Friday, 14 December 2012

အမေရိကန် အနေဖြင့် အာရှ- ပစိဖိတ်ဒေသ တစ်ဝန်းလုံး၌ စစ်သင်္ဘော များနှင့် အမေရိကန် တပ်ဖွဲ့ဝင် ၅ဝ,ဝဝဝ ခန့် ထားရှိ


အမေရိကန် နိုင်ငံ အနေဖြင့် မကြာသေး မီက အာရှ ဒေသသို့ မဟာဗျူဟာ ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော် လည်း အရှေ့ အလယ်ပိုင်း ဒေသတွင် ၎င်းတို့၏ တည်ရှ
ိ နေမှုအား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပန်နက်တာက ဒီဇင်ဘာလ ၁၁ ရက်နေ့ ကူဝိတ် နိုင်ငံသို့ ခရီးစဉ် အတွင်း ပြောကြားခဲ့ ပါသည်။

အမေရိကန် နိုင်ငံသည် အာရှ- ပစိဖိတ် ဒေသတွင် ခေတ်မီ စစ်လက်နက် ပစ္စည်းများ အပါအဝင် ၎င်းတို့၏ စစ်ရေယာဉ် စုအား တပ်ဖြန့် ချထားနိုင်ရေး စီစဉ်ထားကြောင်း၊ ဒုတိယ မြောက် လေယာဉ်တင် သင်္ဘောအား ပြင်ဆင်မှုများ ပြုလုပ်နေစဉ် အတွင်း အရှေ့ အလယ်ပိုင်း ဒေသတွင် လေယာဉ်တင် သင်္ဘော တစ်စီးအား ၂ လကြာ ထားရှိသွားမည် ဖြစ်ကြောင်း လီယွန် ပန်နက်တာက ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံ အနေဖြင့် အာရှ- ပစိဖိတ်ဒေသ တစ်ဝန်းလုံး၌ စစ်သင်္ဘော များနှင့် အမေရိကန် တပ်ဖွဲ့ဝင် ၅ဝ,ဝဝဝ ခန့် ထားရှိပြီး ဖြစ်ကြောင်း ပန်နက်တာက ထပ်လောင်း ပြောကြားခဲ့ပါ သည်။

http://www.myawady.net.mm/allnews/global/item/1707-2012-12-13-11-35-52

No comments:

Post a Comment