ကျော်မြတ်ဇံ
လက်ပံတောင်းတောင်အရေး နှင့်ပတ်သက်၍ ရဟန်းသံဃာတော် များ လမ်းပေါ်ထွက်၍ အရေးဆိုမှု များမပြု လုပ်ရန် သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိသာရက မိန့်ကြားလိုက်သည်။
သီတဂူဆရာတော် အရှင်ဉာဏိ သာရကမန္တလေးမ စိုးရိမ်တိုက်သစ်
ဆရာတော်အရှင်ဝီရသူအား ဒီဇင်ဘာ ၁၄ရက်က မြောက်ဒဂုံရှိ သီတဂူဆရာ
တော်၏ကျောင်းတွင် လက်ခံတွေ့ဆုံစဉ် ယခုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ် သည်။
သီတဂူဆရာတော်ကြီး နှင့် မစိုးရိမ်ဆရာတော် ဦးဝီရသူ တို့တွေဆုံပွဲတွင်ပြောကြားလိုက်ပြီ။
သီတဂူဆရာတော်ကြီးက ကိုယ်တော်တို့လမ်းပေါ်ထွက်တာတွေလျော့ကြ။
ထစ်ခနဲဆို လမ်းပေါ်ထွက်မည့်အစား သံဃာတော် ထောင်ချီပါဝင်တဲ့ သံဃာအစည်းအဝေး ပွဲကြီး ဖြစ်အောင်လုပ်ကြ။ ပြီးတေ
Yangon Media Group
သီတဂူဆရာတော်ကြီးက ကိုယ်တော်တို့လမ်းပေါ်ထွက်တာတွေလျော့ကြ။
ထစ်ခနဲဆို လမ်းပေါ်ထွက်မည့်အစား သံဃာတော် ထောင်ချီပါဝင်တဲ့ သံဃာအစည်းအဝေး ပွဲကြီး ဖြစ်အောင်လုပ်ကြ။ ပြီးတေ
ာ့
အစည်းအဝေးပွဲဆုံးဖြတ်ချက်တွေကို သံဃာထောင်ချီ လက်မှတ်ထိုးပြီး သမ္မတဆီ
တင်ကြလို့ မိန့်ကြားလိုက်ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတာဟာ တိုင်းပြည်ရဲ့
အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေပြီး ဆူပူ အကြမ်းဖက်မှုများ အထိဖြစ်
လာနိုင်ကြောင်း။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး
ကော်မတီကို ကူညီကြပါ။ ဝန်းရံကြပါ။ ယုံကြည်ကြပါ ။ အဖြေတစ်ခုထွက်သည်အထိ
သည်းခံ စိတ်ရှည် စောင့်ဆိုင်းပေးကြပါလို့ ပြည်သူလူထုတရပ်လုံးကို
မိန့်ကြားလိုက်ပါတယ်။
Yangon Media Group
No comments:
Post a Comment