Sunday 2 December 2012

အကြမ်းဖက်မှုအားအစိုးရမှ တာဝန်ယူရဲရမယ်ဟု ရွှေည၀ါဆရာတော်မှပြောခဲ့



တန်ဆောင်မုန်းလပြည့်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများအား အကြမ်းဖက်နှိမ်နင်းမှုကို လက်ရှိအစိုးရမှ တာဝန်ယူရမည်ဟု ရွှေည၀ါဆရာတော်က ယနေ့ပြောကြား ခဲ့သည်။

ရွှေ့ည၀ါဆရာတော်သည် ယနေမုံရွာမြို့ ပြည်သူ့ဆးရုံသို့ ရောက်ရှိစဉ် ၌မြန်မာခေတ်သို့  ပြောကြားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်နှိမ်နင်းမှုကြောင့်ဆရာတော် သံဃာတော်များေ ဆးရုံသို့ ဆးဝါကုသရ၍ လာရောက်ခြင်းဖြစ် ကြောင်း သိရသည်။


“အခုဖြစ်တဲ့ဖြစ်စဉ်က မတရားမှုလို့ မြင်တယ်။ ဒါက မဖြစ်သင့်တဲ့ကိစ္စကြီးကို၊ ဒါမျိုးဖြစ်သွားတာက လက်ရှိအစိုးရနဲ့ လက်ရှိတာဝန်ရှိသူတွေက တာဝန်ယူရဲရမယ်။ တာဝန်ကိုယူပေးရမယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ အားလုံးက လိုလားနေကြ တယ်”
ဟု ရွှေညာဝါဆရာတော်က မြန်မာ့ခေတ်သို့ ကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ “ရေပတ်ပတ်ခြင်း ဆရာတော် သံဃာတော်တွေက မေတ္တာ သုတ်ရွတ်နေတယ်၊ ဒုတိယအကြိမ်ရေပါတ်ပြီးတဲ့အခါမှာ ဆရာတော်တွေကို ကျွန်တော်က ဓါက်ပုံဝင်ရိုက်တယ်၊အဲဒီအခါ တုံတုံတုံ ဆိုပြီးတော့ဘေးနားမှာ နို့ဆီဘူးလို အလုံးလေးတွေ ကျွန်တော့ဘေးကို ကြလာတယ်။ မီးလောင်ဗုံးဖြစ်တဲ့အတွက် ဘေးတစ်ခြမ်းရယ် မျက်နှာတစ်ခြမ်း ရယ်ခြေထောက်ထိသွားတယ်။ ပခုက္ကူအလယ်တိုက်က ဆရာတော်က မျက်လုံးထိသွားတယ်။ ဒါပေမယ့် ဘာမှမဖြစ်ဘူးဆိုဘူးဆိုပြီး တဲထဲဝင်သွားတယ်။ မေတ္တာသုတ် ဆက်ရွတ်တယ်၊”သပိတ်စခန်းအဖြစ်အပျက်များအား လက်တွေ့ကြုံတွေ့ခဲ့ရသူ ဦးကျော်စွာ ကပြောကြားသည်။

မြန်မာ့ခေတ်


 ရန်ကုန်ရွှေညဝါ ဆရာတော် မုံရွာရောက်ရှိလာပြီ သံဃာတော်များနှင့်တွေ့ဆုံပြီးမျက်ရည်များကျနေပါသည်။ သင်ကော ဘယ်လိုခံစားရမလဲ ဟိုလူတွေကိုကျတော့ ကြောက်တယ်လို့ပါးစပ်ကနေ တော့ ပြော တတ်သားပဲ...သူတို့ကို ကျွှေးနေတဲ့ ပြည်သူတွေကို ကျတော့ မကြောက်ဖူးပေါ့..သံဃာဆိုတာအမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်တော်မူကြရမယ်။
သံဃာတော် အရှင်မြတ်တို့အား ရိုသေမြတ်နိုး လက်အုပ်မိုး၍
ရှိခိုးကန်တော့ရမယ်။

တန်ဆောင်မုန်းမှာ အမှောင်ဖုံးအောင်မလုပ်ဖို့ 
.......ဒီသောက်ကျင့်တွေကို ဖျောက်ပစ်ဖို့ အထူးလိုအပ်ပါတယ်၊
လုပ်ချ

င်တိုင်းလုပ်ပီး ဒီလို ဇာတ်မြှုပ်လာခဲ့ကြတာလဲ နှစ်ပေါင်း မနည်းတော့ပါဘူး၊ သောက် ရှက် မ ရှိ တဲ့ နေ ခြင်း ဆိုး တွေ တန်ဆောင်မုန်းလပြည့်ရောက်တိုင်းလူတွေဒေါသတော့ မသိဘူးဗျို့ ငရဲမင်းကတော့ ဘယ်သူဘယ်ငရဲခန်းမှာကျမယ်ဆိုတာကိုမှတ်ယူသွားလိုက်ပြီဆိုတာသူတို့ မသိကျသေးတာသနားစရာအတော်ကောင်းနေပြီ.....လူတွေလူတွေလောဘ၊ဒေါသ၊မောဟနဲ့ ပရိဒေ၀မီးတွေတောက်လောက်နေကျတယ်.ဒင်းတို့တစ်တွေရဲ့ အမာရွတ်ဟာကြေးနီတောင်က သွေးနီတောင်အဖြစ်နာကျည်းစရာအဖြစ် တည်ရစ်နေမှာပါ သေချာပါတယ် ။
ကိုထွန်းဝေ
1.12.2012

No comments:

Post a Comment