Wednesday 12 December 2012

ရာဇဂြိုလ်

ရာဇဂြိုလ်
*******

တနေ့က ထိုင်းဆိုင်မှာ မုန်ညင်းအ၀ါတွေတွေ့ တော့ 
ကိုယ်တော်တော် ၀မ်းသာသွားတာ။ ဆိုင်မှာအများကြီးရှိမှန်း သိရဲ့ သားနဲ့  သူများတွေယူမှာစိုးလို့ တယောက်တည်း အပြေးအလွှားသွားဆွဲတော့ အတူလိုက်လာသူကတောင် ဘာဖြစ်သလဲလို့  မေးယူရတယ်။ ဒီကဆို

င်တွေမှာ မုန်ညင်းတွေရပေမယ့် များသောအားဖြင့်တော့ တရုတ်တွေကြိုက်တဲ့  မုန်ညင်းအဖြူတွေ ကိုယ်လိုချင်တဲ့ ရာဇဂြိုလ်မုန်ညင်းအ၀ါတွေ က မရတတ်ဘူးလေ။ ဒါကြောင့်အခုလိုတွေ့ လို
က်ရတော့ ကိုယ့် မှာ ရတနာသိုက်တွေ့ သလိုဘဲ။

ရာဇဂြိုလ်မုန်ညင်းအ၀ါလို့ ကိုယ်ပြောတဲ့ မုန်ညင်းက အဖူးအ၀ါလေးတွေနဲ့ ချိုတယ် ဆီထုတ်လို့ လည်းရတယ် မုန်ညင်းချဉ်ဖတ်ထည့်လို့ ရတယ် မုန့် ညင်းဟင်းပေါင်းလည်းလုပ်စားလို့ ရတယ် ကိုယ့် အမေရဲ့ ဇာတိ အထက်ချင်းတွင်းဘက်မှာ တော့ အဲဒိမုန်ညင်းက ဆောင်းရာသီ အဓိကသီးနှင်္ဘဲ။

အဲဒိမုန်ညင်းဝါတွေဖုးတဲ့  တခုသော ဒီဇင်ဘာလမှာ စစ်ကိုင်းတိုင်းကလေးနဲ့ တမူး ကားလမ်းဘေးက အမေတို့အမျိုးတွေနေတဲ့  ရာဇဂြိုလ်ဆိုတဲ့ ရွာလေးကို ကိုယ်အလည်သွားခဲ့ဖူးတယိ။ ရာဇဂြိုလ် ဆိုတာ ဗိမ္မသာရမင်းကြီးရဲ့ အိန္ဒိယက မင်းနေပြည်တော် ကိုအစွဲပြုနာမယ်ပေးထားတဲ့ ရွာကလေး။ တမူးကို သွားတဲ့ ကားကိုစီးပြီးတော့ အဲဒိကားလမ်းကနေ ရွာကိုခြေကျင်လျှောက်ခဲ့ ကြတယ် ခြေကျင်ဆိုပေမယ့် အတော်သာယာတဲ့ ခရီးပါ။

အ၀ါရောင်တွေဖူးနေတဲ့ မုန်ညင်းခင်းကြီးတွေရယ်။ အရွက်တောကြွေနေတဲ့ အင်တိုင်းတောကြီးတွေရယ် ။ ငါးလေးတွေကူးနေတာကို မြင်နေရတဲ့ စမ်းချောင်းလေးတွေရယ်ကြောင့် ကိုယ့် မှာလျှောက်လို့ ကို မမောနိုင်မပန်းနိုင်ဘူး။

နောက်ချောင်းကြီးတခုကို ကျော်ပြီးတဲ့ နောက်မှာတော့ ကုန်းမြင့်မြင့်မှာရှိတဲ့ ရာဇဂြိုလ်ရွာကို ရောက်သွားတယ် တရွာလုံးက တော့ အမေတို့ အမျိုးပါဘဲ ရန်ကုန်နဲ့ မြန်မာပြည်အောက်ပိုင်းမြို့ ပြမှာဘဲ ကြီးလာပြီး အတော်အချိုးမပြေ ဆယ်တန်းအောင်ကစ ဆောင့်ကြွားကြွား ညစ်ကျယ်ကျယ်ကောင်မလေးဖြစ်တဲ့ ကိုယ့် ကို မြို့ ကြီးသူ သူတို့ မြေးမလေး တူမလေးဆိုပြီး ၀မ်းသာအားရကြိုကြတယ်။ ကလေးတွေခါးထစ်ခွင်ချီထားတဲ့ ကိုယ့် ထက် နှစ်နှစ်သုံးနှစ်လောက်ဘဲကြီးပုံရတဲ့  ကလေးအမေသုံးလေးယောက်ကတော့ ကိုယ့် ညီအမ၀မ်းကွဲတွေတဲ့  သူတို့ က လေးတွေကို ကိုယ့် ကိုထိုးပြပြီး အရီးလို့ ခေါ်ခိုင်းကြတော့  ကိုယ်အတော်အောက်သက်သက်ဖြစ်သွားတယ်.
ရာဇဂြိုလ်ကတော့ ကျေးရတတ်တောင်သူကြီးရွာလို့ ပြောရမယ်။အိမ်တွေကလည်းကျွန်းအိမ်အခိုင်အခန့်ကြီးတွေ. စပါးကျီတွေကလည်း ရန်ကုန် မြောက်ဥက္ကလာက အိမ်တလုံးစာလောက်ရှိတယ်။ အိမ်ကြီးဝင်ကြီးတွေဆောက်ပြီး အဲဒိမှာဆွေစုံမျိုးစုံနေကြတယ် .တအိမ်မှာအနည်းဆုံး ဘိုးဘွားမိဘအစုံနေကြတာမို့ မရှိဘူးဆို အနည်းဆုံး လူခုနှစ်ယောက်ရှစ်ယောက်ရှိတယ် သူတို့ က သားတွေသမီးတွေများတာကို ကြိုက်တယ်တဲ့ သားသမီးများတော့ လယ်ယာကိုအငှားချစရာမလိုဘဲ ဖိဖီစီးစီးလုပ်နိုင်ကြလို့ စီးပွားရေးတွက်ချေပိုကိုက်သတဲ့ ။

စားစရာကတော့ ရွာကထွက်တဲ့ သီးနှံနဲ့ စိုက်ပျိုးတာကိုဘဲ စားရတယ်. ငွေရှိလည်းဝယ်စရာဈေးက မရှိဘူး. မုန့် ဆိုင်လည်းမရှိဘူး။စပါးကျီထဲမှာ တနှစ်စာလှောင်ထားတဲ့ စပါးကို ဆန်ကြိတ်။
မုန့် ညင်းကို ဆီကြိတ်ပြီးတိုင်ကီတွေနဲ့ လှောင်။ နှမ်းကြိုက်တဲ့ သူကတော့
နှမ်းစိုက်ပြီးနှမ်းဆီလှာင် တနှစ်စာ ဆားတအိတ် မျှင်ငပိခပ်ကြမ်းကြမ်းတအိတ်ဝယ်ထား.။
ခြံနဲ့ ယာထဲမှာစိုက်တဲ့ ဟင်းသီးဟင်း၇ွက်တွေနဲ့ ဘဲစားပေရော့ မိုးဆိုရင်တော့ အင်တိုင်းတောထဲက မျှစ်နဲ့ မှို ပေါပေါစားရမယ်။
ငါးကျတော့ အဲဒိချောင်းလေးတွေထဲက ရှာရတာလေးတွေကိုဘဲစား။ တောနဲ့ နီးတော့ဆက်သားခြောက်တို့ တောဝက်သားခြောက်တို့ တော့ပေါပေါစားရပါတယိ။

ဆောငိးရာသီဆိုရင်တော့ အဓိက ကမုန့် ညင်းဘဲ .တခါတလေ သူတို့ မုန်ညင်းခင်းထဲသွားရင်ကိုယ်လိုက်သွားတယ်။ အဲဒိမှာမုန့်ညင်းပင်ပေါက်တွေ တနေကုန်ခူးရတယ် ပြီးတော့ ယာစပ်မှာပေါက်နေတဲ့ မြူရွက်တို့ ဘောက်လောက်ရွက်တို့ ခူးကြတယ်။ ပြန်လာရင် အဲဒိမုန်ညင်းတွေကို အချဉ်သိပ် မြူရွက်တို့ ဘောက်လောက်ရွက်တို့ တော့ ဆီချက်မြေ့ပဲထောင်းပြီး သုပ်ကျွေးတယ်။ ဈေးမရှိဘဲ စိုက်တာပျိုးတာဘဲစားရတာဆိုတော့ သူတို့ ဟင်းတွေဟာ တပတ်လောက်လည်းကြာရောဒီဟင်းတွေချည်းဘဲ။ နေ့ တိုင်း ကို မုန့် ညင်းချဉ် အားပြုစားကြတာဘဲ .တခါတလေကျရင်တော့ မုန့် ညင်းရွက်အဖူးတွေကို ဂျင်း၊ ဆန်မှုနိ့ ၊မျှင်ငပိနဲ့ မြေအိုးတွေနဲ့ ပေါင်းတဲ့ ဟင်းပေါင်းဆိုတာ စားရတယ် ။

တခုရှိတာက သူတို့ က ကိုယ်တို့ မြို့ ကလူတွေလို ထမင်းနဲ့ ဟင်းကို သေချာအချိန်ယူချက်ပြုတ်ပြီးစားနေတာမဟုတ်ဘူး .ဟင်းတွေဘာတွေချက်ရင်လည်းကိုယ်တို့ တွေလို အဆာပလာအစုံအလင်နဲ့ ဆီသတ် ပြင်ဆင်ချက်နေတာမဟုတ်ဘူး.သူတို့ ဟင်းချက်တာကိုယ်ထိုင်ကြည့် ဖူးတယ် .ဆီတိုင်ကီထဲက ဆီမှုတ်ကြီးတမှုတ်ယူထည့် ရေထည့် မျှင်ငပိထည့် .ဆားထည်။့ ငရုတ်သီးထည့် ပြီးရင် အိုးကိုမီးဖိုပေါ်မှာပစ်ထားလိုက်တာဘဲ။ ချဉ်ဟင်းဆိုလည်းရေရယ် မန်ကျည်းသီးရယ် ငပိရယ် အရင်တည်ထားပြီး ဟင်းရွက်တွေ ခတ်ပလိုက်တာ . ဒါပေမဲ့ နော် သူတို့ တွေထမင်းစားရင် ကိုယ်တို့ လိုတို့ ကနန်းဆတိကနန်းမဟုတ်ဘူး ။တယောက်ကို ဆန်နို့ ဆီဗူး ၂ဗူးလောက်တော့ အသာလေးဘဲ

ညကျရင်တော့ ဘက်ထရီနဲ့ ဖွင့်တဲ့ အဖြူအမည်းတီဗီလေးတွေကို ကြည့်ကြတယ် ဒါမှမကျေနပ်ရင်တော့ ဗီဒီယိုရုံးသွား နို့ မို ကတော့ အိပ်ဖို့ သာပြင်ပေရော့ဘဲ အဲဒါမှာတလလောက်ကိုယ်နေ ခဲ့ တာ သူတို့ ဘ၀ကဒါဘဲ လယ်ထဲသွားမယ် မုန့် ညင်းနူတိမယ် မုန့် ညင်းချဉ်နဲ့ ထမင်းစားမယိ အဲလို စ၇ိတ်ကျဉ်းတာမို့ ရသမျှက စုမိသလိုဖြစ်ပြီး မုန့် ညင်းချဉ်နဲ့ ထမင်းစားနေပေမယ့် ရွေဆွဲကြိုးတွေက တယောက်ကို ငါးကျပ်သားတဆယ်သားဆီဆွဲထားကြတယ် အစကတော့တယောက်နှစ်ယောက်လားလို့ ထင်တာ မိန်းမတော်တော်များများအဲလိုဝတ်ကြတာ ။ေ၇ွှကိုအလှဝတ်တာလည်းမဟုတ်ဘူး ရွှေငါးကျပ်သားတဆယ်သား လည်ပင်းတွေမှာဆွဲထားကြတာကို ကြေးရတတ်တွေလို ဂုဏ်လုပ်ပြီးကျေနပ်နေကြတာဘဲ. ကိုယ်ရှိတဲ့ အချိန်မှာ လွတ်လပ်ေ၇းပြေးပွဲဆိုပြီးရွာထဲကကလေးတွေ ကွင်းထဲမှာပြေးကြတယ်။ အဲဒါကိုပွဲသဘင်ကြီးလုပ်ပြီး တရွာလုံးထွက်ကြည့် ကြတယ်။

တခုချစ်စရာကောင်းတာကတော့ အရမ်းမြန်မာဆန်ပြီး ဘာသာရေး ကိုင်းရှိုင်းတာဘဲ။ မနက်ကို ဘုန်းကြီးကျောင်းက တုန်းမောင်းခေါက်သံနဲ့  အိပ်ရာထရတယ်။ သာရေးနာရေးတွေမှာ ရွာဆေိာ ကလိုက်အော်တယ် အပျိုခေါင်းလူပျိုခေါင်းတွေရှိပြီး အပျိုလူပျိုသု့ အုပ်နဲ့ သူနေရတယ် ဘာသာရေးထုံးစံတွေကို လည်းလိုက်နာကြတယ်.

အဲဒိအချိန်က ကိုယ်ကဆယ်တန်းအောင်ပြီးကာစ ရည်မှန်းချက်တွေက အပြည့်နဲ့ မရောက်ဘူးလို့ သာလိုက်လာတာ။ ဒီလိုနေရာမျိုးမှာကိုယ်မနေနိုင်ပါဘူး။ အမျိုးတွေဓလေု အထူးအဆန်းတွေကိုကြိုက်ပေမယ့် အနည်းဆုံး သူတို့ စားသလိုတောင် ကိုယ်တလလောက်တောင် မစားနိုင်ပါလားဆိုတာ သိလာရတယ်။ ကိုယ့်ရဲ့ နှစ်ဝမ်းကွဲ အမျိုးတွေမို့ သူတို့ ကဒီမှာကျောင်းဆရာမ လုပ်ပြီးနေခဲ့ ပါလာလို့  ကိုယ့် ကိုပြောကြတယ်။ ကိုယ်သာကျောင်းဆရာမလုပ်ရင်တော့ အခြေကြီးကြီးလယ်များများပိုင်တဲ့ မြေရှင်တယောက်နဲ့ သားနဲ့  ပေးစားမယ်ဆိုဘဲ ။
သူတို့ အဲလိုစရင် ကိုယ်တော့ ရွှေသံကွင်းကြိုးကြီး လည်မှာဆွဲထားမယ့် တောင်သူကြီးကတော် တောကျောင်းဆရာမ ကိုယ်ပုံစံကိုယ်မြင်ယောင်ကြည့် မိတယ်။
စိတ်ကူးနဲ့ တောင် အတော်ကို့ ယို့ ကားယားနိုင်နေပြီ

အခုတော့ဘာဖြစ်သလဲ အင်မတန်မှ တိုးတက်ချင်တဲ့  ရည်မှန်းချက်ကြီးတဲ့ ကမ္ဘာကြီးကို ပတ်ကြည့် ချင်တဲ့ ကိုယ်က ကိုယ်လိုချင်တဲ့ ဘ၀ကိုရတယ်လို့ ပြောလို့ ရတဲ့ အနေအထားမှာပေါ့ ဒါပေမဲ့ လူ့ စိတ်ဆိုတာထူးဆန်းသား။.ကိုယ်တချိန်တုန်းက စိတ်ကူးယဉ်ခဲ့ တာတွေကို ကိုယ်ရတဲ့ အချိန်မှာ ကိုယ်လိုချင်တာဒါတွေမဟုတ်တော့ ပြန်ဘူး .အခုအချိန်မှာကိုယ့်ရင်ကို ထိတ်ကနဲဝမ်းသာစေတာ ပျော်ရွင်စေတာ လာဗေး၈တ်စ်ကို သွားမယ့် လေယာဉ်လတ်မှတ်လဲမဟုတ်ဘူး ကမ္ဘာကျော်နာမည်ကြီး တွေနဲ့ ဆုံမယ့် ညစာစားပွဲတွေလည်းမဟုတ်ဘူး
မုန့် ညင်းဝါတစီးဖြစ်နေပြန်ပြီ။

မုန့် ညင်းပင်ပေါက်ဝါ၀ါလေးတွေဖုံးနေတဲ့  ရာဇဂြိုလ်က မုန့် ညင်းခင်းတွေကြား တခေါက်လောက်တော့ ပြန်ရောက်ချင်ပါရဲ့ ။

Burma-Newselite

No comments:

Post a Comment