ကမ်းလှမ်းချက်ကို မသိချင်ယောင်ဆောင်နေတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတကို အပေးအယူလုပ်မဲ့ အချက်တချက်ကို သတိယလိုက်မိတယ်။ အဲ့ဒါကတော့ လက်နက်ထိန်းချုပ်ရေးကိစ္စ--
အမေရိကန်ပြည်ထောင်စုမှာ အားအားရှိ စိတ္တဇ လူသတ်သမားတွေရဲ့ ပစ်ခပ်မှုကြောင့် အစုလိုက်အပြုံလိုက် သတ်ခံရတောတွေ ကြုံနေရပြီ။ ပြည်သူတွေက သေနတ်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်စေချင်ပေမဲ့ လက်နက်အရောင်းအဝယ်ဆိုတာ ငွေအရဆုံးစီးပွားရေးလုပ်ငန်းဖြစ်နေတော့ လက်နက်ကိုင်ဆိုင်ရောင်းချခွင့် လော်ဘီသမားတွေရဲ့  အစိုးရအပေါ် လွှမ်းမိုးမှုကို မကျော်လွှားနိုင်ခဲ့ဘူး။

---- လွတ်လပ်တဲ့အာရှအသံရဲ့ ကြာသာပတေးနေ့ အစီအစဉ်မှာ-- အမေရိကန်ပြည်ထောင်စု ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးထားပါတယ်။ အနာဂတ် မြန်မာပြည် နဲ့ နှိုင်းယှဉ် သုံးသပ်နိုင်အောင်လို့ပါ။

No comments:

Post a Comment