ABSDF Statement on Kachin Affairs
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) မှ သဘောထားထုတ်ပြန်ချက် ၁။ ယနေ.ကာလ တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးပြသနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ဖေါ်ဆောင်နိုင်လိမ့်မည်ဟု ခံယူသည်။ ထို.ကြောင့် ကချင်ပြည်နယ်အတွင်း တပ်အင်အား အလုံးအရင်း အသုံးပြုကာ အစိုးရဘက်မှ ပြင်းထန်စွာ ထိုးစစ် ဆင်နေမှုများအပေါ် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် (ကျောင်းသားတပ်မတော်) မှ ချက်ချင်းရပ်ဆိုင်းရန် လိုအပ်ကြောင်း အလေးအနက် တောင်းဆိုအပ်ပါသည်။ ၂။ အထူးသဖြင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများသည် လက်ရှိအစိုးရ ဆောင်ရွက်လျှက်ရှိသော တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေး နေမှုများ၊ အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်များအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် စစ်ရေးပဋိပက္ခများ ချက်ချင်းရပ်ဆိုင်းရန် လိုအပ်သည်။ ၃။ ထို့ကြောင့် တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်သွားရန်နှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိ သည်အထိ နိုင်ငံရေး ပြသနာများကို နိုင်ငံရေးနည်းဖြင့် ဆက်လက် အဖြေရှာသွားကြရမည် ဖြစ်သည်။ ၄။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများကို မြန်မာ့သမိုင်းတလျှောက် အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြ သော်လည်း နိုင်ငံရေး ပြသနာများကို ဖြေရှင်းနိုင်သည်အထိ သဘောတူညီမှုများ မရရှိခဲ့ကြသဖြင့် စစ်ရေးပဋိပက္ခများ ယနေ့အထိ ဆက်လက် ဖြစ်ပေါ်နေသည်ဟု မိမိတို့မှ ရှုမြင်သည်။ ၅။ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဖေါ်ဆောင်မည်ဆိုပါက အပြန်အလှန် တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှုများဖြင့် အင်အားစု အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်ခြင်းဖြင့်သာ လက်ရှိဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း မိမိတို့၏ သဘောထားကို ထုတ်ပြန်လိုက်သည်။ ဗဟိုကော်မတီ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ရက်စွဲ ။ ။ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၇) ရက် Sincerely, -- ABSDF-HQ

No comments:
Post a Comment