Thursday 24 January 2013

လျှပ်စစ်မီး ရဲ့ ပွင့်လင်းရာသီ (ငရဲသား)

အခု .ပွင့်လင်းရာသီ အစ၊ နွေမရောက်ခင်မှာပဲ နှစ်စဉ်ကြုံတွေ့ရတဲ့ လျှပ်စစ်မီး ပြဿနာက တဖန်ပြန်လည် စတင်လာပြီဖြစ်ပါတယ်..။

တချို့မြို့ငယ်တွေ အချိန်ပိုင်းနဲ့ မီးပျက်လာကြပါပြီ ..။

မြန်မာနိုင်ငံရဲ့သဘာဝသယံဇာတတွေကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့အတွက် အကြီးအကျယ်ရင်းနှီးမြုပ်နှံလာတဲ့ တရုတ်ကြောင့် မြန်မာနိုင်ငံအတွက် နောင်မရှိမဖြစ်လိုအပ်လာမယ့် လျှပ်စစ်ဓာတ်အားထွက်ရှိရာ ...သဘာဝသယံဇာတ ရင်းမြစ်အများစုကို အညှာက ဖြတ်ယူကျွေးလိုက်သလို ဖြစ်နေမလား ဆိုတာ အားလုံးကို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်..။

အခု တရုတ်ကရင်းနှီးမြုပ်နှံနေတဲ့ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေနဲ့ သဘာဝဓါတ်ငွေ့ စီမံကိန်းတွေဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အကျိုးရှိမယ် ဆိုတာတွေ၊ လျှပ်စစ်ဓါတ်အားအရဆိုရင်လည်း မီဂါဝပ် ဘယ်လောက်ထွက်ရှိမယ်..။ နောင်အနှစ်ဆုံးဆယ်ကြာရင် တိုးတက်လာမယ့် ဓါတ်အားသုံးစွဲမှုအတွက် ဘယ်လောက်အကျိုးပြုနိုင်မယ်၊ ငွေကြးအတိုင်းအတာရရှိမှုနဲ့ .. နှစ်ပေါင်း ဘယ်နှဆယ်ကျမှ အကျိုးခံစားခွင့်ရမယ်ဆိုတာ ပြည်သူကို ပွင့်လင်းမြင်သာစွာနဲ့ လျှပ်စစ် ၀န်ကြီးဌာနက ထုတ်ပြန်ပေးဖို့လိုပါတယ်..။



နောက်ပြီး ထိုစီမံကိန်းတွေမှာ ကြားခံအဖြစ် ချိတ်ပေးတဲ့ ပွဲစားတွေအတွက် နှစ်ရှည်အကျိုးအမြတ် ပဲထားခြင်း ရှိမရှိ၊ အစရှိသဖြင့် .. ပွင့်လင်းဖို့လိုပါတယ်..။

ဟိုတလောက သတင်းစာမှာရေးထားပါတယ်..။ တရုတ်ကိုပေးပို့ရောင်းချနေတဲ့လျှပ်စစ်က .. မဖြစ်စလောက် နည်းနည်းပါပဲလို့ ဖော်ပြထားပါတယ်..။ အဲဒါဆိုရင် အထက်ပါစီမံကိန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေက . ဘယ်သူ့အတွက်ပါလဲ..။ နောင်အနာဂတ်မှာ တရုတ်က မီဂါဝပ်ဘယ်လောက် ရသွားနိုင်သလဲ..။

နောင်တစ်ချက်ကလည်း (အနည်းဆုံး နှစ်သုံးဆယ်အကြာ) စာချုပ်သက်တမ်းစေ့လို့ စီမံကိန်းတွေကို လွှဲအပ်ခဲ့ရင် သူတို့ကျန်ခဲ့တဲ့စက်တွေအခြေအနေနဲ့ စီမံခန့်ခွဲမှု၊ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူလည်ပတ်မှုတွေကို ဘယ်သူတွေ အာမခံပါသလဲ ..(မထင်ပါ။ နှစ်နှစ်ထဲနဲ့ ရွှေလီ မှာ ပျက်စီးသွားတဲ့ စက်အစိတ်အပိုင်းတွေက သက်သေပါပဲ)

အဲဒီလို မပွင့်လင်းခဲ့ဖူးဆိုရင် ဒုတိယမြစ်ဆုံတွေ၊ တတိယမြစ်ဆုံတွေ ဖြစ်လာနိုင်ပါတယ်...။

ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေ .. သတင်းစာထဲက ကိန်းဂဏန်းတွေ ဖယောင်းတိုင်မီးနဲ့ မကြည့်စေချင်ပါဘူး.။

ကိုယ့်ခြံထဲကို ကိုယ့်မြေဆီအနှစ်နဲ့ တစ်ဖက်ခြံကသရက်ပင်တစ်ပင် လာစိုက်ထားတယ်ဆိုပါစို့ ...။ (ကိုယ်လည်း တတ်နိုင်ရင် စိုက်လို့ရပါတယ်)

အဲဒီသစ်ပင်က အသီးကို သူတို့အိမ်သားတွေ မြိန်ရှက်စွာစားသုံးနေတာကို ကိုယ့်အိမ်ကကလေးတွ သွားရည်တမြားမြား မျက်နှာငယ်လေးနဲ့ မျှော်နေကြမှာကို ......

ဟိုဘက်က စွန့်ကြဲလို့ရတဲ့ ငွေစအနည်းငယ်ကိုင်ပြီး မိဘလုပ်သူတွေက ကျေနပ်နေမှာလား...ဆိုတာ..

No comments:

Post a Comment