Sunday 6 January 2013

"မြောက်ဥက္ကလာပမြို့နယ်(၂)ရပ်ကွက်က အုပ်ချုပ်ရေးမှူးကို ဒီလိုရွေးကြတယ်။"




"ဒီနေ့ ၆.၁.၂၀၁၃ မနက် ၉ နာရီထဲက ရပ်သူရပ်သားတွေ စုစု စုစု နဲ့ ၁၂နာရီမှာ ရွေးချယ်မဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲကို လက်ရှိအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေရဲ့ ပွင့်လင်းမြင်သာမှုရစေဖို့
ရွေးချယ်မှုတွေကို ခန်းမထဲ ၀င်ရောက်ခွင့်မရတဲ့ ရပ်သူရပ်သားတွေ ကြည့်မြင်နိင်စေဖို့ ပရိုဂျက်တာနဲ့ တင်ဆက်မယ်ဆိုတော့ ၀မ်းသာပျှော်ရွှင် စောင့်ကြည့်ဖို့ တစ်ပြင်ပြင်နဲ့ပေါ့ဗျာ။

တစ်ကယ့်ကိုပါပဲ ကိုယ်မျှော်လင့်သူကို မဲရဖို့ဆုတောင်းသံတွေ၊တောက်ခေါက်သံတွေ၊လက်ခုတ် လက်ဝါးတီးပြီး ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့ကြတာ မြင်ရတော့ ကျေနပ်မိပါတယ်။

ဒီနေ့ရွေးချယ်မှုမှာတော့ ဦးလှထွန်းက မဲပေါင်း၁၀၀ကျော်နဲ့ အပြက်အသက်အနိင်ရရှိသွားလို့ ရပ်သူရပ်သားတွေ အများစု ကျေနပ် ပျှော်ရွှင်နေကြပါကြောင်းနဲ့ ရပ်ကွက် ကျေးရွာတိုင်းမှာလဲ ရပ်သူရပ်သားတွေ ပါဝင်ခွင့်ကို ဒီရပ်ကွက်မှာ ဆောင်ရွက်ခဲ့သလို အုပ်ချုပ်ရေးပိုင်းနဲ့ ဒီမိုအင်အားစုတွေ ပူးပေါင်းဆောင်ရွက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအား ပြည်သူလူထု ပါဝင်ပါက်သက်ခွင့်ကို မြင့်တင်စေချင်စိတ်နှင့် မျှဝေ ရေးသားသိစေအပ်ပါသည်။
 
ko wai lu 

No comments:

Post a Comment