17.01.2013
အမေရိကန်အစိုးရ လေကြောင်းတာဝန်ရှိသူတွေက လုံခြုံစိတ်ချရမှုနဲ့ ပါတ်သက်တဲ့
သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာ Boeing ကုမ္ပဏီလုပ် 787 Dreamliner
အမျိုးအစား ဂျက်လေယာဉ်တွေကို ကမ္ဘာတဝှမ်းက လေကြောင်းတာဝန်ရှိသူတွေက
ပျံသန်းမှု ရပ်နားထားလိုက်ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ Boeing
787 လေယာဉ်တွေ ပျံသန်းမှု ရပ်နားထားခဲ့ပြီးနောက် ချီလီ၊ India နဲ့ ဥရောပက
လေကြောင်းလိုင်းတွေကလဲ 787 လေယာဉ်တွေ ပျံသန်းမှုကို
ရပ်ဆိုင်းထားလိုက်ပါတယ်။
လေယာဉ်တွေရဲ့ ဘက်ထရီတွေ မီးလောင်နိုင်တဲ့အန္တရာယ်ကို
သတ်မှတ်တဲ့ FAA က ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။ လေယာဉ်မှုးမောင်းခန်းထဲက
သတိပေးမီးမှာ ဘက်ထရီပြဿနာရှိနေတယ်ဆိုပြီး
မီးလောင်နံ့ရခဲ့လို့ ဂျပန်မှာ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက
အင်ဂျင် ၂ လုံးတပ် Boeing 787 လေယာဉ်တွေရဲ့ လုံခြုံစိတ်ချရမှုနဲ့
ပါတ်သက်လို့ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်၊
VOA မြန်မာပိုင်း

No comments:
Post a Comment