Tuesday 11 December 2012

Generation Wave (မျိုးဆက်သစ်လူငယ်များ)အဖွဲ့က လူအင်အား ၁၀၀ ခန့်ဖြင့်စီတန်းလှည့်လည်


အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည့် ယနေ့ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွဲဖြေရှင်းမှုနှင့်ပတ်သက်၍ Generation Wave (မျိုးဆက်သစ်လူငယ်များ)အဖွဲ့က လူအင်အား ၁၀၀ ခန့်ဖြင့်စီတန်းလှည့်လည်မှုပြုလုပ်ခဲ့သည်။
မြို့တော်ခန်းမရှေ့၊မဟာဗန္ဓုလပန်းခြံနှင့်ဆူးလေဘုရားကိုပတ်ကာစီတန်းလှည့်လည်ရာ နံနက် ၁၁ နာရီမိနစ် ၂၀ ခန့်တွင်ပြီးဆုံးခဲ့သည်။ လက်ပံတောင်းတောင်အရေးနှင
့်ပတ်သက်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသပိတ်စခန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုအားတရားမျှတစွာဖြေရှင်းရန်၊ အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြသူတို့ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမှအမြန်ဆုံးလွှတ်ရန်အချက်များကိုလည်း သဘောထားကြေညာချက် ဖော်ထုတ်တောင်းဆိုခဲ့သည်။ Generation Wave(မျိုးဆက်သစ်လူငယ်များ)အဖွဲ့၏ ဆန္ဒဖော်ထုတ်စီတန်းလှည့်လည်ပွဲသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှကိုဌေးကြွယ်တက်ရောက်ခဲ့သည်။ 10.12.2012
ဓာတ်ပုံ-ကျော်ဇင်သန်း

No comments:

Post a Comment