Tuesday 11 December 2012

အဖွဲ့ချုပ်ဥက္ကဌကော့မှူးမြို့နယ်သွားရောက်

 

အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခု၊ဒီဇင်ဘာလ(၁၁)ရက် နံနက်(၉) နာရီကကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ရောက် ရှိကာ တာဝန်

ရှိသူများနှင့်တွေ့ ဆုံကာဒေသတွင်း ဖွံ့ဖြိုး
မှုလုပ်ငန်းများဆောင်ရွက် ထားခြင်းအခြေ အနေများ ကိုဆွေးနွေးခဲ့သည်။ထို့နောက်လမ်း၊တံတားတည်ဆောက်မှု အခြေအနေများကို လိုက်လံကြည့်ရှု့ပြီး ၊ဒေသခံပြည်သူများနှင့် တွေ့ဆုံစကားပြောခဲ့သည်။ ဆက်လက်ပြီး ၀ါးဘလောက်သောက်ကျေးရွာကို သွားရောက်ကာဈေးရှေ့ လမ်းခင်းမှုအခြေအနေ၊ တိုက်နယ်ဆေးရုံး အခြေအနေ၊ စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်း ပညာရေးသင်ကြားမှု အခြေအနေများကိုလည်း သွားရောက်မေးမြန်းဆွေးနွေးခဲ့သည်။
National Leade For Democrazy



No comments:

Post a Comment