Friday, 21 December 2012

ဌာနေပြည်ကြီးက ဝေးသနှင့်


ဌာနေပြည်ကြီးက ဝေးသနှင့်
*********************
ထားထားမြင့် ( Burma Newselite)

ကျမရှေ့မှာမြင်နေရတဲ့ Wegmans ကုန်တိုက်ကြီးက အလွန်ထယ်ဝါခမ်းနားလှပါသည်။ အမေရိကက ကုန်တိုက်ကြီးတွေဟာ ကြီးမားခမ်းနားတာပုံမှန်ဖြစ်ပေမယ့် ဒီWegmansကုန်တိုက်ကြီးက ကျမသွားနေကြတခြားကုန်တိုက်တွေထက် နှစ်ဆသုံးဆလောက်ကိုကြီးပါသည် ။သစ်သီးရောင်းတဲ့ နေရာကိုဘဲကြည့် ။တခြားSafeway တို့ Target ကုန်တိုက်တွေနဲ့ မတူ။ သစ်သီးတန်းကဘဲ ကုန်တိုက်ခပ်သေးသေးတခုစာရှိပြီး အသီးအနှံတွေကို ခင်းကျင်းထားတာက လှပအနုပညာမြောက်လွန်းလာသည်။

မနက်ကိုးနာရီသာရှိသေးတာမို့  ကုန်တိုက်ထဲမှာတော့ ဈေးဝယ်တွေသိပ်မရှိသေးပါ။ တူညီဝတ်စုံဝတ်ထားတဲ့ ဝန်ထမ်းတွေကဘဲ တနေ့ တာရောင်းချဖို့ ခင်းကျင်းပြင်ဆင်နေကြတုန်းဘဲ၇ှိသေးသည်။ ခရစ္စမတ်နားနီးလာတာမို့  ခရစ္စမတ်ပန်းနီနီရဲရဲတွေက ဈေးကောင်တာတွေမှာ အပြိုင်ရဲရဲတောက်နေသလို ခရစ္စမတ်တေးသံခပ်ဖျော့ ဖျော့ကလည်း ဆောင်းဘောက်တွေကနေ ကုန်တိုက်ထဲမှာပျံ့ လွင့်လာသည်။

" အမ ။ နင်လား ငါတို့ ကို ဘာသာပြန်ပေးမှာ နင်ပဲနော်။ နင့်ကို ပြန်တွေ့ ရတာ တအားဝမ်းသာတယ်သိလား

အနောက်ဘက်က မြန်မာလို စကားပြောသံနဲ့ အတူပြောပြောဆိုဆို ကျမကို ဆိုင်ဝန်ထမ်းဝတ်စုံဝတ်အမျိုးသမီးလေးတဦးက ကျုံးဖက်လိုက်ပါသည်။ အော် သူ့ ကိုကျမမှတိမိသွားပြီ။ အလုပ်အင်တာဗျူးမှာ ကျမစကားပြန်လုပ်ပေးခဲ့ ရတဲ့ တာဟန်းက ချငိးအမျိုးသမီးလေး ။ သူ့ နောက်မှာလည်း ကျမ စကားပြန်လုပ်ပေးခဲ့ရတဲ့  ချင်းအမျိုးသမီးလေးတွေ အားလုံး Wegmans၀န်ထမ်းဝတ်စုံတွေနဲ့ သူတို့ အားလုံးနဲ့ ကျမ အခုမှပြန်ဆုံရတဲ့ ဆွေမျိုးတွေလို မြန်မာလိုတွေ ပြောပြီး အော်ဟစ်နုက်ဆက်ကြတော့  တခြားဝန်ထမ်းတွေက ကျမတို့ ကို ငေးမောကြည့် ရှုနေကြသည်။

ရေစက်လို့ ခေါ်မလား ။အလုပ်ပိတ်ရက်တွေမှာ အချိန်ပိုင်းဘာသာပြန်နဲ့ စကားပြန်အလုပ်ကလေးတွေလုပ်လေ့ ရှိတဲ့ ကျမကို Wegmans သူ့ ဆီမှာရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် အင်တာဗျူးမှာဘာသာပြန်ပေးဖို့ လာခေါ်တော့ ကျမကသိပ်မလုပ်ချင်။ဘာလို့ လဲဆိုတော့ သူတို့ ကုန်တိုက်ရှိတဲ့ နေရာနဲ့ ကျမနေတဲ့ ဝါရှင်တန်ဒီစီကနေ ကားနဲ့ တဖြောင့်တည်း မောင်းရင်တောင် ၂နာရိကျော်လောက်မောင်းရသည်။ဒါပေမဲ့ သူတို့ ကလာသာလာပါ ကားခနဲ့ စားစရိတ်ကအစပေးပါမယ်လို့ ပြောတဲ့ အပြင် စကားပြန်ကြေးကလည်းတနာရီကို ဒေါ်လာ (၇၀) ပေးတာမို့  လုပ်ဖြစ်သွားသည်။ အဲဒိမှာသူတို့ တွေကို ကျမစသိတာပါဘဲ။

မြန်မာစကားပြန်ဆိုပေမယ့် မြန်မာပြည်ဖွားချင်းလူမျိုးတွေအတွက်စကားပြန်လုပ်ပေးရတာပါ။ ချင်းလူမျိုးတွေက တီးတိန်။ဟားခါး။ထန်တလန်။ဇိုမီး ဖလမ်းစပြီး ချင်းဘာသာစကားအမျိုးမျိုပြောပေမယ့် အချင်းချင်းကိုတော့ မြန်မာစကားနှင့်ပြောကြသည်။မြန်မာကျောင်းတွေနေဖူးတာမို့ အများစုက မြန်မာစာနှင့်စကားကို လည်းနားလည်ကြသည်။ ပြီးတော့ ကျမကလည်းချငိးပြည်နယ်နှင့်ထိစပ်နေတဲ့ ကလေးမြို့ မှာနေခဲ့ ဘူးတာမို့ တချို့ ချင်းစကားများနှင့် စိမ်းမနေ ။ပြန်မပြောတတ်သော်လည်း သူတို့ ပြောတာနားလည်သည်။ အဲဒါနဲ့ ဘဲ ပထမအကြိမ်အင်တာဗျူးက စပြီး သူတို့ နှင့်ကျမ အတော်အဆင်ပြေသွားတော့ သူတို့ တွေနဲ့ ပတ်သတ်ပြီးစကားပြန်လိုတိုင်း ကျမကဘဲ သွားလုပ်ပေးရပါသည်။

အင်္ဂလိပ်လို စကားမပြောတတ်နားမလည်တဲ့ သူတို့ တွေ ဒီမေရီလန်းပြည်နယိ Columbia ဆိုတဲ့ မြို့ ကလေးကို ရောက်ခဲ့ ရပုံကတော့ ခရီးကြမ်းပါဘဲ။သူတို့ အများစုက တောင်ပိုင်းမြောက်ပိုင်းချင်းပြည်နယ် မှာ တောင်ယာလုပ်ကိုင်စားသာက်ကြတဲ့ တောင်ပေါ်သားတွေ အရင်စစ်အစိုးရလက်ထက်မှာ တောင်ယာတွေကအလုပ်အကိုင်မကောင်း ပြီးတော့တနှစ်ကလည်းဝါးသီးလို့ ကြွက်တွေပေါ်လာပြီး သီးနှံတွေအကုန်ပျက်စီးကုန်သည်။ သူတို့ တွေအရင်လုပ်ကိုင်လေ့ရှိတဲ့ နယ်စပ်ရောင်းဝယ်ရေးကလည်း ငွေအရင်းအနှီးများများရှိသည့် စီးပွားရေးသမားတွေကို မတိုးနိုင်။ အဲဒိတော့ သူတို့ ခမျာရှိသမျှ လယ်။ကျွဲနွားရောင်းချပြီး ရှိသမျှယောကျာ်းတွေကို မလေးရှားပို့ ပြီး အလုပ်လုပ်စေသည်။ ဒါပေမဲ့ လည်း မလေး၇ှားမှာအလုပ်အကိုင်မရ အဖမ်းခံရသူကအဖမ်းခံရ တဲ့ အပြင် သေဆုံးသူတွေလည်းရှိသညိ။

အဲဒိထဲက ကံကောင်းသူတချို့ကတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ စောင့်ေ၇ှာက်မှုနဲ့ ဒုက္ခသည်တွေအဖြစ်အမေရိကကို ရောက်လာကြတာဘဲဖြစ်သည်။

အမျိုးသားတွေက ဒီရောက်လာတော့ သူတို့ ရဲ့ ဇနီးတွေသားသမီးတွေ ခေါ်ယူခွင့်ရှိတာမို့  မိသားစုတွေပါ ဒီကိုရောက်လာကြခြင်းဖြစ်သည်။တချို့ တွေက မြန်မာပြည်မှာတောင်ရန်ကုန်ကိုမရောက်ဘူးဘဲ တောင်ပေါ်မှာသာနေထိုင်ကြတာမို့  လူနေမှူကွာခြားလှသော အမေရိကကိုရောက်တော့ အစစအရာရာ အဆန်းတကျယ်တွေဖြစ်ကြရသည်။ နောက်တခုက သူတို့ ကအင်္ဂလိပ်စာကောင်းကောင်းမပြောတတ်သေး။ ဒါပေမဲ့ သူတို့ ကရိုးသားတဲ့ တောင်ပေါ်သားတွေ အလုပ်ကိုအပင်ပန်းခံလုပ်နိုင်သည်။ ဒီအတွက် Wegmans လို ကုန်တိုက်ကြီးတွေက အင်္ဂလိပ်လို မပြောတတ်သော်လည်းရိုးသားကြိုးစားတဲ့ သူတို့ တွေကို မျက်စိကြလာကြသည်။

သူတို့ တွေအတွက် ကျမကိုဘာသာပြန်ပေးဖို့ဆက်သွယ်လေ့ ရှိတဲ့ Wegmansက စီမံခန့်ခွဲမှုမန်နေဂျာ ဘော့က ကျမကို အမြဲဒီလိုပြောလေ့ရှိသည်.

"ကျနော်တို့ Wegmanကတော့ အလုပ်လျှောက်လာသူတွေထဲမှာ မြန်မာတွေကိုဦးစားပေးခန့်တယ်ဗျ။ဘာလို့ လဲဆိုတော့အမြဲတမ်းပြုံးနေကြတယ် ၀ယ်တဲ့ သူတွေကို စိတ်ရှည်တယ်။ အလုပ်ဆိုလည်းအပင်ပန်းခံလုပ်နိုင်တယ် တခြားအလုပ်သမားတွေလို ၈၈ျီဂ၈ျာင်လဲ မကျဘူး။"

နောက်ထပ်ချစ်စရာကောင်းတာတခုက အမေရိကမှာနေတဲ့ ချင်းလူမျိုးတွေက စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိသည်။ လူရည်လည်သူ။ပညာတတ်သူတွေက နောက်မှရောက်လာသူတွေကိုဖေးကူသည်။ တင်္န၈နွေနေ့ ဘုရားကျောင်းမှာ အလုပ်မရှိသူတွေကို အင်္ဂလိပ်စာနားလည်သူတွေကို အင်တာနက်ကနေ အလုပ်လျှောက်လွှာတွေဖြည့် ပေးလျှောက်ပေးသည်။ အင်တာဗျူးခေါ်တဲ့ အခါ ကားရှိသူတွေက လိုက်ပို့ ပေးသည်။ တခြားအင်္ဂလိပ်လို လည်လည်ပတ်ပတ်ပြောတတ်မှ ရတတ်တဲ့အလုပ်တွေရောက်ခါစမှ မရနိုင်သေးပေမယ့်  ဟင်းသီးဟင်းရွက်ဖြတ် ဆူရှိလိပ် မိးဖိုချောင်အလုပ်တွေကြတော့ သူတို့ ကကောင်းကောင်းလုပ်နိုင်တဲ့ အပြင် အလုပ်ရှင်တွေကလည်း သဘောကျသည်။

"ငါ ဒီမှာလုပ်တာ တနာရီကို (၁၁)ဒေါ်လာရတယ်။ ငါးရက်လုပ်ရတယ် ကျန်းမာရေားအာမခံလည်းရှိတယ်။.အလုပ်ကလည်းမပင်ပန်းဘူး အမရဲ့ ဟင်းရွက်တွေလှီးတာဘဲ ငါက မြန်မာပြည်မှာတုန်းက တောင်ယာလုပ်လာတာဆိုတော့ အဲသလောက်တော့ အသာလေးဘဲ"

တီးတိန်မြို့ က့ ညောင်လန်းကျိန်က ကျမကို သူ့ အလုပ်အကြောင်းရှင်းပြနေတာပါ။ ညောင်လန်းကျိန်အတွက်တော့ အမေရိကမှာရောက်နေတယ်ဆိုတာ ခုထိအိမ်မက်လိုဖြစ်နေတုန်း။

Wegmans ကဆူရှီဝန်ထမ်းဝတ်စုံလေးတွေဝတ်ထားပြီး ကြိုးကြိုးစားစားအမြဲလုပ်နေကြတဲ့ သူတို့ တွေကို တခါတလေတော့ အမေရိကကပျော်စရာကောင်းတယ်မို့ လားလို့  ကျမမေးကြည့်မိပါသည်။

" ရောက်စတုန်းကတော့ ရုပ်ရှင်ထဲကတိုက်ကြီးတွေအမြင့်ကြီးတွေမြင်ရတော့ ပျော်တာပေါ့။ငါ့ယောကျာ်းကလည်းကားကြီးမောင်းလို့  ဒါပေမဲ့ နော် အားလုံးအလုပ်လုပ်ရတယ် စရိတ်တွေအများကြီးရှိတယ် ကောင်းကောင်းနေ၇ပေမယ့် ငါတို့ မှာကားဖိုးတွေ ပေးစရာရှိတယ်အခွန်ဆိုတာလည်းပေးရတယ်။ မြန်မာပြည်မှာလိုသူငယ်ချင်းတွေနဲ့ ခဏခဏ မတွေ့ နိုင်ဘူး။ အင်္ဂလိပ်လိုမပြောတတ်တော့ ဘာမှလည်း တယောက်တည်းမသွားရဲဘူး။ မြန်မာပြည်က ပျော်စရာပိုကောင်းပါတယ်"

အရာရာတိုင်းမှာ အကောင်းအဆိုးရှိသလို အားနည်းချက်အားသာချကိတွေလည်းရှိပါသည်။ မြန်မာပြည်မှာ မရှိနိုင်တဲ့ လူနေမှူစနစ်က အမေရိကမှာရနိုင်ပေမယ့် မြန်မာပြည်မှာ ရနိုင်ပြီးအမေရိကမှာလည်း မရနိုင်တဲ့ အရာတွေအများကြီးပါ။ ကျင့်သားမရသေးတဲ့ လူနေမှုစနစ်ထဲမှာရုန်းကန်ရင်း အိမ်ကိုပြန်ဖို့ ကတော့ ဝေးနေသေးတယ်လို့ တီးတိန်သူလေးညောင်လန်းကျိန်က ညည်းပြောလေးပြောရှာသည်။

"အလည်ပြန်ချင်တာအမရဲ့ အရမ်းပါဆို ဒါပေမဲ့ အခုလောလောဆယ်တော့မပြန်နိုင်သေးဘူး ပိုက်ဆံကစုရအုန်းမယ် အိမ်ကိုလည်းပို့ ရတယ်ဆိုတော့လေ ရတာကုန်တာဘဲ။ လေယာဉ်လတ်မှတ်ခတွေကလည်း တအားဈေးကြီးတယ်နော် ငါတော့ မပြန်နိုင်သေးပါဘူးအမရယ်".......................

(ဓာတ်ပုံ Wegmans)

No comments:

Post a Comment