Sunday 20 January 2013

ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်


ပြည်သူ့ အမေ မေတ္တာဝေသည်

ဖြူးမြို့ အရောက် ကြိုဆိုကြလည်း

ပြည်ချစ်သည့်ပန်း မနမ်းဘယ်ခါ

ရှိပါငြားလည်း စံထိုက်သည့်ပန်း

အမြဲလန်းသည့် ပြည်သူကြားတွင်

မားမားမတ်မတ် နှုတ်ဆက်နေသည်

ဒေါင်းဘုရင်၏နှလုံးသားအလှ

ပြုံးနေကြလည်း တုနှိုင်းမမှီ

စုတိုင်းပြည်ဝယ် ကြိုဆိုသူပေါ

အခေါင်မြင့်ဖျား၊ စုံတောပြား၌၊

နံ့ရှားကြိုင်လွင့်၊ နှင်းဆ်ီပွင့်သည်၊

ရွှေနှင့်ယိုးမှား ပန်းစကားအလား

ရောက်လေရာဝယ် တင့်တယ်လှ၏

ချစ်မြတ်နိုးသည်၊ စုဧကရီကို

ရော်ရွက်လေးတွေ လေမှာဝဲ

စုမေမေကိုချစ်နေဆဲ.....။ ။

လေးစားစွာဖြင့်မျှဝေပါတယ်
ကိုထွန်းဝေ
20.1.2013

No comments:

Post a Comment