Sunday 2 December 2012

မရဲတရဲဖြစ်နေတဲ့ ကျေးရွာသားများကို ရဲရဲကြီး အာမခံကာ ခေါ်ဆောင်ပေးခဲ့တဲ့ ... ကိုနေမျိုးဇင်

ရဲတွေကြားက မရဲတရဲဖြစ်နေတဲ့ ကျေးရွာသားများကို ရဲရဲကြီး အာမခံကာ ဦးဆောင်ပြီး အမေစုကို သွားကြိုကြဖို့ ခေါ်ဆောင်ပေးခဲ့တဲ့ ... ကိုနေမျိုးဇင် (ဗိုလ်ကြီးဟောင်း) — 

ပြစ်မှုဆိုင်ရာကျင့်ထုံးတဲ့လား

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ
ပုဒ်မ ၁၂၇နဲ့ အပိုင်ချုပ်
ကိုင်တုတ်လာတော့..
အဲဒီတည်ဆဲ ဥပဒေထဲမှာ
အေးချမ်းစွာဆန္ဒပြတာကို
ပြစ်မှုလို့ဆိုနိုင်ပါသလား။

ဒီမိုကရေစီနိုင်ငံမှာ အေးချမ်းစွာ
ဆန္ဒမပြရလို့ ဘယ်နိုင်ငံမှမပြဌာန်းပါ။

ရုန်းရင်းဆန်ခတ် အကြမ်းဖက်
လက်နက်ဟုယူဆရတဲ့ ကရိယာပါမှသာ
ပြစ်မှုဆိုတာ အတည်ဖြစ်မှာ…။

လက်ပံတောင်းတောင်ကိစ္စ
သံဃာတော်များက လက်နက်လို့ဆိုရအောင်
အပ်တိုတစ်ချောင်းတောင်မပါ
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ
လူသူအချင်းချင်း ညှင်းပန်းခြင်း ကင်းရှင်းကြပါစေ
မေတ္တာတွေဝေ ပရိတ်သံတွေခြွေခဲ့တာ
ဒါတွေဟာ ပြစ်မှုတွေတဲ့လား…။

သူပြုံးပြရင် ကိုယ်ပြုံးပြမယ်လို့
လုံထိန်းအရာရှိက လူသိရှင်ကြားပြောသွားတော့
သံဃာတော်များမေတ္တာတရားနဲ့ပရိတ်ရွတ်သွားတာကို
မီးလျှံထွက်တဲ့လက်နက်နဲ့ဖြိုခွင်း
လူခပင်းကိုသေတွင်းထဲပို့ချင်တာ
စဉ်းစားပါဗျာ မေတ္တာကိုမေတ္တာနဲ့ငင်
အပြုံးကို အပြုံးနဲ့ ဆင်တာလား…
ကြားသားမိုကြိုး အဖြစ်ရယ်ကဆိုးလှပါကလား။

တက္ကသိုလ်ဘုန်းကြွယ်(ဒီဇင်ဘာ ၁ ၂၀၁ ၂)

No comments:

Post a Comment