Wednesday 21 November 2012

ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS သံတမန်ခန့်အပ်


 လွှတ်တော် တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ 
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂရဲ့ သံတမန် တဦးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ကုလ အေဂျင်စီက အင်္ဂါနေ့က ပြောလိုက်ပါတယ်။ 

အဲဒီလို သံတမန်အနေနဲ့ အဆိုပါ ရောဂါခံစားနေရတဲ့ လူတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေပပျောက် 
ရေး ဆောင်ရွက်ရမယ့် အလုပ်တာဝန် ထမ်းဆောင်ရမှာဖြစ်တယ်လို့ ရေဒီယို သြစတြေးလျ သတင်း တပုဒ်က ဆိုပါတယ်။

 ဒီကိစ္စနဲ့ပတ်သက်ပြီး နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို နေ့စဉ် ထိမ်းသိမ်းရင် အံတုဖို့အတွက် ဒါက လူ့အဖွဲ့အစည်းအတွက် ချန်ပီယံတယောက် လို ရွေးချယ်ပြီး မြင့်မြတ်တဲ့ ဂုဏ်ပြုမှု တခုဖြစ်တယ်လို့ ကြေညာချက်မှာ ဆိုပါတယ်။ 

“ကျမက အသံမဲ့နေမှုရဲ့ အသံဖြစ်လိုပါတယ်” လို့ သူက ဆိုပါတယ်။ 

 UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibe က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်ပေးမှုကို လက်ခံခဲ့တာက လည်း အေဂျင်စီကို ဂုဏ်ပြုခဲ့တာပါလို့ ပြောပါတယ်။ 

 “မြို့ငယ်၊ ရွာငယ်တွေမှသည် မြို့ကြီးပြကြီးတွေအထိ၊ အာဖရိကတိုက်မှသည် အာရှတိုက်ထိ လူတွေ က ဒေါ်အောင်ဆန်းစုကြည် အကြောင်းပဲ ပြောနေကြတယ်။ သူ့ကို လေးစားကြတယ်” လို့ သူက ဆက်ပြော ပါတယ်။ 

ကုလသမဂ္ဂရဲ့ Global Advocate for Zero Discrimination အစီအစဉ်အတွက် နာမည်တင်သွင်း ခံထားရ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆိုပါကိစ္စနဲ့ပတ်သက်တဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်မှာလည်း 
ဖြစ်တယ်လို့ အေဂျင်စီက ပြောပါတယ်။ 

No comments:

Post a Comment