Sunday 2 December 2012

88 Generation Students က ကြေငြာချက်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရာတွင် ၈၈ ကျောင်းသားများအဖွဲ့ မှ မည်သူ တဦးတယောက်မျှ ပါဝင်ခြင်းမရှိကြောင်း သိရှိရပါသည်။. ထိုသတင်း MRTV 4 တွင် ပါလာသည်ဟု ကြားသိကြသဖြင့် သူတို့ မပါဝင်ကြကြောင်းကို အသိပေးလိုက်ပါတယ်။ ထိုကိစ္စ အတွက်လည်း ၈၈ အဖွဲ့ မှ မပါဝင်ကြောင်း ပြန်လည်ဖြေရှင်းမည် ဖြစ်ပါသည်။

 မေမျိုး
*********************************************************************** 

88 Generation Students က ကြေငြာချက်
လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
--------------------------------------------------------

စာအမှတ် -
၃၁/ ၂၀၁၂(၈၈)
ရက်စွဲ - ၂၊ ဒီဇင်ဘာ၊ ၂၀၁၂
၂၈၄(က)၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁- ၅၇၇ ၆၅၆
Email - 88generation@gmail.com

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ထု
တ်ပြန်ခဲ့သော လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။

သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒမရှိပါကြောင်း အသိပေးအပ်ပါသည်။

၈၈မျိုးဆက်ကျောင်းသားများ။

No comments:

Post a Comment