Tuesday 1 January 2013

ဒေါ်အောင်ဆန်းစုကြည် ၏ နှစ်သစ်ကူးဆုတောင်း





၂ဝ၁၃ ခုနှစ်အတွက် ဆုတောင်းဆိုတော့ ၊တကယ်တော့ ပြည်သူတွေ ဆုတောင်းပဲ ဖြစ်ရ မှာပါ၊ပြည်သူတွေ အရည်အချင်းတိုးတက်လာဖို့ ၊ပြည်သူတွေဟာ တကယ် ကို ဒီမိုကရေစီနိုင်ငံ ရဲ့ နိုင်ငံသူနိုင်ငံသားများပီပီ လုပ်နိုင်ကိုင် နိုင် တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်ဖို့ အဲဒီဟာ က အရေးကြီး ဆုံး ဆုတောင်းလို့ ကျမ ထင်ပါတယ်၊

နိုင်ငံတစ်နိုင်ငံရဲ့ တကယ့် အနှစ်သာရဟာ နိုင်ငံသူနိုင်ငံသားတွေပါ၊နိုင်ငံသူနိုင်ငံသားတွေ အရည် အချင်းရှိမှ နိုင်ငံလည်းတိုတက်မယ်၊နိုင်ငံလည်း အဆင့်ရှိမယ် ၊ဒါကြောင့် မို့ ကျမရဲ့ နှစ်သစ်ကူး ဆုတောင်းလေးက အင်မတန်မှ ရိုးသားပါတယ်။

ကျမတို့ရဲ့ ပြည်သူပြည်သားများ တစ်နေ့ထက်တစ်နေ့ ပိုပြီး အရည်အချင်းတွေ တိုးတက်နိုင် ပါစေ၊ ကိုယ့်ရဲ့တာဝန်တွေကို ကိုယ်သိသိ နဲ့ ကိုယ်ရသင့် ရထိုက် တဲ့ အခွင့် အရေးတွေ အတွက် လုပ်ရဲကိုင်ရဲ ပါစေလို့ ကျမအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်၊ကျေးဇူးတင်ပါတယ်..။
7 Day News Journal
Popular Myanmar News Journal's photo


No comments:

Post a Comment