Sunday 6 January 2013

ပထမဆုံးအကြိမ် AAPPB ရဲ့ ပြည်တွင်းခရီးစဉ်



၁၀ နှစ်ကျော်ကြာ ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်ပေးနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB ) မှ အထွေထွေအတွင်းရေးမှူးများဖြစ်သည့် ကိုတိတ်နိုင်နှင့် ကိုဘိုကြည်တို့သည် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါသည်။ တလခန့်ကြာမည့် ၎င်းတို့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွေ ၊ နိုင်ငံရေးပါတီတွေ ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ဖြစ်နိုင်ရင် အစိုးရတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

http://www.burmavjmedia.net/?

No comments:

Post a Comment