Thursday 27 December 2012

နော်ခမ်းနဲ့ ၅ ဦးတို့ရဲ့ အသနားခံစာ တရုတ် တရားရုံးက ပယ်ချ


 တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက မူးယစ်ရာဇာ နော်ခမ်း

လွန်ခဲ့သည့် နှစ်က မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ကျူးလွန်သည်ဟု စွပ်စွဲ၍ သေဒဏ် ချမှတ်ခံထားရသော မြန်မာနိုင်ငံမှ မူးယစ်ရာဇာ နော်ခမ်း အပါအ၀င် ၆ ဦးတို့၏ အသနားခံစာကို ယနေ့တွင် တရုတ်နိုင်ငံ တရားရုံး တခုက ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပယ်ချလိုက် ကြောင်း ဆင်ဟွာ သတင်း တပုဒ်က ဆိုပါတယ်။ 

အဆိုပါ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်ခံရခဲ့မှုနှင့် ပတ်သက်ပြီး ထိုင်းစစ်တပ်မှ စစ်သား ၉ ဦးကိုလည်း ထိုင်းအစိုးရက ဖမ်းဆီထိမ်းသိမ်းထားရာ ၄င်းကိစ္စနှင့်ပတ်သက်၍လည်း  မရှင်းမလင်း ဖြစ်နေပါသေးတယ်။ 

မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသားများ သေဆုံးမှုအတွက် သံသယဖြစ်ခံရသူ ရွှေတြိဂံဒေသ ဂိုဏ်းခေါင်းဆောင် နော်ခမ်း နှင့် တခြား ၅ ယောက်တို့က သူတို့မှာ အပြစ်ရှိတယ်လို့ တရားရုံးမှာ ထွက်ဆိုကြောင်း တရုတ် သတင်းတွေက ရေးသားခဲ့ကြပါတယ်။ 

နော်ခမ်းနဲ့ အပေါင်းအပါများကို တရုတ်နိုင်ငံက စွဲဆိုထားတဲ့ အမှုတွေက လူသတ်မှု၊ မူးယစ်ဆေးကုန်ကူးမှု၊ လူနှင့် သင်္ဘောပြန်ပေးဆွဲမှုတွေနဲ့ ဖြစ်ပါတယ်။ 

အဲဒီအထဲက အကြီးဆုံးအမှုကတော့ လွန်ခဲ့တဲ့နှစ် အောက်တိုဘာ လက ရွှေတြိဂံဒေသ မဲခေါင်မြစ် အတွင်း တရုတ်သင်္ဘော ၂ စီးပေါ်မှ သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံထားရမှု ဖြစ်ပါတယ်။ 

No comments:

Post a Comment