Thursday 27 December 2012

သစ်ထူးလွင် သူခိုး စာမျက်နှာ တာဝန်ခံများ သိစေရန်

သစ်ထူးလွင် စာမျက်နှာ တာဝန်ခံများ သို့
သင်တို့ရဲ့ စာမျက်နှာမှာ သတင်းများကို ဖော်ပြပေးနေတာ သိရပါတယ်။တချို့ သတင်းဖော်ပြမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုက်ရာ သတင်း မူရင်း ရင်းမြစ်ကို ဖော်ပြပေးသင့်ပါတယ်။ကျနော်လဲသူများဆီမှယူတဲ့သတင်းများကို ဖော်ပြပေးနေတာဘဲ။

စတုတ္ထမဏ္ဍိုင်မှာ တထောင့် တနေရာက ပါဝင်နေတဲ့ သတင်းသမားအချင်းချင်းဖြစ်လို့ အခုလို သတိပေးလိုက်တာပါ။
ကျနော်အနေနဲ့ Citizen Journalist တဦးအဖြစ် ခံယူထားသော်လည်း သတင်း မီဒီယာ သမားများ ကျင့်ဝတ်ကို လေးစားလိုက်နာသူဖြစ်၍ သင်တို့ သတင်းစာမျက်နှာကိုလည်း
အလားတူ လေးစားလိုက်နာစေလို၍ အကြောင်းကြားလိုက်ခြင်းဖြစ်ပါတယ်။

မိမိဒီသတင်းနဲ့ဘာမှစိတ်ထဲမှာမရှိပေမယ့်
အမေစုရဲ့ လုံခြုံရေးအတွက်နောက်နောင်တင်းတင်းကျပ်ကျပ် ဖြစ်စေချင်လို့ ဖော်ပြပေးတာပါ ။
နောက်နောင်သတင်းများလိုချင်ရင်ခွင့်တောင်းပါ
မိမိတင်ထားတာဖြစ်လို့ အသိပေးလိုက်တယ်
ဒါတောင်သူများလာပြောမှသိရတာပါ
ခရက်ဒစ်မပေးဘဲဒါမျိုးမဖော်ပြတာ ဘာသဘောလဲ?
သတင်းအသက်တမနက်တဲ့ မှတ်ထားပါ။ကျနော်ဒီလိုရေးတာစိတ်မကောင်းပါ။
သူများတွေပြမှသိရပါတယ်။


နောက်ဆင်ခြင်ပါသစ်ထူးလွင် http://www.thithtoolwin.com/2012/12/blog-post_4085.html#.UNp8tHdu7Zk

ကိုထွန်းဝေ
ဂျပန်
26.12.2012


************************************************************************************************************************************************
မိတ်ဆွေများ သူတို့ ဝက်ဆိုဒ်မှာဖော်ပြတာ မူရင်းကိုလင့်ပေးလိုက်ပါတယ်။
http://www.thithtoolwin.com/2012/12/blog-post_4085.html#.UNp8tHdu7Zk


မြိတ်မြို့ မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ပြောကြားနေစဉ် လုံခြုံရေး စည်းကျိုးပေါက်ခဲ့ (ရုပ်/သံ)
Browse › Home › ဗွီဒီယို » မြိတ်မြို့ မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ပြောကြားနေစဉ် လုံခြုံရေး စည်းကျိုးပေါက်ခဲ့ (ရုပ်/သံ)
NLD ဗဟိုလုံခြုံရေးနှင့် နယ်မြေခံ မြိတ်လုံခြုံရေး အကြား နားလည်မှု လွဲမှားခြင်း၊ မြိတ် NLD တာဝန်ခံများ စီစဉ် ညွန်းကြားမှု ညံ့ဖျင်းခြင်း ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောရာ စင်မြင့်ထက်သို့ လူတစ်ယောက် စွတ်အတင်း တက်ရောက် လာပါတယ်။ အဲဒီလူနဲ့ NLD လုံခြုံရေး အဖွဲ့ တွေကြားမှာလည်း ရုန်းရင်း ဆံခတ် ဖြစ်ပွါးခဲ့ပါတယ်။ စင်ပေါ် ရောက်လာသူကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘယ်လို တုန့် ပြန်လိုက်တယ် ဆိုတာကို တော့ (ရုပ်/သံ)မှာ ကြည့်ရှုနိုင်ပါတယ်။ ရိုက်ကူး - မောင်စူပါ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


မူရင်း   ကိုမဖော်ပြရင်  နောက်မလာပါနဲ့ ။
ကွန်မန့် များ
  • Thet Naung Naung Soe သစ်ထူးလွင် ကိုကြည့်လို့ မရတာကြာပီ ။ သူများ သတင်းတွေကို ကော်ပီ ပေ့ လုပ်ပြီး ။ သူဆီ ကနေ ကူးလို့ မလွယ်အောင် စာတွေကို စကရင် ရှုရိုက်ပြီးတင်တယ် ။ ဗီဒီဖိုင် လည်း ထိုနည်းလည်းကောင်း ။ ရိုက်ကလစ် မရ အောင်လဲ လုပ်ထားသေးတယ် ။ အခု ခရက်ဒစ် လဲ မပေးပြန်ဘူး ။
     
    Chit Coco သူများမသိအောင်ယူတာကံငါးပါးကတပါးကိုကျုးလွန်တာပေါ့
     
    • John Kyaw သစ်ထူးလွင်က သူများဆီကသာကူးတာဗျ။ သူ့ ဆီရောက်သွားရင် ကူးလို့ မရအောင်လုပ်ထားတယ်။ ခုန ဒေါ်စုဗွီဒီယိုဆို အောက်ကနေ thithtoolwin.com ဆိုပြီး သူ့ တံဆပ်တုံးပါထုလိုက်သေး။
       
      • Tun Naing သတင်း သမားရဲ့ စည်း ဖေါက်လို့ ကတော့ မြှောက်နေတဲ့အမှီး ကုတ်သွားအောင်
        သစ်ထူးလွင်လို သတင်းသူခိုးတွေ နောက်နောင် ဒီအပြု အမူမျိုးထပ်မံ ပြုလုပ်လာမယ်ဆိုရင်ကျုပ်တို့ ဖဘ စါဖတ်ပုရိတ်သတ်တွေရဲ့ ဒဏ်ခတ်ခြင်းကိုခံရလိမ့်မယ်ဆိုတာ ပထမဦးဆုံးအကြိမ်နှင့်နောက်ဆုံးအကြိမ်အဖြစ်သတိပေးလိုက်ပါတယ်...
      • ဒီ ချစ် သူ သတင်းမှာ ခရတ်ဒစ်လေးပေးလိုက်တာ ဘာများအပန်းကြီးလို့လဲဗျာ။ ကိုယ့်ဆီက သတင်းကျတော့ သူများကူးမရအောင်လုပ်ပြီး သူများသတင်းကိုခိုးတာ သိပ်ပြီး အောက်တန်းကျတဲ့အလုပ်ပဲ။ သတင်းစီးပွါးရေးမို့လို့ မိမိယူထားတဲ့ သတင်းကို လက်ဝါးကြီးအုပ်ထားတာကို နားလည်ပေးနိုင်ပေမယ့် ဘီဘီစီတို့၊ ရိုက်တာတို့တောင်မလုပ်တဲ့ ကောပီလုပ်တာကို ပိတ်ပင်ထားတာ စာဖတ်သူတွေကိုပါစော်ကားတာပဲ။ အများစုက သတင်းရင်းမြစ်ကို ဖော်ပြပြီးမှ ဖြန့်တာပါ။
      • Amt Dragon Amt သစ်ထူးလွင်ရေးတဲ့ စာသားတွေကြိမိတ်မြို့ ခံတွေနဲ့ nld ကို၇န်တိုက်ပေးသလိုဖြစ်နေတယ်...တစ်ကယ်တမ်းကျတော့
        မြိတ်ြိမို့ ခံတွေနဲ့ အမေစုရဲ့ လုံခြုံရေးယူထားတဲ့ သူတွောကော
        သူတို့ တာဝန်ကျေအောင်ထမ်းဆောင်ခဲ့ပါတယ်...
        မြိတ်မြို့ ခံလူကြီးလူငယ်အားလုံးသူတို့ တာဝန်ကျေအာင်ထမ်းဆောင်ခဲ့တာ
        အမေစုနဲ့ NLDကသိပါတယ်..စင်ပေါ်လူတက်လာတာသူတို့ တာဝန်မကျေတာမဟုတ်ဘူး...သူတို့ မှာအစိုးရလုံခြုံရေးတွေလိုလုပ်ပိုင်ခွင့် 
        အာဏာမရှိတာရယ်...အမေစုကိုပြည်သူမုန်းမှာကြောက်တာရယ်...
        လက်ရုံးအားကိုမတာမြစ်ချင်တာရယ်ကြောင့်ပါ...
        ဘယ်လိုပဲဖြစ်ဖြစ်သူတို့ တတ်နိုင်သလောက်တားဆီးခဲ့တာပဲ...
        ဗီဒီယိုထဲမှာကြည့်ရင်သိပါတယ်...ဒီတော့မြိတ်မြို့ ခံသူတွေနဲ့ 
        NLD အမုန်းပွားစေမယ့်ရှုံ့ ချတဲ့ စကားကိုမသုံးသင့်ဘူး....
        မြိတ် NLD..နဲ့ ..NLDဗဟိုကလူတွေသူတို့ တတ်နိုင်သလောက်
        အစွမ်းကုန်တာဝန်ယူနေတဲ့ အချိန်..အဲ့ဒီလိုအသုံးကစော်ကားသလိုဖြစ်နေပါတယ်..
        NLDကိုချစ်တဲ့သူတိုင်း..အမှန်သိပါတယ်...
      • Amt Dragon Amt အမေစုရဲ့ သတင်းတွေကိုလဲ....သေချာမသိပဲပို့ စ်တင်တဲ့ သူတွေရဲ့ 
        ပို့ စ်မှန်သမျှကော်ပီယူတာလဲအတတ်နိုင်ဆုံး..ရှောင်နိုင်ပါစေ...
        လိုချင်ရင်လဲပို့ စ်တင်တဲ့ သူကိုအသိပေး၇မယ့်မီဒီယာကျင့်ဝတ်လိုက်နာပါ
        အစ်ကိုကြီးကိုထွန်းဝေရေ..စိတ်မကောင်းပါဘူး..မီဒီယာသမား
        ကျင့်ဝတ်မပီသတဲ့ သူတွေကိုခုလိုသတိပေးတာကောင်းပါတယ်...
      • Amt Dragon Amt ဗီဒီယိုမှာ..သစ်ထူးလွင်ဆိုပြီး..မူပိုင်လိုလုပ်ထားတာသိပ်ဆိုးဝါးလွန်းတယ်
      • Myo Thet · Friends with Kyaw Swar Myint and 83 others
        သစ်ထူးလွင်က သူများသတင်းကိုပဲ ကိုယ့်သတင်းယောင်ယောင် ဖော်ပြနေတာပါ... သူတို့ကိုယ်တိုင် ရိုက်ကူး ရေးသားတဲ့ ဓါတ်ပုံဆောင်းပါးဆိုတာ မရှိပါဘူး... တခါတလေ သူများဓါတ်ပုံကိုတောင် သူတို့နာမည် တင်ရေးလိုက်သေးတယ်... ဖွသတင်းတွေပဲ တင်ပေးပြီး ဦးတည်ချက်မရှိတဲ့ သတင်းစာမျက်နှာပါ.... စီးပွားရေးအရပဲ လုပ်လုပ် နိုင်ငံရေးကစားချင်လို့ပဲလုပ်လုပ် ကျင့်ဝတ်နဲ့တော့ ညီစေချင်ပါတယ်...
      • ဖင်ပြောင် ဘာဘာရန် Citizen Journalist ဆိုတဲ့နာမည်နဲ့အညီကိုယ့်ရဂုဏ်ကိုကိုယ့်ထိန်းဖို့လိုပါတယ်တကယ်လို့Citizen Journalist ဆိုတဲ့အတက်ပညာကိုမတက်ရင်မေးပါ မြန်းပါ မတက်ရင် တက်တဲ့လူတွေသင်ပေးပါလိမ့်မယ်မရှက်ပါနဲ့ ကိုယ်ဂုဏ်သိက္ခာနဲ့အမျိုးဂုဏ်ကိုထိန်းသိမ်းပါ
      • Tun Wai ဘာနေရာကိုထိန်းရမှာလဲ ကွ မင်းစာဘယ်လောက်တတ်လဲ ဘာအကြောင်းနဲ့ ရေးတာလဲ ဟိတ်ကောင် ရှင်းစမ်း
      • ငရဲ သား ကျွန်တော်ကတော့ သစ်ထူးလွင်ဆိုဒ်ကို သူများချက်ပြီးသားကို ခူးခပ်စားနေတဲ့သူလို့ ယူဆပါတယ်..။ ကူးရင်လည်း Credit တော့ ပေးပေါ့ဗျာ...။
        အပေါ်က ဘာဘာရန်ဆိုတဲ့ပ ဆရာသမားလည်း အဓိပ္ပါယ် နှစ်ခွထွက်မယ့် စကား မရေးနဲ့လေဗျာ..။
      • ဖင်ပြောင် ဘာဘာရန် ဒေါသမပါကြေးလေးအကို စိတ်ကိုထိန်းပါ 'မင်းစာဘယ်လောက်တက်လဲ' ဆိုတဲ့မေးခွန်းကို ခင်ဗျားကိုခင်ဗျားပြန်မေးလိုက်သလိုပဲ ခင်ဗျားသာတကယ် Citizen Journalist အစစ်တယောက်ဆိုအဲ့မေးခွန်ပြန်ပေးစရာအကြောင်းမရှိဘူးလို့ထင်တယ်
      • ဖင်ပြောင် ဘာဘာရန် သူငယ်ချင်း ငရဲသား အခုလို့အကြံပြုတာကိုကျေးဇူးအထူးပင် အထူးတင်ပါတယ်
      • Tun Wai ဖင်ပြောင် ဘာဘာရန်မင်းသိထားပါ ဒီဗွီဒီယိုတင်တာ အွန်လိုင်းမျာ ငါတစ်ယောက်ဘဲရှိတာ တင်ပြီး ၁၀မန်စ်မကြာဘူး တော်တော်လိုက်တင်ကြတယ် ..ဒါကိုငါအသိအမှတ်ပြုတယ် ..ယူပါယူပါမတတ်နိုင်ဘူးလေ ရှယ်ကြတာ ဒါမီဒီယာဘဲလေ ယူတတ်ကြတယ်လို့ နားလည်ထားပါတယ် ကိုလဲသူများဆီက ယူရင်ဖော်ပြပေးရတာဘဲ ခုဗွီဒီယိုက သူ တင်ထားတာက်ုငါကဘဲယူသလိုလို ငါရေးတဲ့စာတွေကိုသတင်းပြန်လုပ်တာကိုထောက်ပြတာ...သေတတ်ရင်လဲသေလို့ ရတယ် ဒီလိုလဲ သစ်ထူးလွင် က သတင်းတင်တဲ့သူတွေ ရဲ့ အဖေအမေတွေက ခိုးစားတတ်အောင်သားသမီးတွေကိုသင်ပြထားလို့ စိတ်ထဲမကောင်းဘူးဖြစ်နေတာပါ..
      • April Maung Maung ဖင်ပြောင် ဘာဘာရန် ဆိုတဲ့ လူကြီး ခင်ဗျာကသခိုးအားပေးဘဲ့..သက်ထူးလွင်က စားေ၇ာ movie ဖိုင်ပါ ကိုထွန်ဝေဆီက ခိုးသွားပြီးသူတင်း လုပ်နေတယ်..ခင်ဗျာသိတဲ့န် Citizen Journalist ၇ှင်ပါအုံး...သခိုးကသခိုဘဲ့..နည်နည်လေး အ၇ှက်မ၇ှိတဲ့သက်ထူးလွင်..ခင်ဗျာလည်းသူတိုနဲ့ တဖွဲတည်းလား
      • April Maung Maung ခင်ဗျာ ပုံးနောက်မှ ကောင်းသေ၇ဲလားသတင်တင်တဲကိုထွန်ဝေ သူတင်တဲ့သတင်းကို တာဝန်မယူ ဘဲတင်တာခင်ဗျာ ဘယ်နှခါတွေဖူးလဲး..ခင်ဗျာက လူတွင်ကြယ်ဝင်လုပ်နေတာလေ..
      • Tun Wai အဲဒီကောင် ကုလားလားမသိဘူး အားနေတယ်တဲ့တူတယ် ၄၂၀ပါ အနားပေးလိုက်မယ်
      • Than Tunaung သူခိုးက လူပြန်ဟစ်တယ်ဆိုတာ အလကားပေါ်လာတဲ.စကားမဟုတ်ဘူး ကိုထွန်းဝေ ကို အားပေးလျှက်ပါ
     

 

No comments:

Post a Comment