Thursday 15 November 2012

ဝတ်မှုန်ကို ကမ္ဘာလောကထဲက ခြွေချခဲ့တဲ့ မရဏမင်းဟာ မတရားဘူး



ရောင်စဉ် ခုနှစ်သွယ် ဆေးသားပျက်ပြယ်နေတဲ့ အနက်ရောင်နံနက်ခင်း
ကြိုးကြာင်္သများ တိတ်ဆိတ်နေစဲ ဆွတ်ပျံ့ ကြေကွဲခြင်းဝေဒနာတောထဲ
မိုင်ထောင်ချီဝေးကာ မျက်သွယ်လို ပုလဲမျက်ရည်တွေ နှလုံးသားမှာ ကျဆင်းနေတယ်..။

မဟာဆန်သူမရှိပဲ တစ်ယောက်ထဲ မမြင်မကမ်း
စောင်းကြိုးရှိုက်သံ တွေနဲ့  အနာဂတ် ခရီးလမ်း
မြင်သူတိုင်းက ၀ိုင်းကြည့်ကျမဲ့ ၀ိုင်းလိ
ု အရူးမီးဝိုင်း ပြုပြင်ပြောင်းလဲရေး
မြက်ခင်းစိမ်းနဲ့ တဲငယ်လေးမှာလည်း ဒုက္ခသည်တွေပြည့်နေပြီ..။



ဆည်းလည်းလှိုက်သံ တွေ ငလျင်လှုပ်သံနဲ့ ဖုံးလွှမ်း
လေးညှို့ရှင်ဟာ ကံကြာမ္မာမွဲကာ အလွမ်းအဆွေးများနဲ့ လွှမ်းခြုံ
ဝတ်မှုန်ကို ကမ္ဘာလောကထဲက ခြွေချခဲ့တဲ့ မရဏမင်းဟာ မတရားဘူး ..။

နက္ခတ်ပွဲသဘင် ဆင်ယဉ်မယ်လို့ အတွေးတံတားတွေ ကျိုးကျ
စောင့်လို့ တော့နေရစ်ဦးလို့  မပြောဖြစ်ခဲ့တဲ့ မြစ်လို
ရတနာသူမှာ အပူရုပ်ကို ဟန်မလုပ်နိုင်တော့ဘူး
အကျင့်ပျက်သူတွေနဲ့ အဝေးမှာ ငြိမ်းချမ်းစွာ ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ .........။

အောင်ခိုင်မြင့်
၁၅ နိုဝင်လာ ၂၀၁၂

အနုပညာ ကြယ်တစ်ပွင့် ကြွေလွင့်သွားခြင်းအတွက် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်..ကျနော်တို့ မျိုးဆက်တွေအတွက် ကြိုးကြာသံလို အားမာန်သီချင်းတွေကို သီကျူးခဲ့သလို ဝေးခဲ့ပြီ ပန်းခရမ်းပြာလို အလွမ်းတွေကို ထာဝရထားခဲ့တဲ့ကိုတိုးကြီးထာဝရ ငြိမ်းချမ်းရာ ဘုံထက် ကောင်းရာသုဂတိလားပါစေ..

No comments:

Post a Comment