ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့အရှင်ဆန္ဒာဓိက ကျပ်သိန်း၁၂၀လှူဒါန်း
ပြည့်ကျက်သရေ
တက်နေမှာထွန်းတောက်
မျိုးဂုဏ်မောက်တဲ့ဒို့အမေ
သက်တော်ရာကျော်ရှည်ပါစေ။
အလှူရေစက် ကတချက်ချက်
ဆရာတော်ဘုရား၏ဒီရေစက်
သာသနာသမိုင်းမှာ မှတ်တမ်းဝင်
အမိမြေကိုကန်တော့ပန်းဆင်
ဖောင်ဒေးရှင်းလိုလေ မှာဝဲ
မေတ္တပန်းများပွင့်နေဆဲ။
ဖက်ရှင်အမျိုးမျိုးနဲ့ ထောပနာပြု
ပြည်သူ့ တွေရဲ့ မေမေစု
နှလုံးသားလှတဲ့ဒီအမေ
တိုင်းပြည်အရေးရှာကြံနေ
ပြည်သူတွေက တကယ်အားထား
ရွှေပြည်တော်မှရတနာတပါး.။
အလှူသတင်းတက်လာတယ်
ကဗျာလေးရေးလို့ စာညွှန်းတယ်
လုထုကြီးကမေတ္တာထား
ဒီကမ္ဘာကြီးမှာ စံ တင်ထား
အေးချမ်းမှုနဲ့ တိုင်းပြည်တည်
ပန်လိုလန်းနေသည်
ရွှေပြည်တော်အတွက်
အမြဲဆောင်ရွက်
သာသနာကြီးကိုဦးခိုက်လျက်…။
ဆရာတော်ဘုရားအရှင်ဆန္ဒာဓိက နှင့်ဒေါ်အောင်ဆန်းစုကြည်အား
ခြေအစုံကို နဖူးတိုက်လို့ ဦးခိုက် ကန်တော့လိုက်ပါတယ်။
ကိုထွန်းဝေ
14..12.2012
သောကြာနေ့ 
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့အရှင်ဆန္ဒာဓိက ကျပ်သိန်း၁၂၀လှူဒါန်း (4 photos)
၁၂ သုံးလုံးအထိမ်းအမှတ်အလှူအဖြစ် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ကဒေါ်အောင်ဆန်းစုကြည်တည်ထောင်ထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ကျပ်သိန်း ၁၂၀ ကို ၁၂ - ၁၂-၂၀၁၂ နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
popular myanmar news Journal

No comments:
Post a Comment