Saturday 29 December 2012

KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင်းပြည်သူများဗုံးခိုကျင်းများ တူးပြီ




KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာပါက ရှောင်တိမ်းနိုင်ရန် ဗုံးခိုကျင်းများ တူးခြင်း၊ လိုင်ဇာချောင်းနံဘေး ရေထွက်ပေါက်များအတွင် ၀င်ရောက်ခိုလှုံခြင်း အစရှိသည်တို့ကို လိုင်ဇာမြို့တွင်းနေ ပြည်သူများမှ ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပိုမို ပြုလုပ်လျက်ရှိနေပါသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်သို့ အစိုးရ၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ပျံသန်းခဲ့ပြီးနောက် လိုက်ဇာမြို့နေ ပြည်သူများ ထိတ်လန့်မှုဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါက အန္တရာယ်ကင်းစေရန် ယခုကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရ၏ တိုက်လေယာဉ်တစ်စင်း လိုင်ဇာမြို့ အနီး ပျံသန်းသွားခဲ့ပါသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့၌ လိုင်ဇာဌာနချုပ်နှင့် ၈ မိုင်ခန့်အကွာတွင် ရှိသော လဂျားယန်တွင် အစိုးရတပ်များနှင့် KIA တပ်များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများကို လိုင်ဇာမြို့ပေါ်မှ မကြာခဏ ကြားနေရပါသည်။















No comments:

Post a Comment