Thursday 8 November 2012

ဘင်္ဂလား-ရိုဟင်ဂျာ လှေတစင်း နယ်စပ်ပင်လယ်ပြင်တွင် တိမ်းမှောက်နစ်မြုပ်



မလေးရှားနိုင်ငံသို့ဦးတည်ခုတ်မောင်းနေသောဘင်္ဂလားရိုဟင်ဂျာ(၇၀)ကျော် တင်ဆောင်လာသည့် စက်လှေငယ်တစင်းသည် ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်း တနေရာတွင် ဝန်နှင့်လှေမမျှပဲ ဗုဒ္ဒဟူးနေ့တွင်တိမ်းမှောက်ခဲ့ရာ လူ(၅၀) ခန့် ရေနစ်မြုပ်ပျောက်ဆုံးနေပြီး ကျန်(၂၃)ဦးကိုမူ ဘင်္ဂလားဒက်ခ်ျ ကမ်းခြေ .စောင့်တပ်က ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစက်လှေပေါ် လိုက်ပါလာ
သူများသည် မလေးရှားနိုင်ငံသို့ တရားမ၀င် ခိုးဝင်ပြီး အလုပ်အကိုင်ရှာဖွေရန် သွားရောက်သူများဖြစ်သည်။ လှေတွင် လိုက်ပါသူအများစုမှာ ရိုဟင်ဂျာမူဆလင်များ ဖြစ်သည်ဟုဆိုသည်။ စက်လှေ တိမ်းမှောက်ခဲ့ချိန်မှစ၍ ပျောက်ဆုံးနေသောအလောင်းများကိုအခုချိန်ထိ ပြန်လည်ရှာဖွေနိုင်ခြင်း မရှိသေးကြောင်း ဘင်္ဂလားဒက်ခ်ျ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ ဒုဗိုလ်မှူးကြီး Zahid Hossain က အတည်ပြု ပြောကြားသည်။

လှေနစ်မြုပ်ပြီးနောက် အလောင်းတချို့ Teknaf တက်ခ်နပ်ဖ်မြစ်ထဲမျောနေ သည်ကို၎င်းတို့မြင်တွေ့ခဲ့သည်ဟုအသက်ရှင်ကျန်ရစ်သူများက ပြန်လည်ပြော ဆိုကြောင်း ဒုဗိုလ်မှူးကြီး Zahid Hossainက ထပ်လောင်းပြောကြား သည်။ လှေ နစ်မြုပ်သည့်နေရာသည် ဒါကာမြို့တော်၏တောင်ဖက်မိုင်(၂၀၀) ခန့်အကွာတွင်ဖြစ်သည်။

http://www.cbsnews.com/8301-202_162-57546243/boat-carrying-migrants-from-burma-sinks-off-bangladesh-coast/
 
သတင်း   Blue Cat 

No comments:

Post a Comment