Thursday, 13 December 2012

မွေးကင်းစ၀ိညဉ်တကောင်နှင့်နေထိုင်ခြင်း


ပြဿနာဘဲ ဒီလူ
ခွေးအူသံလို လှိုက်လှိုက်တက်လါတဲ့ ဆေးလိပ်ငွေ့ထဲမှာ
ပရောပရီနဲ့ 
လရောင်နဲ့ ငါ့ရင် တိုးတိုက်မိသံ
တံခါးကို စိတ်က ဆောင့်ကန်မိသံ
ရုပ်က တံခါးနဲ့ တထပ်တည်းကျသွားသံ
ရသေ့ကြီးဦးခန္တီ၏ ဂုဏ်တော်နဝင်း အဓိဌာန်
ပုတီးစိပ်နည်းများအတွင်း သင်းကွပ်ခံအိပ်မက်နရီစည်းချက်မဲ့
ဒီမှာ ခင်ဗျားတို့ ဘာ့ကြောင့် institution အကြောင်း ပြောနေခဲ့
နားလှည့်ပါးလှည့်
နံရံသည် ပါးလှပ်လှသော်လည်း
ရုပ်လုံးကြွအဇ္ဈတ္တသည်းကား နံရံ
တွင်သော ဤအမည်အတွင်း အသက်ယဲ့ယဲ့ သဏ္ဍာန်
အလံကဲ့သို့ အတွေးသည် တိုင်နှင့် လွင့်၏
လူ ကဏ္ဋကောစ လုပ်လို၏
အမိ ဤမြန်မာပြည်နှင့် ကျွန်ုပ် ကျနော် ကျုပ်
ကိုယ်လွတ်ရုန်းရခက်ခဲ့၏ ဝိညာဉ်သည်
ချစ်သူ့ ထံပါး ဇက်သတ် ခတွား
မိုးနှင့်မြေ အီလက်ထရောနစ်သစ္စာရေ
မြွေ ညှို့ သူ လေးကောင် ဂျင်
ဘီယာ သဒ္ဒါ ကဗျာ အင်ဖော်မေးရှင်းပျံ့ နှံ့ရာ
ပချုပ်အတွင်း အာကာသ သမိုင်း
အရိုင်းအစိုင်းနာရီလက်တံများ
အယ်လ်အီးဒီဘက်ထရီပျက်ကဲ့သို့
အယုံသွင်းရ ခပ်ခက်ခက်နေ့ ရက်များ အများသူငှာ
ကဗျာစပ်နေကျ ဆပ်ပြာပူပေါင်းတလုံး၏
သက်တံရောင်အိပ်မက် အကွဲ အစများ ပေါက်ထွက်သွားသော ပါကစ္စတန် စည်းရိုးများ
ဆံသထိုင်ခုံပေါ် ကြွင်းကျန်ရစ်သော ကိုယ်ငွေ့ ဗေဒ
ပဉ္စလက်ကဲ့သို့ သူ၏ သင်တုန်းဓါးအောက်မှ
ခပ်တင်းတင်းလည်ဆံမွှေးများ
အမေ ကျနော့်ကို လွမ်းတယ် ကျနော်
အမေမှ အပ အခြားအရာများ လွမ်းရစ်ခဲ့တယ်
လမ်း သရမ်းထားတဲ့ စိတ်ဖြစ် ပန်းချီကား
စပ်ကူးမတ်ကူး ကမူးရဲ့
အယ်လ်ဂျီးရီးယားမသိစိတ်ထဲ စီးဆင်းသွားသော
ဦးပိန်တံတားအောက်က မြေထဲပင်လယ်ရနံ့ များ
အခြား အခြားသော အောက်ခံစိတ်ကူးထည်များ
ပြဿနာဘဲ ဒီလူ
ဖရေဇာကို ခေါ်နေတယ်
ဗိုလ်အောင်ကျော်ကို ခေါ်နေတယ်
ဗန္ဓုလကို ခေါ်နေတယ်
ညဟာ ငါ့အပေါ် မင်းဆီ ဘယ်လိုနက်သွားတယ်
အူကလီစာများနဲ့
ရိုးတွင်းချဉ်ဆီများနဲ့
ဦးခေါင်းခွံအလွတ်များနဲ့
night club ထဲက ရာသီစာ cokeနဲ့ဝီစကီရိုးရာ
အတွေးဟာ အဲဒီထဲက ဓါတ်လှေခါးအတိုင်း
ဆင်းလိုက် တက်လိုက် သူနှင့်
ဝိရောဓိအနမ်း
ကိုယ်သင်းရနံ့ မဲ့ဆုံချက်ရိုင်း
ပင့်သက်တိုင်းတွင် layer အလွှာ ရှိ၏
ရင်ခုန်သံ အပြိုင်းပြိုင်းနှင့် စုံမက်
တချက်တချက်
pop ထဲ punk ထဲ ring tone သံထဲ
big bag ထဲ
ငါ့နံဘေးက ထသွားခဲ့သောနှုတ်ခမ်းနီနံ့အောက်သိုးသိုးထဲ
ေ၀ဒနာအေပါက္အျပဲ နံႀကပ္အက်ႍမ်ားထဲ
ဟပ်နေသော နီယွန်ထု
ခြေစုံကန်လရောင်စု ကမ္ဘာသည်
သူ၏ ရေ မြေ လေ မီး အတု
ရင်သည် ခင်ဗျား၏ အတု ခံစားချက်သည်
နင့်ရဲ့ အတု ဗဟိုချက်မသည်
ပျံ့ လွင်းခြင်း၌ အတု ရတုရကန်နှင့်
ရှိခိုးကော်ရော် ဘုရားသခင်သည် အိပ်မက်ထဲမှာ
အသွေးနှင့် အသားနှင့် အတု
ပွေ့ ဖက်ခဲ့ဘူးသည် " မက်တဖာ"တိုင်းသည် အတု
မျိုးသုဉ်းကာနီး မူများ ဝါဒများ ကြေညာချက်များ
မဟာဗျုဟာများ main stream မှ ခွဲထွက်ခဲ့ဘူးသည်
စာရွက်ပေါ်တွင် အတု
ယုယစွာပွတ်သပ်တင်ခဲ့သော မြင်းမြီးစများကဲ့သို့ 
မင်းဆံနွယ်ဆံစများသည် အုပ်မိုးခြင်းအပြည့်ဖြင့်
ငါ့မျက်နှာရွရွ၌ ဖြောင့်ဖြောင့်စင်းစင်း အတု
ကနုကယင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်
သဒ္ဒါကျကျ မျက်ခုံးထက်မှတွားသွား၍ကျလာသော
မျက်ခွံဆင်ခြေလျှောပေါ်
တင်္ဂဂလှုပ်ခတ်ခဲ့သောဧရိယာပြင်ပမှ ငလျင်ကဲ့သို့
မြစ်၏ညာဘက်မှ ကူးခတ်၍
မြစ်၏ဘယ်ဘက်သို့ ရည်ညွှန်းရော်ရီ အခန်းသည်
ကျဉ်းသထက် ကျဉ်း၍ ကျဉ်း၍ လိုက်လာ
ဆည်းဆာကဲ့သို့ လှိုက်စား
ဆေးပေါ့လိပ်တိုကဲ့သို့ အငုပ်များ
ကလီရှေး ကဲ့သို့ အပျက်သဘော တော
သို့မဟုတ် တောင်
ယခုထိ အဆုံးသတ်မရလေသည့် ဤကဗျာ
တဏှာ...............
.....................................................
အာဏာအောက်၌............................အတု
ပြဿနာဘဲ ဒီလူ................။...........။

လူလူလက်ျာ

မက်တဖာ= metaphor
ကလီရှေး=cliche

No comments:

Post a Comment