Wednesday, 16 January 2013

သာသနာငါးထောင်နှင့်ဒေါ်အောင်ဆန်းစုကြည်


သာသနာမြတ်ဗုဓ္ဒအဆင်း
ရနံ့ အသင်းတာကိုလ၊
ရွှေအဟုန် စီးဆင်းလာပြီး
ဒီရင်မှာခတ်စဉ်က၊
ကဗျာဈာန် ရင်မှာတက်ရ ခဲ့တယ်။

အမေ့ သားတွေမို့၊
လေထဲမှာအရုပ်ရေးမယ့်ကျနော်
ဘုရားပန်းချီကို စုတ်တံနှင့်ရေးသော်လည်း
မေ့မရနိုင်စဖွယ်။

အမေလို့ တဆာဆာ စာတွေ ကွန့်နိုင်တဲ့၊
သာသနာမှာ ဦးခိုက်မိပါသော်မှ
မေတ္တာဓါတ်နဲ့ ကမ္ဘာပတ်ရသူမို့ 
အမေစုရဲ့ဂုဏ်ဒြပ်တွေကြောင့်
သာသနာတော်ကို
သိနေလို့ မပြီးသေးသူ
ဦးခိုက်ကြည်ညို။

သာသနာ ငါးထောင်
ဒီခေတ်မှာ ဖန်လာတာဖို့ အရေး
သာသနာသမိုင်းမှာ
ထူးထူးခြားခြားဖူးခွင့်ကြုံ
ပြိုင်စံရှားတဲ့ဘုရားဆင်းထု
လက်တန်းဆွဲကာသူပြုစု
ထူးထူးခြားခြား စုမေမေ
မြန်ပြည်တလွှား ချစ်ခဲ့ပေ
မေတ္တာ ကြည်လင် ရွှင်ရွှင်မို့
ဆင်းထုတော်ကိုကြည်ညိုစို့ ..

လက်မနှေးတဲ့ ဒို့ အမေ
သာသနာတော်ကိုဦးခိုက်နေ
ကမ္ဘာပေါ်မှာ လျှမ်းလျှမ်းတောက်
နေရာတိုင်းမှာသူပေါက်ရောက်။

သာသနာငါးထောင်နှင့်ဒေါ်အောင်ဆန်းစုကြည်
အဖြူမှာ မေတ္တာတွေမြူးပါတဲ့
မြတ်ဆုမွန်ကောင်းများ တောင်းကြဖို့ အရေး
တို့ မေမေ ဒေါ်ဒေါ်စုလေးမှာကွယ်
ရှေးကုသိုလ်ထူး။ ။

ကိုထွန်းဝေ

16.1.2013

အမေဒေါ်အောင်ဆန်းစုကြည်နှင့်   အမိမြန်မာနိုင်ငံတော်ကြီး ဗုဓ္ဒသာသနာနေလိုလလို ရောင်ဝါထိန်လို့ လင်းစေသော်...။

ဓါတ်ပုံ သက်နိုင်ထက်ပေးပို့ ပါတယ်။

No comments:

Post a Comment