ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်မှ ပြည်ထောင်စု အမျိုးသမီး ဒေါ်ဒေါ်တင် (ရမည်းသင်း)ထံပေးစာတစ်စောင်ပါသာဓုခေါ်ဖွယ်ကျေးဇူးတရားသိတတ်မူ
“နံနက်ခြံထဲဆင်းတိုင်းပန်းပင်များကိုမြင်လျှင်
ပို့ ပေးသောပုဂ္ဂိုလ်များကိုကျေးဇူးတင်မေတ္တာပို့ ပါသည်။
အောင်ဆန်းဦးနှင့်အောင်ဆန်းစုကြည်တို့ ကျန်းမာကြပါ
သည်။အမျိုးသမီးအဖွဲ့ အတွက်ဒေါ်ဒေါ်ရှေ့ ဆောင်၍တိုးတက်
ရန်ဆောင်ရွက်နေလိမ့်မည်ဟုမျှော်လင့်ပါသည်။
မေတ္တာများစွာနှင့်ကျေးဇူးတင်လျှက်
ခင်ကြည်”
ကျွန်တော်တို့ AsianFameMediaGroupကLivingမဂ္ဂဇင်း
တာဝန်ခံအယ်ဒီတာညီမငယ်လေးနွေးနွေး(နွေးနွေးစစ်အောင်)
ရဲ့ မိတ်ဆွေထံမှအလွန်အင်မတန်သမိုင်းတန်ဖိုးကြီးမားသည်ဟု
ကျွန်တော်ယုံကြည်သည့်စာတစ်စောင်ကိုဖတ်လိုက်ရသည်။
ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်မှ ပြည်ထောင်စု အမျိုးသမီး
ဒေါ်ဒေါ်တင်(ရမည်းသင်း)ထံပေးစာတစ်စောင်ဖြစ်ပြီးထိုစာပါ
အကြောင်းအရာတွေထဲထိုခေတ်ကာလအမျိုးသမီးအဖွဲ့ များ
ကလည်းတိုင်းကျိုးပြည်ကျိုးအတွက်တစ်တပ်တစ်အားထမ်းရွက်
လုပ်ဆောင်နေပုံကိုအရိပ်အမြွက်မှသိလိုက်ရသလိုဗိုလ်ချုပ်
ကတော်ဒေါ်ခင်ကြည်အနေနှင့်လည်းအချိန်နှင့်အမျှခရီးတွေ
ထွက်ရင်းလူထုနှင့်တစ်သားထဲနေထိုင်ကာပြည်သူတို့ ၏ဘဝ
ကိုမျက်ခြေမပျက်သိမြင်သုံးသပ်နေကြောင်းသိလိုက်ရ၏။
ထိုနည်းတူဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်ကိုယ်တိုင်မည်သို့ 
သောလူနေမူပုံစံဖြင့်ပြုမူနေထိုင်ကြောင်းသာမကမိသားစု
ပုံရိပ်တစ်စိတ်တစ်ပိုင်းနှင့်လူထုအပေါ်ထားသည့်စိတ်သဘော
ထားစံပြုဖွယ်ရာကျေးဇူးတရားသိတက်မူတို့ ကိုပါစာကြောင်း
ရေအနည်းငယ်မျှမှာပေါ်ပေါ်လွင်လွင်ရှိနေစေသည်ကိုဖတ်ရူ
မြင်တွေ့ ရ၍အလွန်အင်မတန်သမိုင်းတန်ဖိုးကြီးမားသည်ဟု
ကျွန်တော်ယုံကြည်သည့်စာတစ်စောင်ဟုညွှန်ဆိုခြင်းဖြစ်ပါ၏။
ကျွန်တော်အပိုဆိုခြင်းဟုတ်မဟုတ်ကိုမိတ်ဆွေများ
ခံစားဖတ်ရူကြည့်လိုပါလျှင်.....။
***************
ခင်မင်လှစွာသောဒေါ်ဒေါ်
ထံအားဖြင့်အစီရင်ခံပါသည်။
ရန်ကုန်ရောက်လျှင်ရောက်ခြင်းစာရေးရန်စိတ်ရှိပါသော်လည်း
အလုပ်အလွန်များပါသဖြင့် ယ္ခုဒေါ်ဒေါ်ထံသို့ ဝါးခယ်မအသွား
သဘောင်္ပေါ်ကနေ၍ရေးပို့ ပေးပါသည်။ယနေ့ နံနက်ရန်ကုန်မှ
ထွက်၍မြစ်ဝကျွန်းပေါ်တွင်တစ်ပတ်မျှကြာပါမည်။ရမည်းသင်း
တွင်ခေတ္တနေစဉ်ဒေါ်ဒေါ်နှင့်တွေ့ ဆုံရသည်ကိုလည်းကောင်း
မေတ္တာနှင့်ကျွေးမွေးသောညစာသည်ခရီးပန်းစဉ်သုံးဆောင်
ရသည်ကိုများစွာကျေးဇူးတင်လျှက်ရှိပါသည်။ ဒေါ်ဒေါ်ပေးပို့ 
သောပန်းပင်များနှင့်တကွစားဖွယ်သစ်သီးစုံအတွက်များစွာ
ကျေးဇူးတင်ပါသည်။ပန်းပင်များလည်းကောင်းမွန်စွာပေါက်
နေပါသည်။နံနက်ခြံထဲဆင်းတိုင်းပန်းပင်များကိုမြင်လျှင်

ခင်ကြည်
ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်
၅၄-၅၆ယူနီဗာစတီရိပ်သာ၊ရန်ကုန်။
***************
ဟုတ်ကဲ့ ....ကျွန်တော်အပိုဆိုခြင်းဟုတ်မဟုတ်နဲ့ ဤစာထဲမှ
ကျွန်တော်မမြင်မတွေ့ ခဲ့ပါသောအဖိုးတန်အကြောင်းအချက်များကိုကွန်မန့် ရေး
ကာအဖွားတို့ ကျေးဇူးကိုတစ်ပိုင်တစ်နိုင်ဆပ်ကြပါစိုလားမိတ်ဆွေခင်ဗျာ....။
ကိုမျိုး(မြန်မာစာ)

No comments:
Post a Comment